By Gam Seng Maw
“ဟယ်နင်ဝလာတယ်နော်” လို့ နှုတ်ဆက်စကားဆိုခြင်းက ခင်မင်ရင်းနှီးမှုကို အနည်းငယ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဆီများတဲ့ အစားအသောက်တွေနဲ့ အသင့်စားအစာတွေက သင့်ခန္ဓာကိုယ်အလေးချိန်ကို အချိန်ပြည့်ခြိမ်းခြောက်နေတာပါနော်။ဒါပေမဲ့ ပြုပြင်ပြောင်းလဲလို့ရတဲ့အရာတွေဖြစ်တဲ့အတွက် “ငါအရမ်းကြီး ဝလာပြီ မလှဘဲနေတော့မယ်” ဆိုတဲ့ စိုးရိမ်လွန်အတွေးမျိုးတွေရပ်လိုက်ပါတော့။ Hollywood celebrity တွေရဲ့ နေထိုင်စားသောက်မှုပုံစံတွေ ကိုပြောပြပေးချင်ပါတယ်။ သူတို့ lifestyle ကိုလေ့လာပြီး သွယ်လျလှပတဲ့ကိုယ်ခန္ဓာကိုရရှိနိုင်ကြပါစေနော်။

မိန်းမချင်းတောင်အားကျရတဲ့ ခပ်မိုက်မိုက် Body ပိုင်ရှင် မတ်မတ် J Lo ရဲ့ရန်သူကတော့ အချိုဖြစ်ပါတယ်။ ဒါကြောင့် လက်ဘက်ရည်ကော်ဖီသောက်ရင်တောင် သကြားလုံးဝမထည့်ပါဘူး။ အသားနဲ့ငါးကိုအသီးအရွက်တွေနဲ့ ပြုတ်စားသုတ်စားလေ့ရှိပြီး ဗိုက်ဆာနေတဲ့အချိန်မှာ အဆာပြေအနေနဲ့ ထောပတ်သီး၊ ဥနီ၊ ပန်းဂေါ်ဖီ၊ ပဲနဲ့ ကြက်ဥတို့စားလေ့ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးရင် အားဖြည့်အချိုရည်အစားရေကိုသာသောက်သုံးသူတစ်ဦးဖြစ်ပါတယ်။

“Blank Space” အဆိုတော်မလေး Taylor Swift ကတော့ တစ်နေ့ကိုရေ ၁၀ဘူးတောင်သောက်ပေးတာတဲ့နော်။ ဖျော်ဖြေပွဲတွေမှာအားအင်အပြည့်နဲ့ဖျော်ဖြေတတ်တဲ့ Tay Tay ရဲ့ favourite တွေကတော့အသီးအရွက်သုပ်၊ ကြက်သားကင်၊ကြက်ဥနဲ့ ဒိန်ချဉ်တွေပါတဲ့။ အချိုဆိုလုံးဝရှောင်ထားလို့ သူရဲ့ရေခဲသေတ္တာမှာဆိုရင် သစ်သီးဖျော်ရည်နဲ့ diet coke တွေပဲအမြဲနေရာယူထားပါတယ်တဲ့။

စူပါမော်ဒယ် Gigi Hadid ရဲ့ အကြိုက်ဆုံး breakfast ကတော့ ကြက်ဥကို whole grain အသီးအချို့နဲ့ စပါယ်ရှယ်စီမံထားတဲ့ ကြက်ဥမွှေကြော်ဖြစ်ပြီး ကော်ဖီနဲ့လိမ္မော်သီးဖျော်ရည်ကိုတော့ မသောက်ရမနေနိုင်သူလေးပါ။ ကြက်သားသုပ်၊ တို့ဖူးသုပ် အရွက်သုပ်တို့ကိုလည်း တစ်ရက်တစ်ခါလောက်စားပေးပြီး ဒါတွေကိုငြီးငွေ့လာရင်တော့ အသီးအရွက်တွေကို အရသာရှိရှိ ကင်စားပါသတဲ့။

Wonder Woman သရုပ်ဆောင်ကျွန်တော်တို့ရဲ့ချစ်မမ Gal Gadot ကတော့ ပိန်ပိန်ပါးပါးခန္ဓာကိုယ်ကနေ ကျစ်လစ်သန်စွမ်းတဲ့ body မျိုးဖြစ်လာဖို့ အစားကို စည်းကမ်းတကျထိန်းခဲ့ရတာပါ။ အဆီမပါတဲ့ကြက်သား၊အမဲသားနဲ့အသီးအနှံတွေကိုပဲ အဓိကစားသုံးပါတယ်။ မနက်ပိုင်းမှာ ကြက်ဥ၊ အသီးတစ်မျိုးမျိုးနဲ့ ကော်ဖီကတော့ သူ့ရဲ့ breakfast ဖြစ်ပြီးတခါတလေတော့ ထောပတ်သီး၊ ပန်းသီး၊ လိမ္မော်သီးတို့ကို smoothie လုပ်ပြီးသောက်လေ့ရှိပါတယ်။ သူ့အသားအရေလှပမှုရဲ့ လျှို့ဝှက်ချက်ကတော့ ရေအများကြီးသောက်တာပါတဲ့။