Advertisement


၆ကြိမ်မြောက် MYANMORE Dining and Nightlife Awards နှင့် ပထမဆုံးအကြိမ်မြောက် MYANMORE Travel Awards အား ယခုနွေဦးရာသီတွင်ကျင်းပသွားမှာဖြစ်ပါတယ်။ ထိုဆုပေးပွဲများနှင့်ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲအား ဖေဖော်ဝါရီလ ၇ရက်နေ့က 50th Street Cafe Bar & Restaurant မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

ထိုပွဲ၌ Myanmore Media Group ရဲ့ Managing Director Mr. Andreas Sigurdsson၊ Myanmar Brewery Ltd. ၏ Marketing Director ဒေါ်မြစိမ်းရည်၊ KBZ Bank ၏ Deputy CEO ဦးအောင်ကျော်မျိုးတို့မှမိန့်ခွန်းပြောကြားခဲ့ပြီး စာနယ်ဇင်းဆရာတို့သိလိုသည်များကို ဖြေကြားပေးခဲ့ပါတယ်။

ဆုပေးပွဲမှာ မြန်မာဘီယာကအဓိကပံ့ပိုးသူအဖြစ်ထပ်မံပါဝင်သွားမှာဖြစ်ပြီး တစ်နှစ်တာအကောင်းဆုံးမြန်မာပရီမီယံဘီယာဆိုင် (Myanmar Premium Beer Station of the Year) နှင့် တစ်နှစ်တာအကောင်းဆုံးမြန်မာဘီယာဆိုင် (Myanmar Beer Station of the Year) ဆုများအားပေးအပ်သွားမှာပါ။ မြန်မာဘီယာအနေနှင့် ၂၀၁၄ခုနှစ်မှစတင်၍ MYANMORE ၏ဆုပေးပွဲများအားနှစ်စဉ်ပံ့ပိုးပေးလျက်ရှိပါတယ်။

KBZPay ကလည်းဝင်ရောက်ပံ့ပိုးပေးသွားမှာဖြစ်ပြီး Entrepreneur of the Year ဆုကိုပေးအပ်သွားမှာပါ။

စာနယ်ဇင်းရှင်းလင်းပွဲအား ဖိတ်ကြားထားသောဧည့်သည်တော်များနဲ့ စာနယ်ဇင်းမိတ်ဆွေများတက်ရောက်ခဲ့ကြပါတယ်။

Photos by Mark Fernando

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here