Advertisement

လုံချည်​ဆိုတာက​တော့ မြန်​မာနိုင်​ငံမှာ ​ယောက်ျားမိန်းမ မ​ရွေးဝတ်​လို့ရတဲ့ အထည်​တစ်​မျိုးပါ။

ခါးက​နေ ​ခြေဖျား​လောက်​ထိရှည်​ပြီး ချည်​နဲ့ရက်​လုပ်​ထားတဲ့ အထည်​​တွေအပြင်​ တစ်​ခြား အထည်​​တွေကိုလဲ ​တွေ့နိုင်​ပါတယ်​။ မင်္ဂလာ​ဆောင်​ပွဲနဲ့ ဧည့်​ခံပွဲ​တွေမှာ ​တွေ့ရတဲ့ လုံချည်​​တွေကို​တော့ ပိုသားနဲ့ရက်​လုပ်​ထားပါတယ်​။

ထဘီဆိုတာက အမျိုးသမီး​တွေဝတ်​တဲ့ လုံချည်​ကို​ခေါ်တာဖြစ်​ပြီး ပုဆိုးက​တော့ အမျိုးသား​တွေဝတ်​တဲ့ အထည်​ပါ။ ထဘီနဲ့ ပုဆိုး​ပေါ်မှာ ​တွေ့ရတဲ့ designနဲ့ အ​ရောင်​​တွေက​တော့ တူ​လေ့မရှိပါဘူး။ ပုဆိုးကို​တော့ အ​ရောင်​ရင့်​ရင့်​ အကွက်​ကျား အစိပ်​အကျဲ ​တွေနဲ့ ​တွေ့ရတတ်​ပါတယ်​။ ထဘီမှာ​တော့ design အမျိုးမျိုးကို ပန်းပွင့်​​တွေ ​ရေလှိုင်းပုံစံ ချိပ်​​တွေနဲ့ ​တွေ့ရပါတယ်​။ လူမျိုးစု အ​ပေါ်မူတည်​ပြီးလည်း ထဘီ​ပေါ်က ချိပ်​ design ​လေး​တွေက လိုက်​ပြီးကွဲပြားတတ်​ပါ​သေးတယ်​။

ချိပ်​ကို​တော့ ဧရာဝတီမြစ်​က inspired ယူထားပြီး မန္တ​လေးက ရက်​ကန်းရက်​တဲ့သူ​တွေကလည်း ချိပ်​design​တွေကိုရက်​လုပ်​ကြပါတယ်​။ ရိုးရာချိပ်​ design​တွေကို ရက်​လုပ်​တဲ့ပုံစံထဲက တစ်​မျိုးက​တော့ လွန်းရာ​ကျော်​ ပါ။ ၂မီတာအရှည်​ရှိတဲ့အထည်​ကိုရဖို့ ၃လ​လောက်​အချိန်​ယူရသလို မြန်​မာနိုင်​ငံက ​ဈေးအကြီးဆုံးပိုးထည်​​တွေထဲက တစ်​ခုလည်းဖြစ်​ပါတယ်​။ လုံချည်​​တွေကို အသားအမျိုးမျိုး designမျိုးစုံနဲ့ ​တွေ့​နေရ​ပေမယ့်​ ပွဲလမ်းသဘင်​​တွေမှာ​တော့ ချိပ်​ထည်​ ​တွေကိုပဲ အများဆုံးဝတ်​ကြပါတယ်​။

မြန်​မာ့ပိုးထည်​ကိုရက်​တဲ့​နေရာမှာ သစ်​သားလွန်း​တွေကိုအသုံးပြုပြရက်​ရပါတယ်​။ ​ခြေ​ကောလက်​​ကော အညိမ်​မ​နေရသလို အချိန်​လဲအ​တော်​​ပေးပြီး ရက်​ ရပါတယ်။ အရင်​ဆုံး ပိုးအိမ်​ထဲက ပိုး​ကောင်​​တွေထုတ်​ထားတဲ့ ချည်​မျှင်​​တွေကို ​ဗိုင်းငင်​ ရပါတယ်​။ ရလာတဲ့ ချည်​မျှင်​ ၃ ၄ပင်​​လောက်​ကို ခိုင်​ခံ့သွား​အောင်​ လွန်း ကိုသုံးပြီး လိမ်​လိုက်​ပါတယ်​။ ပြီးသွားရင်​တာ့ ဒီချည်​မျှင်​​တွေကို ကင်​ပွန်းရည်​ထဲမှာစိမ်​ပြီး ​ဆေး​ကြောပါတယ်​။ ​အဲ့ဒီ​နောက်​ ကိုယ်​ကြိုက်​တဲ့အ​ရောင်​ကို ​ရေ​နွေးထဲမှာထည့်​​ဖျော်​ပြီး ချည်​မျှင်​​တွေကိုပါ​ထည့်​ပြီး မိနစ်​၃၀​လောက်​ စိမ်​​ပေးရပါတယ်​။ ​ဆေးဆိုးပြီးရင်​​တော့ ချည်​မျှင်​​တွေကို ​ရေ​လျှော်​ပြီး ​နေပူမှာအ​​ခြောက်​ခံရပါတယ်​။ ဒါ​တွေအားလုံးပြီးသွားရင်​​တော့ ချည်​မျှင်​​တွေကို ရစ်​လုံးမှာ ရစ်​ပြီးတာနဲ့ ချိပ်​ထည်​ကို ရက်​လုပ်​လို့ရပါပြီ။

ချိပ်​အ​ကွေးပုံစံကိုရက်​မယ်​ဆိုရင်​​ ရစ်​လုံး ၃၀၀ ​လောက်​လိုပါတယ်​။ လွန်းရာ​ကျော်​ ရက်​ မယ်​ဆိုရင်​​တော့ အ​ရောင်​မျိုးစုံပါတဲ့ လွန်း ၁၀၀ ​လောက်​သုံးရပါတယ်​။ ကိုယ်​ရက်​တဲ့ design ​ပေါ်မူတည်​ပြီး လွန်း၁၀၀ ထက်​လဲ ပိုသွားနိုင်​ပါတယ်​။

ရိုးရာချိပ်​က မြန်​မာ့ပိုးနဲ့ ရက်​လုပ်​ရပြီး ​ဈေးကလဲ ၁သိန်း​လောက်​ရှိတာမို့ ​တော်​တာ်ေ​လေး​ဈေး​ကောင်းတယ်​လို့ ​ပြောလို့ရပါတယ်​။ designer မိုးကုတ်​​ပေါက်​​ပေါက်​က​​တော့ လူတိုင်းဝယ်​၀တ်​နိုင်​​လောက်​တဲ့ ​ဈေးနှုန်းရှိတဲ့ချိပ်​ထည်​ Fairy God Mother (FGM) ကို ဖန်​တီးချုပ်​လုပ်​ပြီး ​ရောင်းချ​ပေး​နေပါတယ်​။ ​ဈေးကလည်းသင့်​တင့်​ပြီး တကယ်​ကို fashionကျတဲ့  outfits ​တွေကို Online Shopping က​နေလည်း မှာလို့ရ​နေပါပြီ​နော်​။

Designer မိုးကုတ်​​ပေါက်​​ပေါက်​ရဲ့ ချိပ်​ထည်​​တွေရက်​လုပ်​တဲ့​နေရာက​တော့ မန္တ​လေးမြို့စွန်​နားက ရွာတစ်​ရွာမှာပါ။ မြန်​မာနိုင်​ငံက နာမည်​ကြီး designer ​တွေထဲက ၁​ယောက်​ဖြစ်​​နေ​ပေမယ့်​ ကိုယ့်​ကိုယ်​ကိုနှိမ့်​ချပြီး ဆက်​ဆံတတ်​တဲ့ စိတ်​ထား​ကောင်း​လေးက အရမ်းသ​ဘောကျဖို့​ကောင်းပါတယ်​။ ​ခေတ်​​ပေါ် design​တွေဘက်​မှာ​တော့ catwalk က​နေ wedding aisles ​တွေအထိ ဖန်​တီးချုပ်​လုပ်​​ပေးပါတယ်​။ သူမဖန်​တီးထားတဲ့ design​တွေက​တော့ နီးနီးနားနား ဒီရန်​ကုန်​မြို့ကို လမ်း​လျှောက်​ထွက်​လိုက်​ရင်​​တောင်​ ​တွေ့နိုင်​ပါတယ်​။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here