Advertisement

၂၀၁၉ႏွစ္ဆန္းပိုင္းက ရန္ကုန္နဲ႔မႏၱေလးမွာက်င္းပသြားခဲ့တဲ့ ကမာၻ႔အၾကီးဆံုးစာအုပ္ေရာင္းပြဲေတာ္ Big Bad Wolf ဟာ ျမန္မာႏုိင္ငံကိုေနာက္တေခါက္ေရာက္လာျပန္ပါျပီ။ ဒီတခါ Fortune Plaza က Myanmar Expo မွာ ဇန္န၀ါရီလ ၁၀ရက္ေန႔ကေန ၂၀ရက္ေန႔အထိ မနက္ ၉နာရီကေန ည ၁၂နာရီအတြင္း ၀င္ေၾကးအခမဲ့နဲ႔ က်င္းပသြားမွာပါ။

အခုပြဲေတာ္မွာ အဂၤလိပ္ဘာသာနဲ႔စာအုပ္ေပါင္း ၁သန္း၊ စာအုပ္ေခါင္းစဥ္ေပါင္း ၁ေသာင္းခြဲကို ၅၀ရာခိုင္ႏႈန္းကေန ၉၀ရာခိုင္ႏႈန္းအထိ ေလွ်ာ့ေစ်းနဲ႔၀ယ္ယူႏုိင္မွာျဖစ္ပါတယ္။ အရင္ကက်င္းပခဲ့တဲ့ပြဲ ၂ပြဲမွာ စုစုေပါင္းလူ ၂သိန္းခြဲေလာက္လာခဲ့တယ္လို႔ Ready 2 Read [Myanmar] ရဲ႕ဒါရိုက္တာျဖစ္ျပီး ျမန္မာႏိုင္ငံမွာ Big Bad Wolf Books Sale စီစဥ္သူ ဦးမ်ိဳးေအာင္ကယေန႔ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာေျပာပါတယ္။

“အခုလုပ္မယ့္ခန္းမကအရင္ႏွစ္ကထက္ပိုလည္းက်ယ္တဲ့အတြက္ စာခ်စ္သူေတြစာအုပ္စိမ္ေျပနေျပေရြးဖို႔ ပိုအဆင္ေျပမယ္လို႔ပါတယ္။ အရင္ကလုပ္ခဲ့တဲ့ပြဲ ၂ပြဲမွာေရာင္းရတဲ့စာအုပ္ေတြရဲ႕ ၄၀ရာခိုင္ႏႈန္းက သုတရသစာအုပ္ေတြျဖစ္ျပီး ၃၅ရာခိုင္ႏႈန္းက ကေလးစာအုပ္ေတြပါ။ ၀တၳဳစာအုပ္ ၂၀ရာခိုင္ႏႈန္းေရာင္းရျပီး လူငယ္အမ်ားစုက၀တၳဳစာအုပ္ေတြ၀ယ္ၾကတာသတိထားမိပါတယ္” လို႔ဦးမ်ိဳးေအာင္က သူ႔အေတြ႕အၾကံဳကိုေျပာျပတယ္။

စာအုပ္ေတြထဲမွာကေလးစာအုပ္၊ သုတရသ၊ ၀တၳဳေတြအျပင္ ကိုယ္ရည္ကိုယ္ေသြးျမွင့္တင္ေရး၊ ဗိသုကာပညာ၊ သိပၸံပညာ၊ စီးပြားေရးနဲ႔ ဟင္းခ်က္နည္းဆိုင္ရာစာအုပ္ေတြပါ၀င္မွာပါ။

စာအုပ္ေတြကိုလူတိုင္းလက္လွမ္းမီတဲ့ေစ်းနဲ႔ေရာင္းခ်ေပးႏုိင္ဖို႔ UK နဲ႔ US ကစာအုပ္တုိက္ေတြဆီကေန ပိုလွ်ံတဲ့စာအုပ္ေတြကိုေစ်းသက္သက္သာသာနဲ႔၀ယ္ယူျပီး ျပန္လည္ေရာင္းခ်ေပးတာလို႔ BBW ကိုစီစဥ္သူတေယာက္ျဖစ္တဲ့ Jacqueline Ng ကဆိုပါတယ္။ Andrew Yap နဲ႔ Jacqueline Ng တို႔ဇနီးေမာင္ႏွံဟာ ပထမဆံုး Big Bad Wolf စာအုပ္အေရာင္းပြဲေတာ္ကို မေလးရွားႏိုင္ငံမွာ ၂၀၀၉ခုႏွစ္ကက်င္းပခဲ့ပါတယ္။ အခုဆို ျမန္မာ၊ အင္ဒီုနီးရွား၊ ဖိလစ္ပိုင္၊ ထိုင္း၊ သီရိလကၤာ၊ ထိုင္၀မ္၊ UAE၊ ကိုရီးယား အစရွိတဲ့ႏုိင္ငံေတြမွာေရာင္းခ်ခဲ့ျပီးပါျပီ။

“က်မအမ်ိဳးသားနဲ႔က်မဟာစာအုပ္ေတြကိုဘယ္ေလာက္အထိေလွ်ာ့ေရာင္းရင္ စာဖတ္သူေတြကိုဆြဲေဆာင္ႏုိင္မလဲလို႔စဥ္းစားပါတယ္။ Bestselling (ေရာင္းအားေကာင္းတဲ့) စာအုပ္ေတြဆိုရင္ စာအုပ္တိုက္ေတြကအမ်ားၾကီးပံုႏွိပ္ထုတ္ေ၀ေလ့ရွိပါတယ္။ အဲ့ဒီအခါအရည္အေသြးျမင့္တဲ့ စာအုပ္အသစ္ေတြပိုေနတတ္ပါတယ္။ က်မတို႔ဆီမွာေနာက္ဆံုးထြက္စာအုပ္တခ်ိဳ႕ေတာ့မရွိပါဘူး။ ဒါေပမယ့္ ေခါင္းစဥ္ေပါင္း ၁ေသာင္းခြဲေလာက္ေရြးခ်ယ္လို႔ရပါတယ္” လို႔ Ng ကဆိုပါတယ္။

ဒီႏွစ္ BBW မွာေတာ့ျပည္တြင္းကစာအုပ္ျဖန္႔ခ်ီသူ ၁၀ေယာက္ပါ၀င္သြားမယ္လို႔သူမကေျပာပါတယ္။

ကေလးေတြအတြက္ Little Hippo နဲ႔ပူးေပါင္းထုတ္ေ၀တဲ့ interactive book ေတြဟာဆိုရင္ ဖုန္း၊ တပ္ဘလက္လိုကိရိယာေတြကေနတဆင့္ Augmented Reality နည္းပညာနဲ႔ဖတ္ရႈႏုိင္ပါတယ္။ ဖုန္းနဲ႔ scan ဖတ္လိုက္တာနဲ႔စာအုပ္ထဲကပံုေလးေတြဟာ ဖုန္းမ်က္ႏွာျပင္မွာအသက္၀င္လာမွာျဖစ္ျပီး စာဖတ္သူနဲ႔တုိက္ရိုက္ဆက္သြယ္လို႔ရတဲ့အတြက္ interactive book လို႔ေခၚရျခင္းျဖစ္ပါတယ္။ အခုပြဲမွာလည္း ဒီလို interactive book ေခါင္းစဥ္ေပါင္း ၁၇မ်ိဳးေလာက္ပါ၀င္ျပီး Frozen အပါအ၀င္ Disney ေခါင္းစဥ္ ၄ခုကို က်ပ္ ၉၀၀၀-၁၀၀၀၀ ၀န္းက်င္နဲ႔၀ယ္ယူရရွိႏုိင္မွာပါ။ ဒါေတြက BBW ရဲ႕အေရာင္းပြဲေတာ္ေတြမွာသာ ၀ယ္ယူရရွိႏုိင္မွာျဖစ္ပါတယ္။

Interactive book ကိုသရုပ္ျပေနစဥ္။

လူမႈအက်ိဳးျပဳအစီအစဥ္အေနနဲ႔ BBW ရဲ႕ပရဟိတအဖြဲ႔အစည္းတခုျဖစ္တဲ့ Red Readerhood ဟာ Save the Library နဲ႔ပူးေပါင္းျပီး ျမန္မာႏိုင္ငံအႏွ႔႔ံအျပားမွစာၾကည့္တိုက္ေတြဆီစာအုပ္ေတြလွဴဒါန္းသြားဖို႔လည္း စီစဥ္ထားတယ္လို႔သိရပါတယ္။ BBW မွအုပ္ေရ ၅၀၀လွဴဒါန္းသြားမွာျဖစ္ျပီး စာအုပ္ပြဲေတာ္လာတဲ့သူေတြအေနနဲ႔လည္း ၀ယ္ယူလွဴဒါန္းႏုိင္ပါတယ္။ အရင္ကက်င္းပခဲ့တဲ့စာအုပ္ပြဲေတာ္ ၂ပြဲမွာ စာအုပ္ေပါင္း ၆၅၀၀ေလာက္ လွဴဒါန္းႏုိင္ခဲ့ပါတယ္။

ဇန္န၀ါရီလ ၉ရက္ေန႔မွာမနက္ ၉နာရီကေန ေန႔လယ္ ၁၂နာရီထိ VIP event လည္းရွိျပီး ပြဲေတာ္မစခင္မွာ ကိုယ့္စိတ္ၾကိဳက္စာအုပ္ေတြကိုဦးဦးဖ်ားဖ်ားေရြးခ်ယ္၀ယ္ယူခြင့္ရမွာပါ။ VIP လက္မွတ္ဘယ္လိုရယူမလဲဆိုတာသိရဖို႔ Big Bad Wolf Facebook နဲ႔ Instagram (bigbadwolfbooks_mm) တို႔ကို follow လုပ္ထားသင့္ပါတယ္။

Big Bad Wolf 2020
Myanmar Expo Hall၊ Fortune Plaza၊ သာေကတျမိဳ႕နယ္၊ ရန္ကုန္။
ဇန္န၀ါရီလ ၁၀ရက္ေန႔မွ ၂၀ရက္ေန႔
မနက္ ၉နာရီမွ ည ၁၂နာရီ

Unicode

၂၀၁၉နှစ်ဆန်းပိုင်းက ရန်ကုန်နဲ့မန္တလေးမှာကျင်းပသွားခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးစာအုပ်ရောင်းပွဲတော် Big Bad Wolf ဟာ မြန်မာနိုင်ငံကိုနောက်တခေါက်ရောက်လာပြန်ပါပြီ။ ဒီတခါ Fortune Plaza က Myanmar Expo မှာ ဇန်နဝါရီလ ၁၀ရက်နေ့ကနေ ၂၀ရက်နေ့အထိ မနက် ၉နာရီကနေ ည ၁၂နာရီအတွင်း ဝင်ကြေးအခမဲ့နဲ့ ကျင်းပသွားမှာပါ။

အခုပွဲတော်မှာ အင်္ဂလိပ်ဘာသာနဲ့စာအုပ်ပေါင်း ၁သန်း၊ စာအုပ်ခေါင်းစဉ်ပေါင်း ၁သောင်းခွဲကို ၅၀ရာခိုင်နှုန်းကနေ ၉၀ရာခိုင်နှုန်းအထိ လျှော့ဈေးနဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အရင်ကကျင်းပခဲ့တဲ့ပွဲ ၂ပွဲမှာ စုစုပေါင်းလူ ၂သိန်းခွဲလောက်လာခဲ့တယ်လို့ Ready 2 Read [Myanmar] ရဲ့ဒါရိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ Big Bad Wolf Books Sale စီစဉ်သူ ဦးမျိုးအောင်ကယနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

“အခုလုပ်မယ့်ခန်းမကအရင်နှစ်ကထက်ပိုလည်းကျယ်တဲ့အတွက် စာချစ်သူတွေစာအုပ်စိမ်ပြေနပြေရွေးဖို့ ပိုအဆင်ပြေမယ်လို့ပါတယ်။ အရင်ကလုပ်ခဲ့တဲ့ပွဲ ၂ပွဲမှာရောင်းရတဲ့စာအုပ်တွေရဲ့ ၄၀ရာခိုင်နှုန်းက သုတရသစာအုပ်တွေဖြစ်ပြီး ၃၅ရာခိုင်နှုန်းက ကလေးစာအုပ်တွေပါ။ ဝတ္ထုစာအုပ် ၂၀ရာခိုင်နှုန်းရောင်းရပြီး လူငယ်အများစုကဝတ္ထုစာအုပ်တွေဝယ်ကြတာသတိထားမိပါတယ်” လို့ဦးမျိုးအောင်က သူ့အတွေ့အကြုံကိုပြောပြတယ်။

စာအုပ်တွေထဲမှာကလေးစာအုပ်၊ သုတရသ၊ ဝတ္ထုတွေအပြင် ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေး၊ ဗိသုကာပညာ၊ သိပ္ပံပညာ၊ စီးပွားရေးနဲ့ ဟင်းချက်နည်းဆိုင်ရာစာအုပ်တွေပါဝင်မှာပါ။

စာအုပ်တွေကိုလူတိုင်းလက်လှမ်းမီတဲ့ဈေးနဲ့ရောင်းချပေးနိုင်ဖို့ UK နဲ့ US ကစာအုပ်တိုက်တွေဆီကနေ ပိုလျှံတဲ့စာအုပ်တွေကိုဈေးသက်သက်သာသာနဲ့ဝယ်ယူပြီး ပြန်လည်ရောင်းချပေးတာလို့ BBW ကိုစီစဉ်သူတယောက်ဖြစ်တဲ့ Jacqueline Ng ကဆိုပါတယ်။ Andrew Yap နဲ့ Jacqueline Ng တို့ဇနီးမောင်နှံဟာ ပထမဆုံး Big Bad Wolf စာအုပ်အရောင်းပွဲတော်ကို မလေးရှားနိုင်ငံမှာ ၂၀၀၉ခုနှစ်ကကျင်းပခဲ့ပါတယ်။ အခုဆို မြန်မာ၊ အင်ဒီုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ သီရိလင်္ကာ၊ ထိုင်ဝမ်၊ UAE၊ ကိုရီးယား အစရှိတဲ့နိုင်ငံတွေမှာရောင်းချခဲ့ပြီးပါပြီ။

“ကျမအမျိုးသားနဲ့ကျမဟာစာအုပ်တွေကိုဘယ်လောက်အထိလျှော့ရောင်းရင် စာဖတ်သူတွေကိုဆွဲဆောင်နိုင်မလဲလို့စဉ်းစားပါတယ်။ Bestselling (ရောင်းအားကောင်းတဲ့) စာအုပ်တွေဆိုရင် စာအုပ်တိုက်တွေကအများကြီးပုံနှိပ်ထုတ်ဝေလေ့ရှိပါတယ်။ အဲ့ဒီအခါအရည်အသွေးမြင့်တဲ့ စာအုပ်အသစ်တွေပိုနေတတ်ပါတယ်။ ကျမတို့ဆီမှာနောက်ဆုံးထွက်စာအုပ်တချို့တော့မရှိပါဘူး။ ဒါပေမယ့် ခေါင်းစဉ်ပေါင်း ၁သောင်းခွဲလောက်ရွေးချယ်လို့ရပါတယ်” လို့ Ng ကဆိုပါတယ်။

ဒီနှစ် BBW မှာတော့ပြည်တွင်းကစာအုပ်ဖြန့်ချီသူ ၁၀ယောက်ပါဝင်သွားမယ်လို့သူမကပြောပါတယ်။

ကလေးတွေအတွက် Little Hippo နဲ့ပူးပေါင်းထုတ်ဝေတဲ့ interactive book တွေဟာဆိုရင် ဖုန်း၊ တပ်ဘလက်လိုကိရိယာတွေကနေတဆင့် Augmented Reality နည်းပညာနဲ့ဖတ်ရှုနိုင်ပါတယ်။ ဖုန်းနဲ့ scan ဖတ်လိုက်တာနဲ့စာအုပ်ထဲကပုံလေးတွေဟာ ဖုန်းမျက်နှာပြင်မှာအသက်ဝင်လာမှာဖြစ်ပြီး စာဖတ်သူနဲ့တိုက်ရိုက်ဆက်သွယ်လို့ရတဲ့အတွက် interactive book လို့ခေါ်ရခြင်းဖြစ်ပါတယ်။ အခုပွဲမှာလည်း ဒီလို interactive book ခေါင်းစဉ်ပေါင်း ၁၇မျိုးလောက်ပါဝင်ပြီး Frozen အပါအဝင် Disney ခေါင်းစဉ် ၄ခုကို ကျပ် ၉၀၀၀-၁၀၀၀၀ ဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မှာပါ။ ဒါတွေက BBW ရဲ့အရောင်းပွဲတော်တွေမှာသာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

လူမှုအကျိုးပြုအစီအစဉ်အနေနဲ့ BBW ရဲ့ပရဟိတအဖွဲ့အစည်းတခုဖြစ်တဲ့ Red Readerhood ဟာ Save the Library နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံအနှ့ံ့အပြားမှစာကြည့်တိုက်တွေဆီစာအုပ်တွေလှူဒါန်းသွားဖို့လည်း စီစဉ်ထားတယ်လို့သိရပါတယ်။ BBW မှအုပ်ရေ ၅၀၀လှူဒါန်းသွားမှာဖြစ်ပြီး စာအုပ်ပွဲတော်လာတဲ့သူတွေအနေနဲ့လည်း ဝယ်ယူလှူဒါန်းနိုင်ပါတယ်။ အရင်ကကျင်းပခဲ့တဲ့စာအုပ်ပွဲတော် ၂ပွဲမှာ စာအုပ်ပေါင်း ၆၅၀၀လောက် လှူဒါန်းနိုင်ခဲ့ပါတယ်။

ဇန်နဝါရီလ ၉ရက်နေ့မှာမနက် ၉နာရီကနေ နေ့လယ် ၁၂နာရီထိ VIP event လည်းရှိပြီး ပွဲတော်မစခင်မှာ ကိုယ့်စိတ်ကြိုက်စာအုပ်တွေကိုဦးဦးဖျားဖျားရွေးချယ်ဝယ်ယူခွင့်ရမှာပါ။ VIP လက်မှတ်ဘယ်လိုရယူမလဲဆိုတာသိရဖို့ Big Bad Wolf Facebook နဲ့ Instagram (bigbadwolfbooks_mm) တို့ကို follow လုပ်ထားသင့်ပါတယ်။

Big Bad Wolf 2020
Myanmar Expo Hall၊ Fortune Plaza၊ သာကေတမြို့နယ်၊ ရန်ကုန်။
ဇန်နဝါရီလ ၁၀ရက်နေ့မှ ၂၀ရက်နေ့
မနက် ၉နာရီမှ ည ၁၂နာရီ

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here