Advertisement

By Nay Thiha

Valentine’s Day နီးလာပြီဆိုတာနဲ့ ချစ်သူစုံတွဲတိုင်းဟာကိုယ့်ချစ်ခြင်းမေတ္တာကို နည်းအမျိုးမျိုးနဲ့သက်သေပြကြစမြဲပါ။ တယောက်နဲ့တယောက်အမှတ်တရလက်ဆောင်တွေပေးရင်း ကိုယ့်အချစ်ကိုဖော်ပြကြတယ်။ လက်ဆောင်လေးတွေကလည်း ပန်းစည်းတွေ၊ ချောကလက်တွေကနေ လက်ဝတ်ရတနာတွေအထိစုံလင်လှပါတယ်။ နှင်းဆီပန်းတွေဟာအရောင်နဲ့အပွင့်အအရေအတွက်ကိုလိုက်ပြီး အဓိပ္ပာယ်အမျိုးမျိုးစောင်ပြီး လက်ဝတ်ရတနာတွေကတော့တန်ဖိုးကြီးတဲ့ချစ်ခြင်းမေတ္တာကိုကိုယ်စားပြုပါတယ်။

လက်ပတ်နာရီကတော့ ကိုယ့်ချစ်သူကိုအချိန်တိုင်းနာရီကြည့်လိုက်တိုင်းသတိရနေစေခြင်း၊ စက္ကန့်နဲ့အမျှအချစ်တွေတိုးပွားခြင်းဆိုတဲ့ အဓိပ္ပာယ်တွေကိုဆောင်ပါတယ်။ နာရီဝယ်မယ်ဆိုရင်တော့ အဖိုးတန်နာရီတွေကိုသာရောင်းချပေးနေလို့နာမည်ကြီးတဲ့ Franck Muller ကိုအရင်စဉ်းစားမိကြမှာပါ။

Sedona Hotel မြေညီထပ်မှာဖွင့်လှစ်ထားတဲ့ brand shop လေးဟာသေသပ်လှပပြီး လေထုထဲမှာသီချင်းအေးအေးလေးတွေလွင့်ပျံနေတယ်။ ဆိုင်ထဲဝင်သွားပြီဆိုတာနဲ့ဖော်ရွေပျူငှာတဲ့ ၀န်ထမ်းတွေဟာသင့်စိတ်ကြိုက်နာရီတွေအကြောင်းရှင်းပြပေးမယ်။ Valentine’s Day အတွက်ထုတ်လုပ်ထားတဲ့ Heart to Heart ကတော့ချစ်သူစုံတွဲတွေကြားမှာရေပန်းအစားဆုံး ဖြစ်နေတယ်လို့သိရပါတယ်။

ကြိုးနဲ့ကိုယ်ထည်ကို stainless steel သာသုံးထားတဲ့အတွက်ပေါ့ပါးပြီး အမြဲတောက်ပ၀င်းလက်နေတယ်။ နာရီဒိုင်ခွက်ထဲမှာမြှုပ်ထားတဲ့ အနီရောင်အသည်းပုံရတနာလေးကနေအလင်းတန်းတွေဖြာထွက်နေသယောင် ဖန်သားပြင်မှာဒီဇိုင်းဖော်ထားတာကလည်း အနုပညာတခုပါပဲ။ ဒီအသည်းပုံလေးကို ကိုယ့်စိတ်ကြိုက်ဂဏန်းတခုနေရာမှာမြှုပ်နှံထည့်သွင်းခိုင်းလို့လည်းရပါတယ်။ ကျနော်ကတော့ ၆ဂဏန်းမှာ ထည့်သွင်းထားတဲ့ဒီဇိုင်းကတော်တော်လှပထည်ဝါတာကိုသတိထားမိတယ်။ နာရီဒိုင်ခွက်အောက်ခြေကနေအလင်းတန်းတွေဖြာထွက်နေတဲ့အသည်းပုံလေးဟာ အမြဲလင်းလက်တောက်ပနေပြီး အရောင်မှိန်သွားခြင်းမရှိတဲ့ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုနေသလိုပါပဲ။ ချစ်သူဇနီးမောင်နှံတွေဆင်တူဝတ်ထားပြီဆိုရင်တော့ နာရီလေးကိုကြည့်လိုက်တိုင်း

Valentine’s Day နီးလာပြီဖြစ်လို့ ကိုယ့်ချစ်သူကိုသူများထက်လည်းဆန်းကျယ်တဲ့၊ လေးနက်မှုနဲ့လည်းပြည့်ဝတဲ့လက်ဆောင်တခုခုပေးချင်တယ်ဆိုရင်တော့ Franck Muller ရဲ့ Heart to Heart ကအကောင်းဆုံးရွေးချယ်မှုဖြစ်ပါလိမ့်မယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here