အံ့မခန်းနှစ်ဆ! Banyan Tree Samui နဲ့ Krabi က ၂၀၂၆ အတွက် MICHELIN Keys နှစ်ချက်ထိန်းထားတယ်
ရန်ကုန်ရဲ့မိုးရွာနေတဲ့ညနေခင်းတွေကို သွားလဲပြီး ပင်လယ်လှိုင်းပေါ်မှာ လိုင်းစတုန်းကျွန်းတွေ၊ infinity ရေကူးကန် မြင်ကွင်းတွေနဲ့ အေးချမ်းချင်နေသူတွေကို ဒီတစ်ခါအတော်လေး အကြံဉာဏ်ကောင်းပေးချင်ပါတယ်။
တောင်ပိုင်းထိုင်းနိုင်ငံရဲ့ အစ်မဆန့်ကာစခန်းတွေဖြစ်တဲ့ Banyan Tree Samui နဲ့ Banyan Tree Krabi တို့ဟာ ၂၀၂၆ အတွက် MICHELIN Keys နှစ်ချက်ကို...
နွေဦးမှာ Chongqing နဲ့ Kunming ကို လွယ်လွယ်ကူကူ ထွက်မလား 🌸 MAI flight နဲ့ Cherry Blossom ခရီးစဉ်
နွေဦးရောက်ပြီဆိုရင် Cherry Blossom လှလှတွေကြည့်ဖို့ China ကိုပဲ သွားမလားYangon ကနေ နွေဦးရာသီ (March - April) ဝင်လာပြီဆိုရင် ခရီးထွက်ချင်စိတ်က တက်လာတာ သာမန်ပါပဲ။ အခုချိန်မှာ trending ဖြစ်နေတဲ့ destination နှစ်ခုကတော့ Chongqing နဲ့ Kunming...
ရန်ကုန်နားက camping site ၅ခု
ရာသီဥတုသာယာနေပြီဆိုတော့ဒီအချိန်က camping ထွက်လို့အကောင်းဆုံးပါပဲ။ ရန်ကုန်နဲ့အနီးအနားက camping site ၅ခုအကြောင်းပြောပြပေးချင်ပါတယ်။ Day trip သီးသန့်ထွက်မယ်ဆိုရင်လည်းရတယ်နော်။ Hmawbi Camping Hmawbi camping ကစမ်းချောင်းလေးအနားမှာရှိလို့ အပျင်းပြေငါးမျှားလှေစီးလို့ကောင်းပါတယ်။ Day trip အတွက် ၂ယောက်စာဘန်ဂလိုတလုံး ကျပ် ၄၀၀၀၀ ကျသင့်ပြီး ညအိပ်နေရင်တော့ ကျပ် ၇၀၀၀၀...
အိတ်တလုံးလွယ် ကမ္ဘာပတ်မယ်
ဆိုပါတော့၊ မနက်ဖြန်ရုတ်တရတ်ခရီးထွက်စရာပေါ်လာတယ်၊ ခရီးဆောင်အိတ်ထဲလိုအပ်တာတွေထည့်ဖို့တညပဲအချိန်ရတော့တယ်။ ဒါမှမဟုတ်အလုပ်ကိစ္စနဲ့မကြာခဏခရီးထွက်ရလို့ လအနည်းငယ်ကြာလို့ခရီးဆောင်အိတ်ကိုပြင်လိုက်ထုတ်လိုက်လုပ်နေရတယ်။ ဒီအဖြစ်တွေနဲ့ခဏခဏကြုံနေရပြီဆိုရင်တော့ အိတ်တလုံးနဲ့ခရီးသွားတတ်အောင်လေ့ကျင့်ထားဖို့လိုနေပါပြီ။ One bag travel philosophy ဆိုတာနိုင်ငံတကာခရီးသွားတွေကြားမှာခေတ်စားနေတာတော့ကြာပါပြီ။ အထူးသဖြင့်ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုအပြီးမှာခရီးသွားတွေအနေနဲ့ခရီးဆောင်အိတ်တွေများများစားစားမယူတော့ဘဲ ကျောပိုးအိတ်ကြီးထဲလိုအပ်တာတွေထည့်ပြီး minimalism ဆန်ဆန်ခရီးသွားလာကြတယ်။ အိတ်တလုံးနဲ့ခရီးသွားတယ်ဆိုတာလူတိုင်းအတွက် နေရာတိုင်းအတွက်အဆင်တော့မပြေနိုင်ပါဘူး။ ဥပမာ ခါးနာရောဂါရှိလို့ကျောပိုးအိတ်အလေးကြီးမလွယ်နိုင်တဲ့သူတွေ အရမ်းအေးတဲ့ဒေသသွားရမှာမို့ အနွေးထည်များများယူသွားဖို့လိုအပ်တဲ့သူတွေအတွက်တော့ခက်နိုင်တယ်။ ဒါပေမယ့်ကိုယ့်အတွက်အဆင်ပြေတဲ့အခြေအနေဆိုရင်တော့ အိတ်တလုံးနဲ့ခရီးသွားတတ်အောင်လေ့ကျင့်ကြပါစို့။ ဘယ်လိုအားသာချက်တွေရှိလဲ အိတ်တလုံးနဲ့ခရီးသွားတဲ့အတွက်အကောင်းဆုံးအားသာချက်ကတော့အလုပ်မရှုပ်တာနဲ့အချိန်ကုန်သက်သာတာပါပဲ။ လေဆိပ်မှာကိုယ့်ခရီးဆောင်အိတ်ကို...
ရန်ကုန်နဲ့အနီးတဝိုက်ကအပန်းဖြေစရာနေရာ ၆ ခု
ပိတ်ရက်ရှည်ရပေမယ့် ခရီးအဝေးကြီးလည်းမသွားချင်ဘူး၊ အပန်းလည်းဖြေချင်တယ်ဆိုတဲ့သူတွေအတွက် ရန်ကုန်နဲ့အနီးတဝိုက်မှာပဲရှိတဲ့အပန်းဖြေစရာနေရာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ TGIF! TM Farm Roadhouse ထောက်ကြန့်က TM Farm Roadhouse မှာနို့စားနွားမွေးမြူရေးလုပ်ငန်းကိုလေ့လာခွင့်ရမယ်၊ စိမ်းလန်းတဲ့သဘာဝရှုခင်းတွေမြင်ရမယ်။ ဝင်ကြေးကလည်းတယောက် ကျပ် ၁၀၀၀သာပေးရပါတယ်။ ညအိပ်လို့မရပေမယ့် ခြံပိတ်ချိန်အထိနေလို့ရမယ့်ဘန်ဂလိုလေးတွေကို ကျပ် ၃၀၀၀၀ ကနေစပြီးငှားရမ်းနိုင်တယ်။ စားသောက်ဆိုင်လည်းရှိပါတယ်။ အမှတ် ၃/၈၈ ဘုရားလမ်း၊ နွယ်ခွေရွာသစ်၊ ထောက်ကြန့်၊ ရန်ကုန်။...
ခရီးသွားကဏ္ဍပြန်လည်ထူထောင်ရေးမဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၅)
မြန်မာနိုင်ငံတော်အစိုးရက ခရီးသွားကဏ္ဍပြန်လည်ထူထောင်ရေးမဟာဗျူဟာလမ်းပြမြေပုံ ကိုထုတ်ပြန်လိုက်ပါတယ်။ Tourism Master Plan (2013-2020 ကိုအခြေခံတဲ့ဒီမဟာဗျူဟာဟာ Covid-19 ကပ်ရောဂါဖြစ်ပွားဆဲကာလမှာ ခရီးသွားလုပ်ငန်းကဏ္ဍကိုပြန်လည်ကုစားဖို့ UNWTO Global Guidelines to Restart Tourism ရဲ့လမ်းညွှန်ချက်တွေနဲ့အညီရေးဆွဲထားခြင်းဖြစ်ပါတယ်။ Tourism Master Plan ရဲ့ထောက်တိုင် ၆ရပ်ကိုကျယ်ပြန့်စွာအသုံးချရင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးကခရီးသွားကော်မတီတွေအနေနဲ့ ၎င်းတို့ရဲ့နယ်မြေဒေသနဲ့ကိုက်ညီတဲ့ခရီးသွားလုပ်ငန်းဆိုင်ရာစည်းမျဉ်းတွေရေးဆွဲရာမှာ အထောက်အကူပြုနိုင်ဖို့ရည်ရွယ်ပါတယ်။ ဒီမဟာဗျူဟာမှာအောက်ပါအချက်တွေပါဝင်ပါတယ်။ ·...
ရှေးခေတ်မင်းနေပြည်တော် ပဲခူး သို့မဟုတ် ဟံသာဝတီ
ကျန်စစ်သားရဲ့ နှလုံးသည်းပွတ် မဏိစန္ဒာခင်ဦး မွေးဖွားရာမြေ၊ ရာဇဝင်ထဲက မွန်သူရဲကောင်းတွေရဲ့ ဘူမိနက်သန်၊ တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့လို ဘုရင်တွေ နန်းစိုက်စိုးစံခဲ့ရာ နေရာဌာနသည်ကား အခြားမဟုတ်။ ဥဿာ ခေါ် ပဲခူးပဲဖြစ်ပါတယ်။ ပဲခူးသူ ခင်ဦးနဲ့ အနော်ရထာ၊ ကျန်စစ်သားတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟာ ယနေ့ခေတ်ထိ လူပြောများနေဆဲပါ။ ဟံသာဝတီ...
မြန်မာ့သမိုင်းမှတ်တိုင်များရှိရာမြို့ (သို့) အမရပူရ
ကုန်းဘောင်ခေတ် မင်းနေပြည်တော် နှစ်ကြိမ်တိုင်တိုင် (၁၇၈၃-၁၈၂၃) (၁၈၃၉-၁၈၅၇) ဖြစ်ခဲ့တဲ့ အမရပူရမြို့ဟာ မြန်မာ့သမိုင်းမှာ ချန်ထားလို့မရတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဗဒုံမင်း စတင်တည်ထောင် နန်းစိုက်ခဲ့ပြီး စစ်ကိုင်းမင်း၊ သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်းတို့ စိုးစံခဲ့ရာ နန်းမြို့ဟောင်း တခုလည်း ဖြစ်ပါတယ်။ မရ=သေခြင်း၊ အမရ=မသေခြင်း၊ ပူရ=မြို့ ဆိုပြီး...
မင်းကွန်းခေါင်းလောင်းကြီးနဲ့ ကမ္ဘာကျော် ကြီးငါးကြီး
ဧရာဝတီမြစ်ကမ်းနဖူးမှာ တည်နေတဲ့ မင်းကွန်းဒေသဟာ ကမ္ဘာကျော် ကြီးငါးကြီး တည်ရှိရာ ဒေသလေးပါ။ ကြီးငါးကြီးဆိုတာကတော့ ၁။ မင်းကွန်းပုထိုးတော်ကြီး ၂။ မင်းကွန်းခေါင်းလောင်းတော်ကြီး ၃။ ပုထိုးတော်ကြီးရှေ့က ခြင်္သေ့ရုပ်ကြီး၂ရုပ် ၄။ မင်းကွန်းဆရာတော်ဘုရားကြီး ၅။ ကန်တော်ကြီး တို့ပဲဖြစ်ပါတယ်။ ၁။ မင်းကွန်းပုထိုးတော်ကြီး ဘိုးတော်ဘုရားလက်ထက် ခရစ်နှစ် ၁၇၉၀မှာ ပုထိုးတော်ကြီးကို လူသူအင်အား အများအပြားအသုံးပြုပြီး တည်ထားဆောက်လုပ်ခဲ့တာပါ။ "ဘုရားကြီးအပြီးတိုင်၊ မုဆိုးမဏ္ဍိုင်ကျိုးလိမ့်မလွဲ" ဆိုတဲ့...
မြန်မာနိုင်ငံမြောက်ဖျားက ဆီနှင်းတွေဖုံးလွှမ်းနေတဲ့ ရွာလေး
မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀ လောက်နေထိုင်ပါတယ်။ ရှိန်းခေါင်ရွာလေးဟာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်အုပ်စုမှာ တည် ရှိပါတယ်။ ခေါင်လန် ဆိုတာ ရဝမ်ဘာသာအရ ချိုင့်ဝှမ်းလို့...










