Kokkoya Organics (ကုက္ကိုရသဘာဝခြံ) ဟာဆိုရင် မြောက်ဒဂုံမြို့နယ်ကစိုက်ပျိုးရေးခြံမှာ vegan workshop နဲ့ meal-tasting တွေကို မကြာသေးခင်ကမှ စပြီး လုပ်ကိုင်နေပါတယ်။ ဒီပထမဆုံး Good supper series မှာဆိုရင် ရန်ကုန်မှာနေတဲ့သူတွေဟာ သူတို့ရဲ့ မြေနေရာ ကျဉ်းကျဉ်းလေးမှာလဲ organics အပင်တွေကို စိုက်လို့ရကြောင်းနဲ့ ဒီထက်ပိုပိုပြီးစိုက်ပျိုးလာနိုင်စေဖို့ စတင်မိတ်ဆက်လိုက်တာပါ။
Social enterprise က Wolf Kitchen ကို စပြီးလုပ်ကိုင်ခဲ့တဲ့ Lynn Yang Wolf နဲ့ တွဲဖက်ပြီး အလုပ်လုပ်ကိုင်နေပါတယ်။ “သက်သတ်လွတ်အစားအစာဆိုတာဟာ အသီးအရွက်တွေသုပ်ထားတာတွေချည်းပဲ မဟုတ်ဘူးဆိုတာ လူတွေကိုသိအောင် ပြသချင်ပါတယ်” လို့ Lynn က ပြောထားပါသေးတယ်။ သူတို့ဟာသက်သတ်လွတ်မဟုတ်တဲ့ လူတချို့ကို Chinese black bean ဘာဂါ၊ ရှမ်းတို့ဟူးကင်၊ ထောပတ်သီးနဲ့လုပ်ထားတဲ့ mousse-based macaroni၊ cheese နဲ့အသားတုညှပ်ထားတဲ့ပေါင်မုန့်၊ ဟင်းတစ်ပွဲလုံးကို ရာသီအလိုက်ပေါက်တဲ့မှိုပွင့်တွေနဲ့ပဲဖန်တီးထားတဲ့ဟင်းလျာတွေနဲ့ဧည့်ခံခဲ့ပါတယ်။

“Cheesy pastas, veggie burgers နဲ့ အာလူးကြော်တွေလိုမျိုး အသင့်စားလို့ရတဲ့ သက်သက်လွတ်မုန့်တွေကို အရမ်းကြိုက်တယ် veganဖြစ်ရတာနဲ့ အရသာကောင်းကောင်းတွေကို လက်လွတ်ခံစရာမလိုပါဘူး” လို့ Lynnက ပြောထားပါတယ်။ ဒီလိုမျိုး ခံယူချက်ကို dinnerလာစားတဲ့ ဧည့်သည်တစ်ယောက်ဖြစ်တဲ့ Nikki Baltrop ကလဲ “vegan အစားအစာဆိုတာ အသီးအရွက်တွေချည်းပဲ ဖြစ်နေတာကလွဲလို့ အရသာ အရမ်းရှိပါတယ်လို့” ပြောသွားပါသေးတယ်။

Kokkoya ရဲ့ founder တွေဖြစ်တဲ့ Caity နဲ့ Sophia တို့က ဒီစိုက်ပျိုးရေးခြံကို outgrowth လုပ်ငန်းတစ်ခုအနေနဲ့ စတင်ခဲ့ကြပါတယ်။ သူတို့ဟာ လူငယ်တွေကိုစိုက်ပျိုးရေးနည်းပညာတွေသင်ကြားပေးတဲ့ကုသိုလ်ဖြစ်အဖွဲ့အစည်း NEED MYANMAR နဲ့အတူတူ ဒီအလုပ်ကိုလုပ်ကိုင်ခဲ့ပါတယ်။ လူငယ်ကောင်လေးတွေအများစုက ဒီ training program ပြီးသွားရင်တောင် agriculture နဲ့ဆိုင်တဲ့ လုပ်ငန်းခွင်တွေမှာ ဆက်ပြီးလုပ်ကိုင်နေပေမယ့် ကောင်မလေးတွေကတော့ program ပြီးသွားရင် ဒီအလုပ်နဲ့သက်ဆိုင်တဲ့ အလုပ်တွေမလုပ်ဘဲ နေတာကို Caity ကသတိထားမိသွားပါတယ်။
ဒါကြောင့် Caity နဲ့ Sophia ဟာ organic စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အမျိုးသမီးသီးသန့်လုပ်ကိုင်တဲ့စိုက်ပျိုးရေးလုပ်ငန်းကိုစပြီး အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။ ဒီ program မှာဆိုရင် ပိုးသတ်ဆေးတွေ ဓာတုကြီးထွားဆေးတွေ မျိုးဗီဇပြုပြင်ထားတဲ့မျိုးစေ့တွေကို လုံးဝမသုံးကြပါဘူး။
တစ်ပတ်ကို ၂သောင်းကျပ်နဲ့ Kokkoya Organics ကဟင်းသီးဟင်းရွက်သေတ္တာတွေကို ရန်ကုန်ရဲ့ သတ်မှတ်ထားတဲ့နေရာ ၄နေရာမှာ ရရှိနိုင်ပါပြီ။ ဒီသေတ္တာတွေမှာဆိုရင် ရာသီအလိုက်ပေါက်ကြတဲ့ အသီးအရွက်တွေနဲ့ သစ်သီးတွေပါဝင်ပါတယ်။ Caity နဲ့ Sophia တို့ဟာ စနေနေ့တိုင်းမနက်၈နာရီကနေ နေ့လယ်ထိ လှေလှော် club၊ 132a အင်းလျားလမ်းမှာရှိတဲ့ Yangon Farmer’s Market ကိုလည်းဖွဲ့ထားပါသေးတယ်။ “ဒါတွေက customers တွေကို ကိုယ်တိုင် အစားအစာထုတ်လုပ်ရောင်းချတဲ့သူတွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ customers တွေကိုယ်တိုင် ဒီလိုတွေလုပ်ပေးထားတော့ တန်ဖိုးကိုပိုပြီးနားလည်သွားတာပေါ့” လို့ Caity ကပြောပါတယ်။
နောက်ထပ်လာမယ့် Good Supper Series မှာ ပါဝင်ချင်ရင်တော့ Kokkoya Organics ရဲ့ website www.kokkoyaorganics.com ကိုပဲဖြစ်ဖြစ် Facebook page Kokkoya Organics ကိုပဲဖြစ်ဖြစ် ၀င်ကြည့်နိုင်ပါတယ်။ ဒါမှမဟုတ် [email protected] ကိုလဲ email ပို့နိုင်ပါတယ်။

ဒီစိုက်ပျိုးရေးခြံမှာဆိုရင် organic စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့ monsoon workshopတွေကိုလဲ ဆက်ပြီး ဖွင့်ပေးဖို့ရှိပါသေးတယ်။ ဒီလိုမျိုးပွဲတွေကို လာပြီးတက်ရောက်တဲ့သူတွေ အဆင်ပြေအောင် Englishလို ရော မြန်မာလိုပါ ပြောပြပေးသွားမှာပါ။ သင်တန်းကြေးက ၄၀၀၀၀-၅၀၀၀၀ ကျပ် လောက်တော့ရှိပါတယ်။