Advertisement

Reservation for ONE Championship LIVE at Sedona’s Mindon Room

မြန်မာ့စပါးအုံးအောင်လအန်ဆန်းရဲ့ ONE Light Heavyweight world title ကာကွယ်မယ့်ပွဲကို တိုကျိုမြို့မှာ အောက်တိုဘာ ၁၃ရက်နေ့ နေ့လယ် ၁၂နာရီမှာကျင်းပသွားမှာပါ။ ဒီပွဲကို Sedona Yangon ရဲ့ Mindon Room မှာတိုက်ရိုက်ကြည့်ရှုအားပေးရင်း နိုင်ငံတကာဟင်းလျာတွေပါဝင်တဲ့ဘူဖေးနေ့လယ်စာစားခွင့်ကို ၂၅ဒေါ်လာတည်းနဲ့ရရှိမှာပါ။ 09796240632 ကိုဖုန်းဆက်ပြီး reserve လုပ်နိုင်ပါပြီ။

Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။

50% Italian Cuisine Discount at The Ritz Yangon

အတန်ဆုံး offer
အီတလီဟင်းလျာတွေကို ၅၀ရာခိုင်နှုန်း discount နဲ့သုံးဆောင်ပါ
စက်တင်ဘာ ၃၀ရက်နေ့အထိသာ

The RITZ
အမှတ် (၆၁)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်း၊ ရန်ကုန်။
01 525 935
11am – 11pm

Prime Rib

ကြာသာပတေးနေ့

အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာအမဲနံရိုး Promotion လေးရှိနေတယ်နော်။ Promotion အချိန်ကတော့ 6:00pm မှ 9:00 pm ထိဖြစ်ပါတယ်။ ပန်းသီးပင်ကထင်းနဲ့ ၉နာရီခန့် ဖြေးညှင်းစွာကင်ထားတဲ့ အမဲနံရိုး + ပဲဟင်း + အရွက်သုပ်တို့ကို ကျပ် ၂၂၈၀၀ + (Gov Tax 5% + Service Charges 5%) နဲ့ ကြိုက်သလောက်စားလို့ရတဲ့အပြင် Heneiken, Kirin, Myanmar Premium စတဲ့ဘီယာ ၃မျိုးထဲက ကိုယ်ကြိုက်တာကို free flow သောက်လို့ရပါတယ်။ Beer မသောက်တဲ့သူတွေအတွက်လည်း Soft Drinks Free Flow ရနိုင်ပါတယ်။

သောကြာနေ့

သောကြာနေ့တိုင်း ၁.၃ကီလိုဂရမ်ရှိတဲ့ Black Angus Tomahawk ကိုထင်းမီးနဲ့ချက်ထားတဲ့ဟင်းလျာ၊ အရန်ဟင်း ၂ပွဲနဲ့ Domaine Boyar Merlot တပုလင်းကို ကျပ် ၉၉၀၀၀ နဲ့ရရှိနိုင်ပြီနော်။ ကိုယ့်မိသားစု၊ အပေါင်းအသင်းတွေနဲ့ဝိုင်းဖွဲ့စားလို့သင့်လျော်ပါတယ်။

စနေနေ့

စနေနေ့တိုင်း ညနေ ၆နာရီကနေ ၉နာရီအထိ ကျပ်၂၅၀၀၀ + (Gov Tax 5% + Service Charges 5%) တည်းနဲ့ အမဲရင်လူးသားကင်၊ ပဲဟင်း + အရွက်သုပ်တို့ကို ကြိုက်သလောက်စားလို့ရတဲ့အပြင် Heneiken, Kirin, Myanmar Premium စတဲ့ဘီယာ ၃မျိုးထဲက ကိုယ်ကြိုက်တာကို free flow သောက်လို့ရပါတယ်။ Beer မသောက်တဲ့သူတွေအတွက်လည်း Soft Drinks Free Flow ရနိုင်ပါတယ်။

တနင်္ဂနွေနေ့

New York Striploin 250g ၂ပွဲ အရံဟင်း ၂မျိုး Red Wine ၁လုံးကိုမှ စုစုပေါင်း ၄၉၀၀၀ကျပ် + (Gov Tax 5%+ Service Charges 5%) တည်းနဲ့သုံးဆောင်နိုင်မှာပါ။

ဒီ promotion တွေအားလုံးအတွက်ကြိုတင်ဘွတ်ကင်လုပ်ထားချင်တယ်ဆိုရင်တော့ 09264655551 ကိုဆက်သွယ်လိုက်ပါ။

Prime Rib
G13/14၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ရန်ကုန်။
10:30am – 11:00pm

The Strand’s Staycation Package

Strand Hotel ရဲ့ Deluxe Suite မှာ ၂ယောက်ကို USD299 နဲ့တည staycation နေလို့ရနေပြီနော်။ တယောက်ကို မိနစ် ၆၀စာ massage၊ Strand Café မှာ ဟင်းပွဲ ၃ပွဲပါတဲ့ set ကို နေ့လယ်စာ (သို့) ညစာနှစ်သက်ရာရွေးချယ်ခွင့်တွေရမှာဖြစ်ပါတယ်။ စက်တင်ဘာ ၃၀ရက်နေ့အထိဒီအစီအစဉ်ရှိမှာဖြစ်ပြီး ဒီဇင်ဘာ ၃၁အထိ ကိုယ်အဆင်ပြေတဲ့ရက်မှာတည်းခိုနိုင်ပါတယ်။

Call at (95) 1243 377                                         
Email at [email protected]

The Strand Hotel Yangon
အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်။

Jazz Night at Sarkies Bar

Phoe Kalae on the Guitar, Kyi Maung on the Clarinet, Pho Khwar on the Piano and Ye Lin Moe on the Drums

Wednesday 2nd October 2019

မြန်မာနိုင်ငံမှာ နှစ် ၂၀ကျော်ကြာအတွေ့အကြုံရှိတဲ့ jazz တီးဝိုင်း Rainbow IV ကနောက်အပတ် ဗုဒ္ဒဟူးနေ့မှာ Strand Yangon က Sarkies Bar မှာဖျော်ဖြေသွားမှာပါ။ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ည ၇နာရီကနေ ၁၀နာရီအထိဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ဒီအချိန်တွေမှာ နိုင်ငံခြားကတင်သွင်းတဲ့ဘီယာကို ၅ဒေါ်လာ၊ နှစ်သက်ရာကော့တေးတခွက်ကို ၆ဒေါ်လာ၊ ၀ိုင်ကိုလည်းတခွက် ၆ဒေါ်လာနဲ့သုံးဆောင်နိုင်မှာပါ။

The Strand Hotel Yangon
အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်။

G Talk Yangon: How To Step Up Your Photography Game?

စက်တင်ဘာ ၃၀မှာကျင်းပမယ့် G Talk မှာဓာတ်ပုံပညာနဲ့ပတ်သက်တဲ့ vlogger ကောင်းမြတ်သူနဲ့ မင်းသန့်ကိုတို့ဟာ အကုန်အကျသက်သက်သာသာနဲ့ပုံကောင်းတွေရအောင်ဘယ်လိုရိုက်ကူးမလဲ ဆိုတာပြောပြသွားမှာပါ။

HOTEL G YANGON

အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
23rd of September
5:30pm – 6:30pm

Babett goes live! x Max Desma x Csallo x Shun

ဒီစနေနေ့ Babett Goes Live ကတော့ DJ night လို့ပြောရမှာပါ။ DJ Shun Nishimura, DJ Max Dasma and DJ Csallo တို့ဟာ ည ၈နာရီကနေညဥ့်နက်တဲ့အထိဖျော်ဖြေသွားမှာဖြစ်ပါတယ်။ Live DJ ကိုနားထောင်ရင်း ပြင်သစ်အစားအသောက်တွေကို ကော့တေး၊ ဘီယာတို့နဲ့သုံးဆောင်ရင်း စနေနေ့ညကိုဖြတ်သန်းရအောင်နော်။

🍷 ၀ိုင် from only 4,500 MMK
🍺 ဘီယာ from 2,500 MMK
🍸 ကော့တေး from 7,500MMK

HOTEL G YANGON

အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
23rd of September
5:30pm – 6:30pm

Ember’s very first DJ night with Reload Entertainment

Ember ဟာပထမဆုံးအကြိမ်အဖြစ် DJ Night ကိုစက်တင်ဘာ ၂၇မှာ ည ၇နာရီကနေ ၉နာရီအထိ ကျင်းပတော့မှာပါ။ Reload Entertainment နဲ့ပူးပေါင်းကျင်းပတဲ့ဒီပွဲကို Cocktails & Dreams လို့အမည်ပေးထားပြီး DJ Flava ကလည်း special guest အဖြစ်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ Special cocktail တွေဖြစ်တဲ့ Ember Punch, the Earl Grey Gin & Tonic တွေအပြင် ဂျပန်စတိုင်ကြက်သားကင်နဲ့ကြက်တောင်ပံကင်တွေကလည်း ၂နာရီလုံးလုံး free flow ရှိနေမှာနော်။

27-Sept-2019
From 7PM Till 9PM

Ticket Prices:
35,000 Kyats Per Person (Early Bird)
40,000 Kyats Per Person (Door Entry)

Early Bird Ticket တွေကို Ember Restaurant မှာရယူနိုင်ပါပြီ
RSVP: 09 777 178 630 / [email protected]

Ember Japanese Restaurant
ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
09 777 178630
12pm until late

Friday Ladies’ Night at Knob N’ Knockers

သောကြာနေ့တိုင်း lady တွေအတွက် ညနေ ၆နာရီက ၉နာရီအထိ ကော့တေးအခမဲ့သုံးဆောင်နိုင်မယ့် promotion ကိုနိုဝင်ဘာလကုန်အထိတိုးမြှင့်ပေးထားပါတယ်။

Knob N’ Knockers
No. D12 မြေညီထပ်၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 699 849777
11:00 AM – 12:00 AM

FG Live Lounge – SNARE

September 28 ရက်နေ့ FG Live Lounge မှာ SNARE ရဲ.ဖျော်ဖြေတင်ဆက်မှုတွေ ရှိတယ်နော်
လက်မှတ်အကန့်အသတ်ရှိတာဖြစ်လို့ အခုကတည်းက ဝယ်ထားမှ စိတ်ချရမယ်နော်

The Stage is Yours!
September 28th ➡ SNARE
Band ➡ Lucky Hand
ပွဲအချိန် ➡ ည ၆း၀၀ နာရီ
နေရာ ➡ ရေကူးစတူဒီယို (ဝေဇယန္တာလမ်းမကြီးပေါ်ရှိ Gandamar Whole Sale အနီး)
လက်မှတ် ဈေးနှုန်း ➡ ၁၅၀၀၀ ကျပ်

Jazz in Yangon with Danilo Rea

ငြိမ့်ငြိမ့်ညောင်းညောင်းဂျက်ဇ်တေးသွားလေးတွေကိုကြိုက်နှစ်သက်သူများအတွက် အီတလီကနာမည်ကျော်စန္ဒရားပညာရှင် Danilo Rea ရဲ့ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၇ရက်နေ့ (သောကြာနေ့) ကျရင် ညနေ ၇နာရီကစပြီး Rosewood Yangon မှာကျင်းပသွားမယ်ဆိုတာ သတင်းကောင်းပါးပါရစေ။ ဒီဖျော်ဖြေပွဲကို Italian Embassy in Yangon ကစီစဉ်ခြင်းဖြစ်ပါတယ်။

Rea ဟာသတ္တိရှိရှိနဲ့တေးသွားတွေတီထွင်ဖန်တီးတတ်သူလို့ နာမည်ကြီးပါတယ်။ သူ့စိတ်ခံစားချက်နဲ့ တီထွင်ဖန်တီးဥာဏ်ကွန့်မြူးတဲ့အတိုင်းတီးခတ်တတ်သူဖြစ်တာကြောင့် နားထောင်သူတွေဟာ တမူထူးခြားတဲ့တေးသံတွေကိုနားဆင်ရလေ့ရှိတယ်။ ဂန္ထ၀င်တေး၊ ရော့ခ်နဲ့ ပေါ့ပ်ဂီတတွေကိုလေ့လာဖူးသူ ဖြစ်တဲ့အလျောက်ဒီအတွေ့အကြုံတွေကိုသူစွဲလမ်းရာဂျက်ဇ်ဂီတနဲ့ပေါင်းစပ်ပြီး ပရိသတ်တွေကိုဖျော်ဖြေလေ့ရှိသူပါ။ သူ့ရဲ့ဂီတကလည်းတုဘက်ပြိုင်ဘက်ကင်းပြီး ဖန်တီးမှုတိုင်းမှာသူ့ကိုယ်ပိုင်ဟန်ကိုတွေ့နိုင်ပါတယ်။

မိသားစု၊ ချစ်သူခင်သူတွေနဲ့အတူတူဂျက်ဇ်ဂီတတွေခံစားရအောင်လားဗျာ။

ပွဲချိန်
27 September at 7:00 pm

နေရာ
Grand Ballroom of the Rosewood Hotel in Yangon.
ဝင်ကြေးအခမဲ့ပါ

ဒီပွဲကို NEW HOLLAND AGRICULTURE နဲ့ ROSEWOOD YANGON တို့ကကူညီပံ့ပိုးပေးပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here