Advertisement

ဒီရက္ပိုင္းေတြမွာမျပည့္သီရိေသာ္ေတာ္ေတာ္အလုပ္မ်ားေနတယ္။ သူမတည္ေထာင္ထားတဲ့ The Myanmar Certified Training Centre (MCTC) ရဲ႕လုပ္ငန္းေတြကိုလည္းစီမံေနရသလို မၾကာခင္ Rosewood Yangon မွာက်င္းပမယ့္ Myanmar Women of Vision ဂုဏ္ျပဳညစာစားပြဲကိုလည္း အေခ်ာသပ္ေနရပါတယ္။ Pullman-Centre Point Hotel မွာမနက္စာစားေနေပမယ့္ သူမရဲ႕အာရံုဟာစားပြဲေပၚကစားေကာင္းေသာက္ဖြယ္ေတြမွာမရွိပါဘူး။ လပ္ပ္ေတာ့နဲ႔ ဖုန္းကတဆင့္အလုပ္လုပ္ရင္း ေကာ္ဖီတက်ိဳက္က်ိဳက္လိုက္၊ ၾကက္ဥေမႊေၾကာ္တစ္ဇြန္းစားလိုက္နဲ႔ ျဖတ္သန္းရတဲ့မနက္ခင္းေတြဟာသူမလိုစြန္႔ဦးတီထြင္လုပ္ငန္းရွင္တစ္ေယာက္အတြက္ အထူးအဆန္းေတာ့မဟုတ္။ နယ္ပယ္အသီးသီးမွာေအာင္ျမင္ေနတဲ့ ျမန္မာအမ်ိဳးသမီးစြမ္းေဆာင္ရွင္ေတြကိုဂုဏ္ျပဳမယ့္ညစာစားပြဲကိုစီစဥ္ရတာ အရမ္းတာ၀န္ၾကီးတယ္။ ဒါေပမယ့္ ဒီပြဲကိုသူမအေနနဲ႔ေအာင္ျမင္ေအာင္လုပ္မယ္လို႔ စိတ္ပိုင္းျဖတ္ထားျပီးသားပါ။

ဒီညစာစားပြဲအခမ္းအနားဟာျမန္မာႏိုင္ငံရဲ႕ဒုတိယသမၼတတစ္ဦးျဖစ္တဲ့ ဦးဟင္နရီဗန္ထီးယူရဲ႕ဇနီးသည္ ေဒါက္တာအန္နာေရႊလႊမ္းကိုယ္တုိင္တက္ေရာက္မယ့္ပြဲလည္းျဖစ္တယ္။ ေဒါက္တာအန္နာဟာ ၾသဇာၾကီးမားတဲ့လုပ္ငန္းရွင္အမ်ိဳးသမီးေတြ၊ စြန္႔ဦးတီထြင္အမ်ိဳးသမီးလုပ္ငန္းရွင္ေတြပါ၀င္တဲ့ Myanmar Women Leaders Programme မွာလည္းပါ၀င္ပါေသးတယ္။ ဒီအဖြဲ႔အစည္းဟာျမန္မာအမ်ိဳးသမီးလုပ္ငန္းရွင္ေတြၾကား ခင္မင္ရင္းႏွီးမႈျမွင့္တင္ဖို႔၊ အလုပ္အကိုင္အခြင့္အလမ္းေတြပူးေပါင္းဖန္တီးဖို႔၊ ေခါင္းေဆာင္မႈအရည္အေသြးတိုးတက္ေစဖို႔ရည္ရြယ္ပါတယ္။

မသီရိဟာဒီႏွစ္ႏွစ္လယ္ပိုင္းေလာက္မွာ နယ္ပယ္အသီးသီးမွာေအာင္ျမင္ေနတဲ့အမ်ိဳးသမီးစြမ္းေဆာင္ရွင္ ၁၁ေယာက္ပါ၀င္တဲ့အဖြဲ႔ကိုဦးေဆာင္ျပီး ဂ်ာမနီ၊ အီတလီနဲ႔ ဆြစ္ဇာလန္ႏုိင္ငံေတြဆီ ေလ့လာေရးခရီးထြက္ခဲ့ပါေသးတယ္။ ဒီခရီးစဥ္မွာကမာၻ႔အၾကီးဆံုးကားစင္းလံုးငွားလုပ္ငန္းေတြထဲက တစ္ခုျဖစ္တဲ့ SIXT International ရဲ႕ Senior Executive Vice President ျဖစ္သူ Regine Sixt အပါအ၀င္ဥေရာပစြန္႔ဦးတီထြင္လုပ္ငန္းရွင္ အမ်ိဳးသမီးေတြနဲ႔ေတြ႔ဆံုျပီးအေတြ႔အၾကံဳေတြဖလွယ္ခဲ့ပါတယ္။ ဒီဥေရာပႏုိင္ငံ ၃ႏုိင္ငံက တကၠသိုလ္ေတြဆီလည္ပတ္ေလ့လာခဲ့သလို ျမဴးနစ္က အမ်ိဳးသမီးဘုတ္အဖြဲ႔၀င္ေတြခ်ည္းပဲရွိတဲ့ TUM University ကိုလည္းသြားေရာက္ခဲ့ျပီး ပညာေရးေလာကကအမ်ိဳးသမီးေခါင္းေဆာင္ေတြရဲ႕ အခန္းက႑ကိုလည္းေလ့လာခဲ့ပါတယ္။

ဒီခရီးစဥ္ကေနတဆင့္ဥေရာပႏုိင္ငံေတြရဲ႕စီးပြားေရးေလာကမွာေယာက်္ားမိန္းမတန္းတူအခြင့္အေရးရပံုကို ေတြ႔ရွိခဲ့ရသလို ျမဴးနစ္မွာလုပ္ခဲ့တဲ့အလုပ္ရံုေဆြးေႏြးပြဲေတြေၾကာင့္စြန္႔ဦးတီထြင္စီးပြားေရးလုပ္ငန္းေတြရဲ႕ သေဘာတရားအေၾကာင္းေလ့လာႏိုင္ခဲ့ျပီး တီထြင္ဖန္တီးမႈစြမ္းရည္ကိုျမွင့္တင္ဖို႔ သင္ခန္းစာေတြလည္းရခဲ့ပါတယ္။ ဆြစ္ဇာလန္ကိုေရာက္တုန္း St Gallen University ရဲ႕ Corporate Governance အေၾကာင္းကိုသင္ယူႏိုင္ခဲ့တယ္။ ဒီခရီးစဥ္မွာပါ၀င္တဲ့ျမန္မာအမ်ိဳးသမီးလုပ္ငန္းရွင္ေတြဟာဥေရာပအမ်ိဳးသမီးစီးပြားေရးေခါင္းေဆာင္ေတြနဲ႔အေတြ႔အၾကံဳဖလွယ္ခြင့္ရခဲ့ျပီး ျမန္မာႏုိင္ငံကစြန္႔ဦးတီထြင္လုပ္ငန္းရွင္မိန္းမသားေတြၾကံဳေတြ႔ရတဲ့စိန္ေခၚမႈေတြ၊ အခြင့္အလမ္းေတြအေၾကာင္းေျပာျပခြင့္ရခဲ့ပါတယ္။ အသိသာအထင္ရွားဆံုးရလဒ္တစ္ခုကေတာ့ဒီခရီးစဥ္မွာပါ၀င္တဲ့ အမ်ိဳးသမီးလုပ္ငန္းရွင္ေတြအခ်င္းခ်င္း ခိုင္မာတဲ့ရင္းႏွီးခ်စ္ခင္မႈေတြတည္ေဆာက္ႏုိင္ခဲ့တာပါပဲ။

မသီရိဟာကမာၻလံုးဆိုင္ရာအမ်ိဳးသမီးညီလာခံ (Global Women’s Conference) ကိုျမန္မာႏုိင္ငံမွာပထမဆံုးအၾကိမ္အျဖစ္ႏုိ၀င္ဘာလမွာက်င္းပဖို႔စီစဥ္လ်က္ရွိပါတယ္။ ဒီအခမ္းအနားမွာ ႏိုင္ငံတကာကပညာရွင္ေတြ လုပ္ငန္းရွင္ေတြလာေရာက္ျပီး ေဟာေျပာမွာျဖစ္ပါတယ္။ ဒီအခမ္းအနားဟာျမန္မာအမ်ိဳးသမီးစြမ္းေဆာင္ရွင္အသိုင္းအ၀ိုင္းအတြက္အေထာက္အပံ့ျဖစ္ဖို႔ ရည္ရြယ္ပါတယ္။

စာသင္ၾကားေပးရတာ၀ါသနာပါတဲ့မသီရိဟာ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းတစ္ခုလုပ္တဲ့အခါမွာလည္း ပညာေရးနဲ႔ပတ္သက္တဲ့လုပ္ငန္းကိုပဲလုပ္ျဖစ္ခဲ့ပါတယ္။ စင္ကာပူမွာကိုယ့္အားကိုယ္ကိုးျပီး Business Management Marketing နဲ႔ Finance ဘြဲ႔ ၂ခုယူႏုိင္ခဲ့တယ္။ ျပီးေတာ့အိႏၵိယကိုေျပာင္းေရႊ႕ အလုပ္လုပ္ခဲ့ျပီး ႏုိင္ငံတ၀ွမ္းသင္ၾကားေရးစင္တာ ၁၁ခုဖြင့္လွစ္ႏုိင္ခဲ့ပါတယ္။ ၂၀၁၂ခုႏွစ္မွာေတာ့ ရန္ကုန္မွာ Lithan University တည္ေထာင္ဖို႔ျမန္မာႏုိင္ငံကိုျပန္လာခဲ့တယ္။ အဲ့ဒီအခ်ိန္မွာ ျမန္မာႏိုင္ငံကစတင္ေျပာင္းလဲေနျပီ။ ပညာေရးက႑မွာလည္းျပဳျပင္ေျပာင္းလဲမႈေတြရွိလာေပမယ့္ ဘြဲ႔ရေတြမွာရွိတဲ့စြမ္းေဆာင္ရည္ဟာ တကယ့္လုပ္ငန္းခြင္ေတြအတြက္မလံုေလာက္ေသးပါဘူး။ ဒီကြယ္လပ္ကိုျဖည့္ႏုိင္ရင္ႏိုင္ငံအတြက္သိသာတဲ့ တုိးတက္ေျပာင္းလဲမႈေတြဖန္တီးႏုိင္မယ္ဆိုတာ မသီရိသေဘာေပါက္ခဲ့တယ္။

Photo: Gerhard Joren.

မသီရိဟာ Strand Hotel ရဲ႕စတိုခန္းထဲမွာ ၀န္ထမ္း ၂ေယာက္၊ စားပြဲတစ္လံုး၊ ထိုင္ခံု ၃ခုနဲ႔ Myanmar Certified Training Centre (MCTC) ကိုစတင္တည္ေထာင္ခဲ့ပါတယ္။ ဒီသင္တန္းဟာ လုပ္ငန္းခြင္အသံုး၀င္မႈနဲ႔၀န္ထမ္းေတြရဲ႕စြမ္းေဆာင္ရည္ကိုေရွးရႈသင္ၾကားေပးတဲ့ သင္တန္းေက်ာင္းျဖစ္ပါတယ္။ စာေတြ႔ဦးစားေပးသင္ၾကားေလ့ရွိတဲ့ျမန္မာႏိုင္ငံမွာ ပထမဆံုးအၾကိမ္အျဖစ္ လက္ေတြ႔လုပ္ငန္းခြင္အရည္အေသြးတုိးတက္ဖို႔အာရံုစိုက္ေလ့က်င့္ေပးတဲ့သင္တန္းလည္းျဖစ္ပါတယ္။ ဒီသင္တန္းရဲ႕အေစာဆံုးစီမံကိန္း Myanmar Financial Centre (MFC) ဟာအခုဆိုရင္ ႏုိင္ငံတကာကပညာရွင္ေတြနဲ႔ပူးေပါင္းသင္ၾကားရင္း ႏုိင္ငံတကာအသိအမွတ္ျပဳလက္မွတ္ေတြေပးအပ္ႏုိင္တဲ့ သင္တန္းတစ္ခုျဖစ္ေနပါျပီ။ ၂၀၁၅ခုႏွစ္မွာစတင္ခဲ့တဲ့ MFC ဟာဘဏ္လုပ္ငန္း၊ ေငြေၾကးလုပ္ငန္းနဲ႔ စီမံခန္႔ခြဲေရးနယ္ပယ္ေတြမွာ ကၽြမ္းက်င္လုပ္သားမ်ားစြာကိုေမြးထုတ္ေပးႏိုင္ခဲ့ပါတယ္။ ၂၀၁၈မွာေတာ့ ပထမဆံုးဥေရာပေလ့လာေရးခရီးစဥ္ Myanmar Future of Finance Fellowship ကိုစီစဥ္ခဲ့တယ္။ ဒီခရီးစဥ္မွာ ျမန္မာ့ေငြေၾကးနဲ႔ဘဏ္လုပ္ငန္းနယ္ပယ္ကအၾကီးတန္းကိုယ္စားလွယ္ေတြပါ၀င္ခဲ့ျပီး ဂ်ာမနီႏုိင္ငံကိုလည္ပတ္ရင္းႏိုင္ငံတကာေငြေၾကးလုပ္ငန္းကိုေလ့လာခဲ့ပါတယ္။ ဒီခရီးစဥ္ဟာကမာၻမွာေခတ္စားေနတဲ့ဘဏ္လုပ္ငန္းစဥ္ေတြနဲ႔ အခြင့္အလမ္းသစ္ေတြကို ျမန္မာႏုိင္ငံဆီယူေဆာင္လာဖို႔ရည္ရြယ္ပါတယ္။

အခုအခ်ိန္မွာေတာ့ MCTC မွာ၀န္ထမ္း ၇၀ေက်ာ္ရွိျပီး အမ်ားစုကအမ်ိဳးသမီးေတြျဖစ္တယ္။ Myanmar Project Management Centre (MPC) ကို ၂၀၁၆မွာစတင္တည္ေထာင္ျပီး သင္ၾကားေရးလုပ္ငန္းေတြတုိးခ်ဲ႕ႏုိင္ခဲ့တယ္။ ယေန႔အထိျမန္မာႏိုင္ငံတ၀ွမ္းမွာ ပညာရွင္ ၃၀၀၀ေက်ာ္ကို ႏုိင္ငံတကာအသိအမွတ္ျပဳလက္မွတ္ေတြရေအာင္ သင္ၾကားေပးခဲ့ျပီးပါျပီ။ ရန္ကုန္၊ မႏၱေလး၊ မေကြး၊ ေတာင္ၾကီး၊ ေနျပည္ေတာ္ေတြမွာသင္တန္းေတြပို႔ခ်ေနပါတယ္။ လစဥ္လတုိင္းဖြင့္လွစ္တဲ့ ၅ရက္တာစီမံခန္႔ခြဲေရးပရိုဂရမ္ကိုတက္ေရာက္တဲ့ေက်ာင္းသားရာဂဏန္းအထက္မွာရွိတယ္။ MPC ဟာႏိုင္ငံျခားေက်ာင္းသားေတြကိုပါ Project Management Programme ေတြသင္ၾကားေပးေနတဲ့ တစ္ခုတည္းေသာသင္တန္းေက်ာင္းလည္းျဖစ္ပါတယ္။ စင္ကာပူ၊ ဗီယက္နမ္နဲ႔ မေလးရွားကေက်ာင္းသားေတြဟာ ျမန္မာႏိုင္ငံကိုလာေရာက္ျပီး MPC မွာပညာဆည္းပူးလ်က္ရွိပါတယ္။

MCTC အခ်ိန္တုိအတြင္းေအာင္ျမင္လာခဲ့တာသူမရဲ႕၀န္ထမ္းေတြအလုပ္ၾကိဳးစားမႈေၾကာင့္ျဖစ္သလို သူမရဲ႕အေတြးအေခၚေတြကိုယံုယံုၾကည္ၾကည္နဲ႔ပံ့ပိုးကူညီတဲ့ ၀န္ၾကီးဌာနေတြ နယ္ပယ္အသီးသီးကလုပ္ငန္းရွင္ေတြေၾကာင့္လည္းပါေၾကာင္းေျပာတယ္။

ေခတ္ကာလအလိုက္လုိအပ္ခ်က္ေတြကိုေလ့လာရင္း ေျဖရွင္းခ်က္ထုတ္ျခင္းက သူမရဲ႕အရည္အခ်င္းလို႔ေျပာရမယ္။ အက်ိဳးအျမတ္မေမွ်ာ္ကိုးတဲ့ JUMPSTART သင္တန္းက အေကာင္းဆံုးဥပမာတစ္ခုပါ။ ဒီသင္တန္းဟာျမန္မာႏိုင္ငံရဲ႕ကၽြမ္းက်င္လုပ္သားလိုအပ္ခ်က္ကို ျဖည့္ဆည္းႏုိင္ဖို႔ ေနာက္ဆံုးႏွစ္ေက်ာင္းသားေတြကို စီမံခန္႔ခြဲေရးနဲ႔ လုပ္ငန္းခြင္မွာလိုအပ္တဲ့အတတ္ပညာေတြ သင္ၾကားေပးပါတယ္။ ဒီသင္တန္းကိုတက္ေရာက္ျပီးတဲ့ေက်ာင္းသားေတြဟာ ဘြဲ႔ရျပီးလုပ္ငန္းခြင္၀င္ဖို႔အဆင္သင့္ျဖစ္ေနမွာပါ။ ၂၀၁၇ကစတင္တဲ့ JUMPSTART ဟာအခုဆိုရင္ႏိုင္ငံတ၀ွမ္းတကၠသိုလ္ ၇ခုကဘြဲ႔ၾကိဳေက်ာင္းသား ၈၀၀ေက်ာ္ကိုသင္ၾကားေပးျပီးပါျပီ။

ျမန္မာ့ပထမဆံုး စီမံခန္႔ခြဲေရးမဂၢဇင္း PULSE ကိုထုတ္ေ၀ျခင္း၊ International Project Management Symposium က်င္းပျခင္းေတြဟာျမန္မာႏုိင္ငံရဲ႕အနာဂတ္နဲ႔ပတ္သက္တဲ့ သူမရဲ႕ယံုၾကည္ခ်က္ကို ထင္ဟပ္ေနပါတယ္။ MPC ဟာ Project Management Institute နဲ႔ APM Group တို႔ရဲ႕အသိအမွတ္ျပဳခံရျပီးသားအဖြဲ႔အစည္းပါ။ Project Management Professional (PMP) သင္တန္းေတြပို႔ခ်လ်က္ရွိသလို၊ ပထမဆံုးအေနနဲ႔  Project Management for Sustainable Tourism Programme (PM4SD) ဆိုတဲ့ခရီးသြားလုပ္ငန္းအထူးျပဳစီမံခန္႔ခြဲေရးသင္တန္းကိုလည္း သင္ၾကားေနပါတယ္။

အနာဂတ္ျမန္မာႏုိင္ငံအတြက္ပညာရွင္ေတြကိုျပဳစုပ်ိဳးေထာင္မႈနဲ႔ပတ္သက္ျပီး မသီရိကသူ႔အျမင္ကိုအခုလိုေျပာပါတယ္။  

“ျမန္မာႏိုင္ငံအခုၾကံဳေတြ႔ေနရတဲ့ေျပာင္းလဲမႈဟာေတာ္ေတာ့္ကိုၾကီးမားပါတယ္။ ဒီအခ်ိန္မွာျပည္သူေတြအတြက္ေကာင္းေသာေျပာင္းလဲျခင္းေတြဖန္တီးႏုိင္ဖို႔အေရးၾကီးတယ္။ ဒီအခ်ိန္ဟာႏုိင္ငံကိုေျပာင္းလဲဖို႔အားလံုးလက္တြဲအလုပ္လုပ္ရမယ့္အခ်ိန္လည္းျဖစ္တယ္။ အေျပာင္းအလဲကိုထုိင္ေစာင့္ေနလို႔ေတာ့မရဘူး။ ကၽြန္မတုိ႔ကိုယ္တုိင္ကေျပာင္းလဲမႈကို ေဆာင္ၾကဥ္းႏုိင္ဖို႔လိုပါတယ္။”

Cliff Lonsdale ေရးသားတဲ့ စက္တင္ဘာလထုတ္ Myanmore Magazine ရဲ႕မ်က္ႏွာဖံုးေဆာင္းပါး A Passion for Education – Pyit Thiri Thaw ကိုျမန္မာဘာသာျပန္ဆိုေဖာ္ျပျခင္းျဖစ္ပါသည္။

မသီရိနဲ႔အခ်စ္ေတာ္ေခြးေလး ဗစ္တာ (Photo: Gerhard Joren)

UNICODE

ဒီရက်ပိုင်းတွေမှာမပြည့်သီရိသော်တော်တော်အလုပ်များနေတယ်။ သူမတည်ထောင်ထားတဲ့ The Myanmar Certified Training Centre (MCTC) ရဲ့လုပ်ငန်းတွေကိုလည်းစီမံနေရသလို မကြာခင် Rosewood Yangon မှာကျင်းပမယ့် Myanmar Women of Vision ဂုဏ်ပြုညစာစားပွဲကိုလည်း အချောသပ်နေရပါတယ်။ Pullman-Centre Point Hotel မှာမနက်စာစားနေပေမယ့် သူမရဲ့အာရုံဟာစားပွဲပေါ်ကစားကောင်းသောက်ဖွယ်တွေမှာမရှိပါဘူး။ လပ်ပ်တော့နဲ့ ဖုန်းကတဆင့်အလုပ်လုပ်ရင်း ကော်ဖီတကျိုက်ကျိုက်လိုက်၊ ကြက်ဥမွှေကြော်တစ်ဇွန်းစားလိုက်နဲ့ ဖြတ်သန်းရတဲ့မနက်ခင်းတွေဟာသူမလိုစွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်အတွက် အထူးအဆန်းတော့မဟုတ်ဘူး။ နယ်ပယ်အသီးသီးမှာအောင်မြင်နေတဲ့ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်တွေကိုဂုဏ်ပြုမယ့်ညစာစားပွဲကိုစီစဉ်ရတာ အရမ်းတာဝန်ကြီးတယ်။ ဒါပေမယ့် ဒီပွဲကိုသူမအနေနဲ့အောင်မြင်အောင်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားပြီးသားပါ။

ဒီညစာစားပွဲအခမ်းအနားဟာမြန်မာနိုင်ငံရဲ့ဒုတိယသမ္မတတစ်ဦးဖြစ်တဲ့ ဦးဟင်နရီဗန်ထီးယူရဲ့ဇနီးသည် ဒေါက်တာအန်နာရွှေလွှမ်းကိုယ်တိုင်တက်ရောက်မယ့်ပွဲလည်းဖြစ်တယ်။ ဒေါက်တာအန်နာဟာ သြဇာကြီးမားတဲ့လုပ်ငန်းရှင်အမျိုးသမီးတွေ၊ စွန့်ဦးတီထွင်အမျိုးသမီးလုပ်ငန်းရှင်တွေပါဝင်တဲ့ Myanmar Women Leaders Programme မှာလည်းပါဝင်ပါသေးတယ်။ ဒီအဖွဲ့အစည်းဟာမြန်မာအမျိုးသမီးလုပ်ငန်းရှင်တွေကြား ခင်မင်ရင်းနှီးမှုမြှင့်တင်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းတွေပူးပေါင်းဖန်တီးဖို့၊ ခေါင်းဆောင်မှုအရည်အသွေးတိုးတက်စေဖို့ရည်ရွယ်ပါတယ်။

မသီရိဟာဒီနှစ်နှစ်လယ်ပိုင်းလောက်မှာ နယ်ပယ်အသီးသီးမှာအောင်မြင်နေတဲ့အမျိုးသမီးစွမ်းဆောင်ရှင် ၁၁ယောက်ပါဝင်တဲ့အဖွဲ့ကိုဦးဆောင်ပြီး ဂျာမနီ၊ အီတလီနဲ့ ဆွစ်ဇာလန်နိုင်ငံတွေဆီ လေ့လာရေးခရီးထွက်ခဲ့ပါသေးတယ်။ ဒီခရီးစဉ်မှာကမ္ဘာ့အကြီးဆုံးကားစင်းလုံးငှားလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ SIXT International ရဲ့ Senior Executive Vice President ဖြစ်သူ Regine Sixt အပါအဝင်ဥရောပစွန့်ဦးတီထွင်လုပ်ငန်းရှင်အမျိုးသမီးတွေနဲ့တွေ့ဆုံပြီးအတွေ့အကြုံတွေဖလှယ်ခဲ့ပါတယ်။ ဒီဥရောပနိုင်ငံ ၃နိုင်ငံက တက္ကသိုလ်တွေဆီလည်ပတ်လေ့လာခဲ့သလို မြူးနစ်က အမျိုးသမီးဘုတ်အဖွဲ့ဝင်တွေချည်းပဲရှိတဲ့ TUM University ကိုလည်းသွားရောက်ခဲ့ပြီး ပညာရေးလောကကအမျိုးသမီးခေါင်းဆောင်တွေရဲ့အခန်းကဏ္ဍကိုလည်းလေ့လာခဲ့ပါတယ်။

ဒီခရီးစဉ်ကနေတဆင့်ဥရောပနိုင်ငံတွေရဲ့စီးပွားရေးလောကမှာယောကျ်ားမိန်းမတန်းတူအခွင့်အရေးရပုံကို တွေ့ရှိခဲ့ရသလို မြူးနစ်မှာလုပ်ခဲ့တဲ့အလုပ်ရုံဆွေးနွေးပွဲတွေကြောင့်စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းတွေရဲ့ သဘောတရားအကြောင်းလေ့လာနိုင်ခဲ့ပြီး တီထွင်ဖန်တီးမှုစွမ်းရည်ကိုမြှင့်တင်ဖို့ သင်ခန်းစာတွေလည်းရခဲ့ပါတယ်။ ဆွစ်ဇာလန်ကိုရောက်တုန်း St Gallen University ရဲ့ Corporate Governance အကြောင်းကိုသင်ယူနိုင်ခဲ့တယ်။ ဒီခရီးစဉ်မှာပါဝင်တဲ့မြန်မာအမျိုးသမီးလုပ်ငန်းရှင်တွေဟာ ဥရောပအမျိုးသမီးစီးပွားရေးခေါင်းဆောင်တွေနဲ့အတွေ့အကြုံဖလှယ်ခွင့်ရခဲ့ပြီး မြန်မာနိုင်ငံကစွန့်ဦးတီထွင်လုပ်ငန်းရှင်မိန်းမသားတွေကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေအကြောင်းပြောပြခွင့်ရခဲ့ပါတယ်။ အသိသာအထင်ရှားဆုံးရလဒ်တစ်ခုကတော့ဒီခရီးစဉ်မှာပါဝင်တဲ့အမျိုးသမီးလုပ်ငန်းရှင်တွေအချင်းချင်း ခိုင်မာတဲ့ရင်းနှီးချစ်ခင်မှုတွေတည်ဆောက်နိုင်ခဲ့တာပါပဲ။

မသီရိဟာကမ္ဘာလုံးဆိုင်ရာအမျိုးသမီးညီလာခံ (Global Women’s Conference) ကိုမြန်မာနိုင်ငံမှာပထမဆုံးအကြိမ်အဖြစ်နိုဝင်ဘာလမှာကျင်းပဖို့စီစဉ်လျက်ရှိပါတယ်။ ဒီအခမ်းအနားမှာ နိုင်ငံတကာကပညာရှင်တွေ လုပ်ငန်းရှင်တွေလာရောက်ပြီး ဟောပြောမှာဖြစ်ပါတယ်။ ဒီအခမ်းအနားဟာမြန်မာအမျိုးသမီးစွမ်းဆောင်ရှင်အသိုင်းအဝိုင်းအတွက်အထောက်အပံ့ဖြစ်ဖို့ ရည်ရွယ်ပါတယ်။

စာသင်ကြားပေးရတာဝါသနာပါတဲ့မသီရိဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာလည်း ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းကိုပဲလုပ်ဖြစ်ခဲ့ပါတယ်။ စင်ကာပူမှာကိုယ့်အားကိုယ်ကိုးပြီး Business Management Marketing နဲ့ Finance ဘွဲ့ ၂ခုယူနိုင်ခဲ့တယ်။ ပြီးတော့အိန္ဒိယကိုပြောင်းရွှေ့ အလုပ်လုပ်ခဲ့ပြီး နိုင်ငံတဝှမ်းသင်ကြားရေးစင်တာ ၁၁ခုဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ်မှာတော့ ရန်ကုန်မှာ Lithan University တည်ထောင်ဖို့မြန်မာနိုင်ငံကိုပြန်လာခဲ့တယ်။ မြန်မာနိုင်ငံကစတင်ပြောင်းလဲနေပြီ။ ပညာရေးကဏ္ဍမှာလည်းပြုပြင်ပြောင်းလဲမှုတွေရှိလာပေမယ့် ဘွဲ့ရတွေမှာရှိတဲ့စွမ်းဆောင်ရည်ဟာ တကယ့်လုပ်ငန်းခွင်တွေအတွက်မလုံလောက်သေးပါဘူး။ ဒီကွယ်လပ်ကိုဖြည့်နိုင်ရင်နိုင်ငံအတွက်သိသာတဲ့ တိုးတက်ပြောင်းလဲမှုတွေဖန်တီးနိုင်မယ်ဆိုတာ မသီရိသဘောပေါက်ခဲ့တယ်။

မသီရိဟာ Strand Hotel ရဲ့စတိုခန်းထဲမှာ ဝန်ထမ်း ၂ယောက်၊ စားပွဲတစ်လုံး၊ ထိုင်ခုံ ၃ခုနဲ့ Myanmar Certified Training Centre (MCTC) ကိုစတင်တည်ထောင်ခဲ့ပါတယ်။ ဒီသင်တန်းဟာ လုပ်ငန်းခွင်အသုံးဝင်မှုနဲ့ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကိုရှေးရှုသင်ကြားပေးတဲ့ သင်တန်းကျောင်းဖြစ်ပါတယ်။ စာတွေ့ဦးစားပေးသင်ကြားလေ့ရှိတဲ့မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် လက်တွေ့လုပ်ငန်းခွင်အရည်အသွေးတိုးတက်ဖို့အာရုံစိုက်လေ့ကျင့်ပေးတဲ့သင်တန်းလည်းဖြစ်ပါတယ်။ ဒီသင်တန်းရဲ့အစောဆုံးစီမံကိန်း Myanmar Financial Centre (MFC) ဟာအခုဆိုရင် နိုင်ငံတကာကပညာရှင်တွေနဲ့ပူးပေါင်းသင်ကြားရင်း နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေပေးအပ်နိုင်တဲ့ သင်တန်းတစ်ခုဖြစ်နေပါပြီ။ ၂၀၁၅ခုနှစ်မှာစတင်ခဲ့တဲ့ MFC ဟာဘဏ်လုပ်ငန်း၊ ငွေကြေးလုပ်ငန်းနဲ့ စီမံခန့်ခွဲရေးနယ်ပယ်တွေမှာ ကျွမ်းကျင်လုပ်သားများစွာကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၈မှာတော့ ပထမဆုံးဥရောပလေ့လာရေးခရီးစဉ် Myanmar Future of Finance Fellowship ကိုစီစဉ်ခဲ့တယ်။ ဒီခရီးစဉ်မှာ မြန်မာ့ငွေကြေးနဲ့ဘဏ်လုပ်ငန်းနယ်ပယ်ကအကြီးတန်းကိုယ်စားလှယ်တွေပါဝင်ခဲ့ပြီး ဂျာမနီနိုင်ငံကိုလည်ပတ်ရင်းနိုင်ငံတကာငွေကြေးလုပ်ငန်းကိုလေ့လာခဲ့ပါတယ်။ ဒီခရီးစဉ်ဟာကမ္ဘာမှာခေတ်စားနေတဲ့ဘဏ်လုပ်ငန်းစဉ်တွေနဲ့ အခွင့်အလမ်းသစ်တွေကို မြန်မာနိုင်ငံဆီယူဆောင်လာဖို့ရည်ရွယ်ပါတယ်။

အခုအချိန်မှာတော့ MCTC မှာဝန်ထမ်း ရဝကျော်ရှိပြီး အများစုကအမျိုးသမီးတွေဖြစ်တယ်။ Myanmar Project Management Centre (MPC) ကို ၂၀၁၆မှာစတင်တည်ထောင်ပြီး သင်ကြားရေးလုပ်ငန်းတွေတိုးချဲ့နိုင်ခဲ့တယ်။ ယနေ့အထိမြန်မာနိုင်ငံတဝှမ်းမှာ ပညာရှင် ၃ဝဝဝကျော်ကို နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေရအောင်သင်ကြားပေးခဲ့ပြီးပါပြီ။ ရန်ကုန်၊ မန္တလေး၊ မကွေး၊ တောင်ကြီး၊ နေပြည်တော်တွေမှာသင်တန်းတွေပို့ချနေပါတယ်။ လစဉ်လတိုင်းဖွင့်လှစ်တဲ့ ၅ရက်တာစီမံခန့်ခွဲရေးပရိုဂရမ်ကိုတက်ရောက်တဲ့ကျောင်းသားရာဂဏန်းအထက်မှာရှိတယ်။ MPC ဟာနိုင်ငံခြားကျောင်းသားတွေကိုပါ Project Management Programme တွေသင်ကြားပေးနေတဲ့ တစ်ခုတည်းသောသင်တန်းကျောင်းလည်းဖြစ်ပါတယ်။ စင်ကာပူ၊ ဗီယက်နမ်နဲ့ မလေးရှားကကျောင်းသားတွေဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး MPC မှာပညာဆည်းပူးလျက်ရှိပါတယ်။

MCTC အချိန်တိုအတွင်းအောင်မြင်လာခဲ့တာသူမရဲ့ဝန်ထမ်းတွေအလုပ်ကြိုးစားမှုကြောင့်ဖြစ်သလို သူမရဲ့အတွေးအခေါ်တွေကိုယုံယုံကြည်ကြည်နဲ့ပံ့ပိုးကူညီတဲ့ ဝန်ကြီးဌာနတွေ နယ်ပယ်အသီးသီးကလုပ်ငန်းရှင်တွေကြောင့်လည်းပါကြောင်းပြောတယ်။

ခေတ်ကာလအလိုက်လိုအပ်ချက်တွေကိုလေ့လာရင်း ဖြေရှင်းချက်ထုတ်ခြင်းက သူမရဲ့အရည်အချင်းလို့ပြောရမယ်။ အကျိုးအမြတ်မမျှော်ကိုးတဲ့ JUMPSTART သင်တန်းက အကောင်းဆုံးဥပမာတစ်ခုပါ။ ဒီသင်တန်းဟာမြန်မာနိုင်ငံရဲ့ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ နောက်ဆုံးနှစ်ကျောင်းသားတွေကို စီမံခန့်ခွဲရေးနဲ့ လုပ်ငန်းခွင်မှာလိုအပ်တဲ့အတတ်ပညာတွေ သင်ကြားပေးပါတယ်။ ဒီသင်တန်းကိုတက်ရောက်ပြီးတဲ့ကျောင်းသားတွေဟာ ဘွဲ့ရပြီးလုပ်ငန်းခွင်ဝင်ဖို့အဆင်သင့်ဖြစ်နေမှာပါ။ ၂၀၁ရကစတင်တဲ့ JUMPSTART ဟာအခုဆိုရင်နိုင်ငံတဝှမ်းတက္ကသိုလ် ရခုကဘွဲ့ကြိုကျောင်းသား ၈ဝဝကျော်ကိုသင်ကြားပေးပြီးပါပြီ။

မြန်မာ့ပထမဆုံး စီမံခန့်ခွဲရေးမဂ္ဂဇင်း PULSE ကိုထုတ်ဝေခြင်း၊ International Project Management Symposium ကျင်းပခြင်းတွေဟာမြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ သူမရဲ့ယုံကြည်ချက်ကို ထင်ဟပ်နေပါတယ်။ MPC ဟာ Project Management Institute နဲ့ APM Group တို့ရဲ့အသိအမှတ်ပြုခံရပြီးသားအဖွဲ့အစည်းပါ။ Project Management Professional (PMP) သင်တန်းတွေပို့ချလျက်ရှိသလို၊ ပထမဆုံးအနေနဲ့ Project Management for Sustainable Tourism Programme (PM4SD) ဆိုတဲ့ခရီးသွားလုပ်ငန်းအထူးပြုစီမံခန့်ခွဲရေးသင်တန်းကိုလည်း သင်ကြားနေပါတယ်။

အနာဂတ်မြန်မာနိုင်ငံအတွက်ပညာရှင်တွေကိုပြုစုပျိုးထောင်မှုနဲ့ပတ်သက်ပြီး မသီရိကသူ့အမြင်ကိုအခုလိုပြောပါတယ်။

“မြန်မာနိုင်ငံအခုကြုံတွေ့နေရတဲ့ပြောင်းလဲမှုဟာတော်တော့်ကိုကြီးမားပါတယ်။ ဒီအချိန်မှာပြည်သူတွေအတွက်ကောင်းသောပြောင်းလဲခြင်းတွေဖန်တီးနိုင်ဖို့အရေးကြီးတယ်။ ဒီအချိန်ဟာနိုင်ငံကိုပြောင်းလဲဖို့အားလုံးလက်တွဲအလုပ်လုပ်ရမယ့်အချိန်လည်းဖြစ်တယ်။ အပြောင်းအလဲကိုထိုင်စောင့်နေလို့တော့မရဘူး။ ကျွန်မတို့ကိုယ်တိုင်ကပြောင်းလဲမှုကို ဆောင်ကြဉ်းနိုင်ဖို့လိုပါတယ်။”

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here