Guest Bartender and ‘Back to Basics’ Cocktail Masterclass by Joey Keen at Sarkies Bar
Unicode
နိုဝင်ဘာ ၂၉ရက်နေ့နဲ့ ၃၀ရက်နေ့မှာ Sarkies Bar ရဲ့ဧည့် bartender Joey Keen ဟာ သူ့ရဲ့ကော့တေးစွမ်းရည်ကိုပြသသွားမှာပါ။ ၃၀ရက်နေ့မှာတော့ ကော့တေးဖျော်စပ်နည်း masterclass သင်တန်းကို ည ၇နာရီကနေ ၈နာရီခွဲအထိ ပို့ချသွားမှာဖြစ်ပါတယ်။ သူဟာ Madame Em’s cocktail bar မှာအလုပ်လုပ်နေသူဖြစ်ပြီး Back to Basics လို့အမည်ပေးထားတဲ့ဒီသင်တန်းမှာသင်တန်းသား ၁၀ ယောက်သာလက်ခံသွားမှာပါ။ အထူးဖျော်စပ်နည်းတွေ၊ ပါဝင်ပစ္စည်းတွေအကြောင်းလည်း ရှင်းပြသွားမှာဖြစ်ပါတယ်။ Martini၊ Pegu Club၊ Negroni စတဲ့ကော့တေး ၃မျိုးကိုအကောင်းဆုံးဖြစ်အောင်ဘယ်လိုဖျော်စပ်မလဲဆိုတာအဓိကထားသင်ကြားပေးသွားဦးမှာပါ။ တယောက်ကို ၁၅ဒေါ်လာနဲ့တက်ရောက်လေ့လာနိုင်ပါတယ်။ [email protected] ကို email ပို့ပြီးဖြစ်ဖြစ်၊ 018 243 377~79 ကိုဖုန်းဆက်ပြီးဖြစ်ဖြစ် reservation လုပ်နိုင်ပါတယ်။
The Strand Hotel Yangon
အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်။
Rainbow IV Jazz Band at Sarkies Bar (Dec 4th, 7-10 pm)
Unicode
မြန်မာဂျက်ဇ်ဂီတဝိုင်း Rainbow IV ဟာ သူငယ်ချင်း ၄ယောက်နဲ့ဖွဲ့စည်းထားတာဖြစ်ပြီး ဂီတလောကမှာကျင်လည်နေတာ နှစ် ၂၀ကျော်ပါပြီ။ Miles Davis, Duke Ellington, Herbie Hancock နဲ့ Frank Sinatra တို့ရဲ့ဂီတကနေ inspire ယူပြီး သူတို့ရဲ့ကိုယ်ပိုင်တေးသွားတွေကို တီးခတ်လေ့ရှိပါတယ်။ Po Clare ကဂစ်တာ၊ ကြည်မောင်က clarinet၊ ဖိုးခွားက စန္ဒရား၊ ရဲလင်းမိုးက ဒရမ် စသဖြင့်တီးခတ်ကြမှာပါ။ ဗုဒ္ဓဟူးနေ့တိုင်း ညနေ ၇နာရီကနေ ည ၁၀နာရီအထိ Strand Yangon ရဲ့ Sarkies Bar မှာဖျော်ဖြေသွားမှာဖြစ်ပါတယ်။ [email protected] ကို email ပို့ပြီးဖြစ်ဖြစ် (95) 1 243 377~79 ကိုဖုန်းဆက်ပြီးဖြစ်ဖြစ် reservation လုပ်လို့ရပါတယ်။
The Strand Hotel Yangon
အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်။
Enjoy your meal, Enjoy your time at Heaven Bistro
The Heaven Bistro
09 446 446 117
Unicode
Heaven Bistro မှာလစဉ်လတိုင်းအထူးပရိုမိုးရှင်းတွေရနေပြီနော်။ Myanmar Beer Tower တခုဝယ်ယူသူတိုင်းကို Bite platter တပွဲအခမဲ့ပေးသွားမှာပါ။ Cocktails နဲ့ mocktails တွေအားလုံးကိုလည်း ၂၀ရာခိုင်နှုန်း discount ပေးမယ့်အစီအစဉ်ရှိပါတယ်။ Menu ထဲမှာပါဝင်တဲ့ စားစရာတွေအားလုံးကို ၁၀ရာခိုင်နှုန်း discount ပေးဦးမှာဆိုတော့ foodie တွေလည်းသဘောကျမှာပါ။
The Heaven Bistro
အမှတ် (၄)၊ မြေညီထပ်၊ Room I, J၊ ဝင်္ကဘာလမ်း၊ ဗဟန်း။
09 446 446 117
11am – 10pm (until 12am on Friday and Saturday)
Ocean Pride’s Happy Hour
Booking: 09 443 993 772
09 44399 3772
10:30 AM – 11:00 PM
Unicode
Ocean Pride ထိုင်းပင်လယ်စာစားသောက်ဆိုင်မှာ နိုဝင်ဘာလတလလုံး happy hour promotion ပေးနေပြီနော်။ မနက် ၁၁နာရီကနေ ညနေ ၄နာရီအထိ ဟင်းပွဲအားလုံး ၃၀ရာခိုင်နှုန်း discount ပေးသွားမှာပါ။ အရည်အသွေးမြင့်ပင်လယ်စာဗန်းတွေကိုအထူးဈေးနှုန်းတွေနဲ့သံုံးဆောင်နိုင်မယ့်အခွင့် အရေးကိုလက်လွတ်မခံနဲ့နော်။
Booking: 09 443 993 772
Ocean Pride Seafood Restaurant
အမှတ် (၂၀)၊ သုခဝတီလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
09 44399 3772
10:30 AM – 11:00 PM
‘Your Wedding’ Sedona Delivers
Sedona Hotel Yangon
Unicode
သင့်ချစ်သူနဲ့တဘဝလုံးစာအမှတ်တရမင်္ဂလာပွဲကနေ ညစာစားပွဲတွေအထိ Sedona Hotel Yangon ရဲ့ခမ်းနားလှပတဲ့ခန်းမတွေမှာစီစဉ်လိုက်ပါ။ ကိုယ်သိလိုတဲ့အချက်အလက်တွေကိုမေးမြန်းဖို့နဲ့ booking တင်ဖို့အတွက် +95 1 860 5377 (သို့) [email protected] ကိုဆက်သွယ်လိုက်နော်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Babett Goes Live! x Galibert
Babett Yangon
Unicode
စနေနေ့တိုင်း ည ၈နာရီကနေစပြီး Babett Yangon မှာ unplugged တီးဝိုင်းရှိတယ်နော့်။ တပတ်လုံးပင်ပန်းလာသမျှပြင်သစ်အစားအစာတွေစားရင်း ဖိလစ်ပိုင်တီးဝိုင်း Galibert ရဲ့ဖျော်ဖြေမှုကိုနားဆင်ပြီး အပန်းဖြေရအောင်လေ။ +95 1 243 639 ကိုဆက်ပြီး booking တင်နိုင်ပါပြီ။
Babett Yangon
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
The Ritz’s Garden Opening Party (Nov 29th, 6-10pm)
The RITZ
01 525 935
11am – 11pm
Unicode
မိုးရာသီကုန်သွားပြီဖြစ်တဲ့အတွက် The Ritz ဟာခြံဝန်းထဲမှာအစားအသောက်တွေတည်ခင်းမယ့် garden opening party နိုဝင်ဘာလ ၂၉ရက်နေ့မှာစီစဉ်ထားပါတယ်။ အရသာရှိတဲ့ Charcoal-grill BBQ တွေသုံးဆောင်ရင်း free flow red/white/sparkling wine, beer နဲ့ soft drinks တွေသောက်ရင်း jazz တီးဝိုင်းကသံစဉ်တွေကိုနားထောင်ကြမယ်။ တဦးကို ကျပ် ၃၀၀၀၀ တည်းနဲ့ဒီပါတီကိုဆင်နွှဲနိုင်ပါပြီ။ Early bird ticket ဟာ ၂၅၀၀၀ ကျပ်သာကျသင့်မှာပါ။ Celebrity တယောက်ကိုလည်းဖိတ်ထားတာမို့ အမြန်သာ book လိုက်တော့နော် – 09446656925
The RITZ
အမှတ် (၆၁)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်း၊ ရန်ကုန်။
01 525 935
11am – 11pm