Advertisement

စီးလာတဲ့​လေယာဉ်​​ကမြေ​ပေါ်ကို ဆင်းသက်​ပြီး ၁၀မိနစ်​အကြာမှာ​တော့ မြန်​မာနိုင်​ငံက လူ​တွေသိပ်​မလည်​ပတ်​ဖြစ်​တဲ့ မြစ်​ကြီးနား မြို့ကိုသွားဖို့ ​လေဆိပ်​အပြင်​က Taxi နဲ့ စပြီးထွက်​ခဲ့ပါတယ်​။ အ​စောပိုင်းတုန်းက ​လေယာဉ်​​ပေါ်မှာ ​တွေ့ခဲ့ရသလို စိမ်းစို​နေတဲ့ စပါးစိုက်​ခင်း​တွေရဲ့ ​ဘေးတစ်​​လျှောက်​က​နေ ကားစီး ခဲ့ကြပါတယ်​။ ​လေးနာရီကြာ​မောင်းရတဲ့ ခရီးတစ်​​လျှောက်​ရဲ့ ​နောက်​ပိုင်း မိနစ်​​လေးဆယ်​​လောက်​မှာ​တော့ ဟိုပင်​မြို့ကို ​ရောက်​ပါပြီ။ ​တောင်​ကုန်း​တောင်​တန်း​တွေ ​တောင်​ကြား​တွေ​ပေါ်မှာ ကားစီး​နေရင်းနဲ့ ​အောက်​ကို လှမ်းကြည့်​လိုက်​ရင်​ စိမ်းလန်းစိုပြည်​ ​နေတဲ့ ​ရေပြင်​ကျယ်​ကြီးကို​တွေ့ရမှာပါ။ ဒါက​တော့ မြန်​မာနိုင်​ငံ က အကြီးဆုံး အင်း​တော်​ကြီးအိုင်​ပဲ ဖြစ်​ပါတယ်​။

နောက်​၂ရက်​​နေရင်​ ကျ​ရောက်​မယ့်​ လပြည့်​​နေမှာ​တော့ အရမ်းကိုထူးခြားတဲ့ ဖြစ်ရပ်​​တွေနဲ့ ​တွေ့ကြုံရတော့မှာပါ။ ​ဒီ​တောင်​ကြီးကို ကြည်​လင်​​နေတဲ့​ရေ​တွေက ၀န်းရံထားတာကလဲ တကယ့်​ဆန်းကြယ်​မှုတစ်​ခုပါ။ ဒီ​နေရာမှာ ကချင်​နဲ့ရှမ်းအစားအစာ​တွေ လက်​လက်​ဆက်​ဆက်​ ကိုယ့်​​​နေရာလို ရနိုင်​တာကလည်း ထူးခြားမှု တစ်​ခုပါပဲ။
ဒါ့ပြင်​ boat trips တို့ စက်​ဘီးတာတို့လဲ လုပ်​နိုင်ပါ​သေးတယ်​။

ဒီအိုင်​ရဲ့ ကမ်း​ပေါ်ကိုစ​ရောက်​ကတည်းက အရမ်းကိုစိတ်​လှုပ်​ရှားဖို့​ကောင်း​နေပါတယ်​။ ကမ်း​ပေါ်ကိုစပြီး ​ရောက်​​ရောက်​ချင်း ပညာရေး စင်တာ တစ်​ခုရဲ့ ဖွင့်​ပွဲနဲ့လဲ တိုးခဲ့ပါ​သေးတယ်​။ ကျွန်​​တော်​တို့ ပထမဆုံးစပြီး လုပ်​ဖြစ်​ခဲ့တာက​တော့ လုံးတုံ က တည်းခိုခန်း ကို ​ရောက်​​ရောက်​ချင်း အိတ်​​တွေကို ပစ်​ချလိုက်​တာပါ။ ဒီရွာဟာဆိုရင်​ လာလည်သူ ​တွေတွက်​ တည်းခိုဖို့ ခွင့်​ပြုထားတဲ့ တစ်​ခုထဲ​သောရွာပါ။

ရိုးရိုးတည်းခိုခန်း​လေး တစ်​ခုပဲဖြစ်​ပြီး အခန်း၎ခန်းရှိပါတယ်​။ တစ်​ခန်းမှာ ပန်​ကာတစ်​လုံး၊ မီးအိမ်​တစ်​လုံးနဲ့ စားပွဲတစ်​လုံးစီရှိပါတယ်​။ ဧည့်ကြိုနေရာ နားမှာ လူတချို့​တွေ စာဖတ်​​နေကြတဲ့ စာကြည့်​တိုက်​ပုံစံ ​လေးလည်းေ​တွ့ရပါတယ်​။ သစ်​သားနဲ့လုပ်​ထားတဲ့ ခြံစည်းရိုး ရဲ့ အပြင်​ဘက်​မှာ​တော့ အိမ်သာ ထိကို ​ရေအိုင်​ရဲ့ ကမ်းစပ်​​ပေါ်က​နေပြီး တံတား​ဆောက်​ထားပါတယ်​။ တံတားတစ်​ခုလုံးအ​ပေါ်မှာ​တော့ သရက်​ပင်​​ရဲ့ အရွက်​​တွေ​ကြောင့်​ အရိပ်​ရပြီး ​အေး​အေး​လေးဖြစ်​​နေပါတယ်​။

နန်းမွန်​မြို့က​နေ ၁၀မိနစ်​​လောက်​ ကားစီးလိုက်​ရင်​ ကိုယ်​တိုင်​ ရက်​ထားတဲ့ လုံချည်​​တွေကိုပဲ ​ရောင်းတဲ့ ဆိုင်​​လေးတစ်​ဆိုင်​ရှိပါတယ်​။ ပိုင်​ရှင်​ မမာလာ​အောင်​က ၂၀၁၇တုန်းက ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ရက်ကန်း ပြိုင်​ပွဲမှာ ဆုရခဲ့တဲ့သူပါ။ အဲ့ဒ်ီပွဲမှာ မြန်​မာ့​ငွေဒင်္ဂါး​လေး​တွေနဲ့ အလှဆင်​ထားတဲ့ ပုဆိုးကို ရက်​လုပ်​ခဲ့တာပါ။ ဒီဆိုင်​မှာ မိန်းက​လေး၉​ယောက်​နဲ့ ​ယောကျာ်း​လေး ၄​​ယောက်​က မြစ်​ကြီးနားက လာတဲ့ ချည်​နဲ့ လုံချည်​​တွေနဲ့ ပုဆိုး ​တွေကို ရက်​လုပ်​ပါတယ်​။ ​ဈေးနှုန်းက ၆ထောင်က​နေ ၁သောင်း၃ထောင် ကြားရှိပြီး ရန်​ကုန်​ မန္တ​လေး နဲ့ ​နေပြည်​​တော်​ဘက်​ကလဲ ​အော်​ဒါ​တွေ မှာ​လေ့ရှိပါတယ်​တဲ့။


နေ၀င်​ခါနီး အချိန်​မှာ​တော့ ပုစွန်​ဖမ်းသမား​တွေဟာ သူတို့ရဲ့​လှေ​လေး​တွေနဲ့ အိုင်​ထဲမှာ ​ထောင်​​ချောက်​ချပြီး ပုစွန်​ဖမ်းကြပါတယ်​။ ပုစွန်​စာကို​တော့ ပဲ​စေ့ကို အသုံးပြုကြပါတယ်​။ တစ်​ချို့လူ​တွေဆို ဧည့်သည် ​တွေကို​တောင်​ စမ်းလုပ်​ကြည့်​​ခွင့်​​ပေးပါတယ်​တဲ့။ေ​နာက်တစ်ရက်​​​မှာ​တော့ ကျွန်​​တော်​တို့က ​လှေကြီးကြီးတစ်​စင်းကို ၅သောင်းနဲ့ ငှါးပြီး လုံးတုံ က​နေ ထွက်​လာခဲ့ပါတယ်​။ စက်​​လှေ​မောင်းသမား​လေးက ​ရွှေမြဉ္ဇူ ဘုရားကို လဲ ပို့​ပေးပါတယ်​။ ဘုရားက​နေအပြန်​လမ်းတ​လျောက်​လုံး​ရေ​ဆော့ပြီး ပြန်​ခဲ့ကြပါတယ်​။

ဟယ်ပါ ရွာကိုငါးဖမ်းဖို့သွားတဲ့ လမ်း​တလျှောက်​မှာဆိုရင်​ အိုင်​ကြီးဟာ တိတ်​ဆိတ်​​နေပါတယ်​။ ​ရေပြင်​ကလဲ အရမ်းကို​ကျယ်​ပါတယ်​။ အရင်​တုန်းက တိရိစ္ဆာန်​ ​တွေနဲ့ အန္တရာယ်​ရှိတဲ့ အ​ကောင်​​တွေ​ကြောင့်​ တစ်​​နေရာက ​တစ်​​နေရာ သွားရတာ အရမ်းကိုခက်​ခဲ ခဲ့ပါတယ်​တဲ့။အရင်​က ကျား​တွေလဲ ရှိလို့ ခရီးမထွက်​ရဲ​လောက်​​အောင်​ကို ​ကြောက်​ဖို့​ကောင်းတယ်​လို့ ​ဒေသခံ​တွေက​ပြောကြပါတယ်​။

ဟယ်ပါ ရွာက လူအများစုက မန္တ​လေးနားက မြို့​တွေက​နေ ​၁၉၇၀ေ​လာက်က​ ပြောင်း​ရွှေ့လာခဲ့ကြတာဖြစ်​ပါတယ်​။ ပြီး​တော့ ဒီရွာမှာ ​လှေ​လုပ်​တဲ့ပွဲကိုလဲ ကျင်းပ​လေ့ရှိပါတယ်​။
ကျွန်​​တော်​တို့ ဒီခရီးစဉ်​မှာ ​​​ရေ၂ခါကူးခဲ့ပါတယ်​။ ပထမအ​ခေါက်​က ​ကျောက်​တုံး​တွေ​ပေါ်မှာတည်​ထားတဲ့​ စေတီ​လေးနားမှာပါ။ ဒီဘုရားမှာဆိုလှိုင်​ဂူရှိပြီး ​အောက်​ဘက်​ ၁၅၀ ကီလိုမီတာ​လောက်​မှာ အင်းတော် ရှိပါတယ်လို့ ​ဒေသခံ​တွေက ​ပြော​ပါတယ်​။ ပြီး​တော့ ဒီဘုရားကို သွားဖို့ကလဲ ​တော်​​တော်​​လေး ဘုန်းတန်​ခိုးရှိတဲ့သူက ​နတ်နဂါးကိုစီးပြီးဝင်​ရတယ်​လို့လဲ သိရပါတယ်​။

ကျွန်​​တော့ သူငယ်​ချင်းက ကျွန်​တော့ကို ​​NGO Fauna & Flora International (FFI) နဲ့ အင်းချစ်သူ တို့က​ပေါင်းပြီး ဖွင့်​လှစ်​ထားတဲ့ Indawgyi Wetland Education Centre အသစ်​ကို​ခေါ်သွားပါတယ်​။ စက်​ဘီး​တွေ လှေ ​တွေကိုငှါး​ပေးပြီး​တော့ ခရီးစဉ်​​တွေကိုလဲ စီစဉ်​​ပေးပါတယ်။ ရရှိတဲ့ အကျိုးမြတ်​​တွေကို​တော့ အဖွဲ့ တွက်​ပဲ ပြန်​သုံးပါတယ်​။ ဒီစင်တာက မြေပြန့် က ငှက်​​တွေအ​ကြောင်း​လေ့လာဖို့နဲ့ ကြည့်​ဖို့ အရမ်းကို​ကောင်းပါတယ်​။ တစ်​ချို့ငှက်​​တွေဆို ဆိုက်ဘေးရီးယား နဲ့တရုတ်​က​ပြောင်းလာတဲ့ မျိုးစိတ်​​တွေ​တောင်​ပါပါတယ်​။

အင်း​တော်​ကြီးအိုင်​မှာ ကျင့်​သုံး​နေတဲ့ ခရီးသွားလာမှု က လူပတ်​၀န်းကျင်​နဲ့ သက်​ရှိ​တွေကို ကယ်​တင်​ရာမှာ အရမ်းကို​အ​ထောက်​အကူပြုပါတယ်​။ ဒီ​လို​တွေလုပ်​ရင်းနဲ့ ရှမ်းနီလူမျိုး​တွေနဲ့ ကချင်​က သ​ဘောကွဲလွဲမှု​ကြောင့်​ဖိနှိပ်​ခံရတဲ့ လူမျိုးတစ်​ချို့​တွေရဲ့ ဘာသာစကားနဲ့ ယဉ်​​ကျေးမှု ​တွေလဲတိုးတက်​လာပါတယ်​။ တည်းခိုခန်း​တွေနဲ့ ​ဟော်​တယ်​​လေ့ကျင့်​​ရေး​ကျောင်း​တွေမှာလဲ အစီစဉ်​​တွေလဲကျန်​ရှိပါ​သေးတယ်​။

လူ​တွေက​တော့ ​ပေါင်းသင်းဆက်​ဆံ​ရေး အရမ်းကောင်းကြပါတယ်​။ မပြန်​ခင်​ ၁နာရီ​လောက်​အလိုမှာ​တောင်​ ၁နှစ်​ ပြည့်​​မွေး​နေ့​လေးတစ်​ခုက ဖိတ်​လို့ သွားခဲ့ရပါ​သေးတယ်​။ အဲ့ဒီမှာ အစားအ​သောက်​​​တွေရယ်​ ၀ါး​တွေကို မီးရှို့ပြီး ​ဖောက်​ခွဲတာ​တွေလဲ လုပ်​ကြတယ်​။ မိုးရာသီမှာ ခရီးသွားရတာ သိပ်​​တော့ အဆင်​မ​ပြေ​ပေမယ့်​ ကချင်​ပြည်​နယ်​က ဒီအိုင်​ကြီးကို လာရတာ​တော့ ဘယ်​ချိန်​ပဲ ဖြစ်​ဖြစ်​ ရင်​ထဲမှာ အမှတ်​ရ​နေစရာကြီးပါ။

သွားလာမှု – မနက်​တိုင်း ရန်​ကုန်​-မန္တ​လေး အသွားအပြန်​ ပျံသန်းတဲ့ Air Mandalay က​နေ localလူ​တွေအတွက်​ 113000kyats(about US$77) နဲ့ foreigner​တွေအတွက်​ US$128 ၀န်းကျင်​ရှိတဲ့ ticket​တွေကို ၀ယ်​ယူနိုင်​ပါတယ်​။မြစ်​ကြီးနားက​နေ ​ဒီအင်း​​တော်ကြီး​အိုင်​ကိုသွားတဲ့ Taxiခ က ၉သောင်း ကျပါတယ်​။ မြစ်​ကြီးနား က​နေ ဟိုပင်​ ကို ရထားနဲ့လဲ သွားနိုင်​​ပါတယ်​။ ကျန်​တဲ့​နေက
ရာ​တွေကို​တော့ taxi​တို့ ​ဆိုင်​ကယ်​တို့နဲ့ သွားနိုင်​ပါတယ်​။

နေထိုင်ရေး – ​နေရာထိုင်​ခင်း ရှာရတာ​တော့ နဲနဲခက်​ခဲပါတယ်​။ လုံးတုံ က မိုတယ် က​တော့ ဧည့်သည်၁ယာက် ​​​တစ်​ညတည်းရင်​ ၁သောင်းကျသင့်​ပါတယ်​။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here