ထိုင်းနိုင်ငံရဲ့ စိတ်ဝင်စားစရာ အ​ကြောင်း​အရာများ

0
အ​ရှေ့ကမ္ဘာရဲ့ဗင်းနစ်လို့ တင်စားခဲ့ရတဲ့ဘန်​ကောက်မြို့ရှိရာ ထိုင်းနိုင်ငံကို ကမ္ဘာမှာ မသိတဲ့သူ နည်းပါတယ်။ ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်​လေး​တွေကို ကြည့်လိုက်ရ​အောင်... ၁။ ထိုင်းနိုင်ငံရဲ့ဘုရင်စနစ် ထိုင်းနိုင်ငံဟာ ဥ​ရောပလက်​အောက်ခံကိုလိုနီမဖြစ်ခဲ့တဲ့ တခုတည်း​သော အ​​ရှေ့​တောင်အာရှနိုင်ငံပါ။ ဒါကြောင့် အခုချိန်ထိ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ရှိ​နေပါ​သေးတယ်။ ထိုင်းတော်ဝင်မိသားစုကို တိုင်းသူပြည်သားတွေက အလွန်အင်မတန် အ​လေးအမြတ်ထားကြပြီး တော်ဝင်မိသားစုဝင်တ​စ်ယောက်ကို စော်​ကားခြင်းဟာ နိုင်ငံ​တော်သစ္စာ​ဖောက်မှုကို ကျူးလွန်ခြင်းဖြစ်ပါတယ်။ နှစ်​ပေါင်း...

သင်မသိ​သေးတဲ့ လာအိုနိုင်ငံအကြောင်း

0
မြန်မာ့သမိုင်းမှာ လင်ဇင်းကို စစ်ချီတဲ့အ​ကြောင်း​တွေ ဖတ်ဖူး၊ ကြားဖူးကြမှာပါ။ ဆင်အ​​ကောင်​ရေ သန်း​ပေါင်းများစွာ မှီတင်းရာ​မြေလို့ အဓိပ္ပါယ်ရတဲ့ လင်ဇင်းဟာ အခြား​တော့ မဟုတ်ပါဘူး။ ရှေး​ခေတ်လာအိုနိုင်ငံပါပဲ။ ၁၃၅၃ ခုနှစ်က စတင်တည်​ထောင်ခဲ့ပြီး ရာစုနှစ် လေးခုစာ တည်တံ့ခဲ့တဲ့ လင်းဇင်းပြည်ဟာလည်း ရာဇပလ္လင်လုပွဲ​တွေ​ကြောင့် သုံးခြမ်းကွဲသွားခဲ့ဖူးပါတယ်။ ကာလရှည် အင်အားကြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ သစ္စာခံ နိုင်ငံ​အဖြစ်သာ...

ကံကောင်းစေဖို့အာရှတိုက်သားတွေရဲ့အဆောင်ယတြာ ၉မျိုး

0
အာရှတိုက်သားတွေဟာကံကိုယုံကြည်ကြတဲ့အတွက် ကံကောင်းဖို့ လာဘ်ကောင်းဖို့အတွက်ယတြာအစီအရင် အမျိုးမျိုးလုပ်တတ်ကြပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာလည်းကံပွင့်ဖို့ပုတီးစိပ်တဲ့သူတွေ၊ နတ်ကိုးကွယ်တဲ့သူတွေရှိသလို စေတနာကောင်းရင်ကံကောင်းမယ်လို့ပဲယုံကြည်သူတွေလည်းရှိတယ်။ ဒီဆောင်းပါးမှာအာရှတိုက်သားတွေစီရင်လေ့ရှိတဲ့ယတြာနဲ့ အဆောင် ၉မျိုးကိုဖော်ပြလိုက်ပါတယ်။ လူအမျိုးမျိုးစိတ်အထွေထွေမို့ဝေဖန်ကဲ့ရဲ့နေမယ့်အစားမတူကွဲပြားတဲ့ယုံကြည်မှုတွေကိုလေ့လာရင်း ဗဟုသုတဖြစ်စေဖို့ရည်ရွယ်ပါတယ်။ ဂျပန်ပစ်တိုင်းထောင် လာဘ်ခေါ်ရုပ်လေးတွေထဲမှာအထင်ရှားဆုံးကတော့ ဂျပန်လူမျိုးတွေရဲ့ Daruma Doll ဖြစ်ပါတယ်။ ကျနော်တို့ဆီကပစ်တိုင်းထောင်ရုပ်လေးတွေနဲ့ပုံစံတူပေမယ့် ဆေးခြယ်ပုံကတော့ကွာပါတယ်။နှစ်တနှစ်ရဲ့အစမှာဂျပန်လူမျိုးတွေဟာဘုရားကျောင်းတွေက Daruma ကိုဝယ်ယူပြီး နှစ်သစ်အတွက်ဆုတခုတောင်းလေ့ရှိတယ်။ ဆုတောင်းပြီးသွားရင် Daruma ရဲ့ဘယ်ဘက်မျက်လုံးနေရာမှာ ဆေးခြယ်ရပါတယ်။ ဆုတောင်းပြည့်သွားတဲ့အခါမှာတော့ညာဘက်မျက်လုံးကိုဆေးခြယ်ပြီး ကိုယ်ဝယ်ခဲ့တဲ့ဘုရားကျောင်းကိုပြန်သွားပေးရတယ်။ ဆုတောင်းဖြည့်ပေးတဲ့အတွက် Daruma...

0
သာလီစွပါ (ရခိုင်တိုင်းရင်းသား နှင့် ရိုးရာဓလေ့များ) ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲကို ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ  ကျင်းပ ပြုလုပ်ခဲ့သည်။ ထို့နောက် ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရခိုင်ပြည်နယ်...

မြန်မာ့ယဥ်ကျေးမှုအမွေအနှစ် သူငယ်တော် (သို့) ဖိုးဝရုပ်

0
ကြက်တောင်စည်းနှစ်ဖက်နှင့် ချစ်စရာကောင်းသည့် သူငယ်တော်သည် ထင်ရှားသည့် သမိုင်းကြောင်းရှိခဲ့သည်။ သူငယ်တော်ကို မြန်မာ့ကလေးသူငယ်များက ဖိုးဝရုပ်ဟူ၍လည်း ခေါ်သည်။ ဝဝတုတ်တုတ် အလွန်ချစ်စရာကောင်းသဖြင့် သူငယ်တော်ကို ဖိုးဝရုပ်ဟု အမည်ပေးထားခြင်းဖြစ်သည်။ မြန်မာအဘိဓာန်တွင် သူငယ်တော်ကို ‘နန်းတော်အိမ်တော်တွင် ကိစ္စအသေးအဖွဲများကို ဆောင်ရွက်ပေးရသော သူငယ်အမှုထမ်း’ ဟု ဖွင့်ဆိုသည်။ သူငယ်တော်များသည် ရှေးအခါက မြန်မာ့နန်းတော် များတွင်  အမှုတော်ထမ်းခဲ့ကြသူများဖြစ်ကြသည်။ သမိုင်းပညာရှင်...

မြန်မာ့အဖိုးတန် ရုပ်သေးသဘင်ပညာ

0
ရှေးခေတ်က အမြင့်သဘင်တွင် နေရာယူခဲ့သော မြန်မာ့ရုပ်သေးပညာမှာ မြန်မာ့အနုပညာတို့ပေါင်းဆုံရာ အဖိုးတန်အနုပညာအဖြစ် တင်စားကြသည်။ ရုပ်သေးဆိုသည်မှာ ခေါင်း၊ ခြေ၊ လက် စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့ကို လှုပ်ရှား၍ လူ့သဏ္ဌာန် ဟန်အမူအရာနှင့် ကပြနိုင်စေရန် စီမံပြုလုပ်ထားသော အရုပ်များဖြင့် ခင်းကျင်းကပြခြင်းကို ခေါ်သည်။ မြန်မာ့ရုပ်သေးသည် ကမ္ဘာ့ရုပ်သေးအမျိုးအစားများထဲတွင် တစ်ခုအပါဖြစ်သည်။ မြန်မာ့ရုပ်သေးကို အင်္ဂလိပ်အမည်ဖြင့်...

ဆီမီးမြိုင်မြိုင် လတန်ဆောင်တိုင်

0
တန်ဆောင်မုန်းလဟာမြန်မာ့ပြက္ခဒိန်မှာဆိုရင် ၈လမြောက်ဖြစ်ပြီး အင်္ဂလိပ်ပြက္ခဒိန်မှာတော့ ၁၁လမြောက်ဖြစ်တဲ့ နိုဝင်ဘာလမှာကျင်းပလေ့ရှိပါတယ်။ ဒီနှစ်တန်ဆောင်မုန်းလပြည့်နေ့ကတော့ ၂၈ရက်နေ့မှာကျရောက်ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင်မှာ ဗုဒ္ဓဘာသာဝင်တွေဟာမသိုးသင်္ကန်းတွေကို တညအတွင်းပြီးအောင်ရက်လုပ်ပြီး လပြည့်နေ့မှာရဟန်းတော်တွေကိုလှူဒါန်းလေ့ရှိတယ်။ အစားအသောက်တွေဟာ နေ့ကူးရင်သိုးသွားတတ်ပါတယ်။ ဒီဥပမာအတိုင်း သင်္ကန်းကိုနေ့မကူးခင်ရက်လုပ်ပြီးလှူဒါန်းရတဲ့အတွက် မသိုးသင်္ကန်းလို့ခေါ်တာပါ။ နှစ်တိုင်းရွှေတိဂုံဘုရားနဲ့ အနယ်နယ်အရပ်ရပ်ကတန်ခိုးကြီးဘုရားတွေမှာ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတွေကျင်းပလေ့ရှိပေမယ့် ဒီနှစ်ကတော့ကိုဗစ်ကြောင့် ဒီပွဲကျင်းပဖို့အခက်အခဲရှိမယ်ထင်တယ်။ လပြည့်နေ့မတိုင်ခင်ကူးစက်မှုတွေလျော့ပါးသွားဖို့ပဲ ဆုတောင်းပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ဟာ နက္ခတ်တွေစုံလင်တဲ့ညဖြစ်တာမို့ ဒီညမှာဆေးဝါးအစီအရင်တွေတန်ခိုးပြတတ်တယ်လို့ ရှေးကယုံကြည်ခဲ့ကြတယ်။ ဒါကြောင့်လပြည့်နေ့မှာဆေးမင်ကြောင်ထိုးတာမျိုး၊ ထိုးပြီးသားဆေးမင်ကြောင်ကို သိဒ္ဒိတင်တာမျိုးတွေလုပ်တတ်ကြပါတယ်။ ဒီအခါမှာ...

ဝါလကင်းလွတ် သီတင်းကျွတ်

0
သီတင်းကျွတ်ပွဲတော်သည် မြန်မာလူမျိုးများအတွက် သင်္ကြန်ပွဲတော်ပြီးလျှင် ဒုတိယမြောက် အစည်ကားဆုံးကျင်းပသော ပွဲတော်ဖြစ်သည်။သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာလူမျိုးများ စိတ်အား ထက်သန်စွာဖြင့် ကျင်းပလေ့ရှိသော ရိုးရာပွဲတော်များ အနက်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ် မီးထွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပြီး သီတင်းကျွတ်လပြည့်မတိုင်မီတစ်ရက်၊ သီတင်းကျွတ် လပြည့်နေ့ နှင့် သီတင်းကျွတ် လပြည့်ကျော် တစ်ရက် ဟူ၍ သုံးရက်တိုင်တိုင် ကျင်းပဆင်နွှဲလေ့ရှိပါသည်။ ၂၀၂၀...

ပူလောင်မှုများကြား အေးချမ်းရာတည်ဆောက်ခြင်း (သို့) ထိုက်ချိ

0
မနက်စောစော ရန်ကုန်ကပန်းခြံတခုခုမှာလမ်းလျှောက်ဖြစ်တယ်ဆိုရင် ငြင်သာလှပစွာလှုပ်ရှားနေတဲ့ လူတစုကိုတွေ့မိမှာပါ။ ဒါဟာထိုက်ချိလေ့ကျင့်နေကြတာဖြစ်ပါတယ်။ ထိုက်ချိနဲ့ကွန်ဖူးဟာရေနဲ့ငါးလိုပါပဲ။ ထိုက်ချိကစားတဲ့သူအများစုဟာ ကျန်းမာရေးအတွက်ကစားကြတာလို့ ရန်ကုန်မှာနေတဲ့ထိုက်ချိနည်းပြ ကိုဝဏ္ဏဇော်လွင်ကပြောပါတယ်။ အများအားဖြင့်မနက်စောစော လေကောင်းလေသန့်ရတဲ့နေရာတွေမှာလေ့ကျင့်ရတာသဘောကျကြပါတယ်။ ထိုက်ချိဟာကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးတယ်ပေးပြီးကိုယ်စိတ်နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်ကြောင်းယုံကြည်ကြပါတယ်။ ထိုက်ချိဆိုတဲ့တရုတ်ဝေါဟာရကို တိုက်ရိုက်ဘာသာပြန်လိုက်ရင် “အထွဋ်အထိပ်” လို့အဓိပ္ပါယ်ရပါတယ်။ ကိုဝဏ္ဏကတော့ထိုက်ချိဟာလူ့ခန္ဓာရဲ့ပင်မထောက်တိုင်တွေဖြစ်တဲ့ ကြွက်သား၊ စွမ်းအင်၊ စိတ်နဲ့ ဝိညာန်တို့ကို သက်ရောက်မှုရှိတယ်လို့ဆိုတယ်။ လွန်ခဲ့တဲ့ ၆နှစ်လောက်က သူဂျာမနီကပြန်ရောက်လာတဲ့အချိန်မှာကွန်ဖူးနဲ့ထိုက်ချိကိုဆက်လက်သင်ယူဖို့ သင်တန်းတွေလိုက်ရှာပေမယ့်မတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့ပဲကိုဝဏ္ဏဟာသူ့ကိုယ်ပိုင်ထိုက်ချိသင်တန်းကျောင်းတခုကို စတင်တည်ထောင်ခဲ့ပါတယ်။ ကွန်ဖူးဆရာတဦးဖြစ်တဲ့ကိုဝဏ္ဏဟာဂျာမနီကကွန်ဖူးသင်တန်းကျောင်းက...

ကမ္ဘာ့အလှဆုံးအက္ခရာ ၅မျိုးထဲမြန်မာစာပါဝင်

0
ကမ္ဘာတဝှမ်းကဘာသာဗေဒပညာရှင်တွေဟာ အလှဆုံးအက္ခရာ ၅မျိုးကိုရွေးချယ်သတ်မှတ်ရာမှာ မြန်မာအက္ခရာကထိပ်ဆုံးကပါလာပါတယ်။ အလှအပဆိုတာကတော့လူတယောက်ချင်းစီရဲ့ဆုံးဖြတ်ချက်မို့ အမြင်ကွဲပြားမှုအမျိုးမျိုးရှိမှာပါ။ သေချာတာတခုကတော့ဒီအက္ခရာ ၅မျိုးဟာအလွန်အသုံးပြုမှုနည်းနေပြီဖြစ်တာကြောင့် ပျောက်ကွယ်သွားတော့မယ့်ဘေးနဲ့ရင်ဆိုင်နေရပြီဆိုတာပါပဲ။ ဒီဆောင်းပါးမှာတော့ ပညာရှင်တွေသတ်မှတ်ထားတဲ့ ကမ္ဘာ့အလှဆုံးအက္ခရာ ၅မျိုးအကြောင်းဗဟုသုတအဖြစ်ပြောပြချင်ပါတယ်။ မြန်မာ နာရီလက်တံအတိုင်းရေးသားရပြီး လုံးဝိုင်းတဲ့အနားသတ်တွေရှိတဲ့မြန်မာစာကို ပညာရှင်တွေကအလှဆုံးအဖြစ်သတ်မှတ်ခဲ့ကြတယ်။ တကယ်တော့ဝိုင်းစက်တဲ့အနားသတ်တွေနဲ့ ရေးသားခြင်းဟာ အလှအပအတွက်မဟုတ်ဘဲ ခေတ်ကာလလိုအပ်ချက်ကြောင့်ဖြစ်ပါတယ်။ ရှေးအခါကပေရွက်ထန်းရွက်တွေနဲ့စာရေးကြတဲ့အခါမှာ ထောင့်တွေမျဉ်းတွေကိုကညစ်နဲ့ဆွဲတဲ့အခါ အရွက်တွေပြဲတတ်တာမို့ ဝိုင်းစက်တဲ့အနားသတ်ဖြစ်အောင်ရေးသားကြတာပါ။ လတ်တလောမြန်မာနိုင်ငံမှာပဲအသုံးပြုတော့တဲ့ဘာသာစကားဖြစ်ပါတယ်။ ဆင်ဟာလေ (သီရိလင်္ကာ) အသံထွက်ပုံ ၅၀ကျော်ရှိတဲ့ဒီဘာသာစကားဟာ နှုတ်ခမ်းအဖိအဖော့လေးနည်းနည်းကွဲတာနဲ့ အဓိပ္ပါယ်ကွဲပြားသွားတဲ့အထိကျယ်ပြန့်ပါတယ်။ မျက်မှောက်ခေတ်မှာတော့ အသံထွက်...