သီတင်းကျွတ်ပိတ်ရက်မှာခရီးမသွားဘဲ ဟိုတယ်တခုခုမှာအစားကောင်းအသောက်ကောင်းတွေစားပြီးဇိမ်ရှိရှိ staycation နေချင်သူများအတွက် ရန်ကုန်ကဟိုတယ်တွေမှာရနိုင်တဲ့ staycation package တွေကိုဖော်ပြပေးလိုက်ပါတယ်။
Celebrate Thadingyut at the Sedona Hotel Yangon!

သီတင်းကျွတ်ပိတ်ရက်တွေကို Sedona Yangon မှာဖြတ်သန်းလိုက်ပါ။ ရေမျောဖယောင်းတိုင်လေးတွေကို Sedona ရဲ့ရေကူးကန်ထဲမှာမျှောရင်း မိဘဘိုးဘွားတွေကိုဂါရ၀ပြုရအောင်နော်။ ၁၇၆၇၀၀ကျပ်++ (သို့) ၁၁၄ဒေါ်လာ++ နဲ့ ရေကူးကန်မြင်ကွင်းပါတဲ့ Garden Wing က Deluxe Room တွေမှာဖြစ်ဖြစ် Inya Wing ထဲက Premier Room တွေမှာဖြစ်ဖြစ်ရွေးချယ်တည်းခိုနိုင်ပါတယ်။ D’Cuisine စားသောက်ဆိုင်မှာ ၂ယောက်စာဘူဖေးမနက်စာနဲ့ ညစာတွေအပြင်တခြားဝန်ဆောင်မှုတွေလည်းပါပါတယ်။
October 11 – October 15
- D’Cuisine စားသောက်ဆိုင်မှာ ၂ယောက်စာဘူဖေးမနက်စာနဲ့ ညစာ
- ကြိုဆိုလက်ဆောင် Special Sedona ကိတ်
- တခန်းလျှင် ရေပေါ်ဖယောင်းတိုင် ၂တိုင်မျှောခွင့်
- ကြိုးမဲ့အင်တာနက်
- ရေကူးကန်အသုံးပြုခွင့်
- Early check-in ကိုမနက် ၁၀နာရီအထိ၊ Late check-out ကို နေ့လယ် ၃နာရီအထိခွင့်ပြုထားပါတယ်
Inya Wing မှာတည်းခိုသူများအတွက်အထူးခံစားခွင့်များ
- တနေ့လျှင်အ၀တ်အစား ၃ထည်လျှော်ဖွပ်ပေးခြင်း (စုပေး၍မရပါ)
- အခန်းတွင်းဘား၌ item တချို့သုံးဆောင်ခွင့်
- Early check-in ကိုမနက် ၁၀နာရီအထိ၊ Late check-out ကို ညနေ ၆နာရီအထိ ခွင့်ပြုထားပါတယ်
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
The Strand’s Staycation Package

Strand Hotel ရဲ့ Deluxe Suite မှာ ၂ယောက်ကို USD299 နဲ့တည staycation နေလို့ရနေပြီနော်။ တယောက်ကို မိနစ် ၆၀စာ massage၊ Strand Café မှာ ဟင်းပွဲ ၃ပွဲပါတဲ့ set ကို နေ့လယ်စာ (သို့) ညစာနှစ်သက်ရာရွေးချယ်ခွင့်တွေရမှာဖြစ်ပါတယ်။ စက်တင်ဘာ ၃၀ရက်နေ့အထိဒီအစီအစဉ်ရှိမှာဖြစ်ပြီး ဒီဇင်ဘာ ၃၁အထိ ကိုယ်အဆင်ပြေတဲ့ရက်မှာတည်းခိုနိုင်ပါတယ်။
Call at (95) 1243 377
Email at [email protected]
The Strand Hotel Yangon
အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်။
Melia Yangon Thadingyut Staycation

ဒီ package မှာတော့ room upgrade လုပ်ခွင့်၊ နေ့စဉ် The Market စားသောက်ဆိုင်မှာ နိုင်ငံတကာအစားအသောက်တွေပါတဲ့မနက်စာ၊ နေ့လယ်စာ (သို့) ညစာကိုဘူဖေးသုံးဆောင်ခွင့်တွေ ပါဝင်ပါတယ်။ Fitness centre နဲ့ outdoor swimming pool အသုံးပြုခွင့်တွေလည်းရမှာပါ။ ဟိုတယ်ရဲ့အခမဲ့အင်တာနက်ကိုသုံးပြီး PressReader ကနေထောင်နဲ့ချီတဲ့သတင်းစာ၊ မဂ္ဂဇင်းတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။ တဦးကို ၂၅ဒေါ်လာထပ်ပေးရုံနဲ့ Friday Seafood Night နဲ့ Sunday Brunch ကိုသုံးဆောင်ခွင့်ရဦးမှာပါ။ မြန်မာပြည်သူတွေနဲ့ နိုင်ငံတွင်းမှာအခြေချနေထိုင်နေတဲ့ expat တွေသာ ဒီ package ကိုရနိုင်ပါတယ်။
01 9345000 ကိုဆက်သွယ်ပြီး booking လုပ်လို့ရပါတယ်။
Meliá Yangon
၁၉၂၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်း။
Thadingyut Staycation at Novotel Yangon Max

The Novotel မှာသီတင်းကျွတ် room promotion တွေအပြင် ကာရာအိုကေခန်းတနာရီအသုံးပြုခွင့်၊ Square Restaurant မှာညစာစားရင် ၂၀ရာခိုင်နှုန်း discount၊ Manida Spa မှာ massage ၀န်ဆောင်မှု ၁၀ရာခိုင်နှုန်း တို့ခံစားခွင့်ရဦးမှာပါ။
Novotel Yangon Max
၄၅၉၊ ပြည်လမ်း၊ ကမာရွတ်၊ ရန်ကုန်။
+95 (1) 2305858
Email: [email protected]