ဆရာစံဇာဏီဘိုအသက္ ၆ႏွစ္ေလာက္မွာ နယ္လွည့္ေရွ႕ျဖစ္ေဟာဆရာတေယာက္က သူၾကီးလာရင္ ေဗဒင္ဆရာအျဖစ္အသက္ေမြးရလိမ့္မယ္လို႔ ေဟာခဲ့ဖူးပါတယ္။
အဲ့ဒီေခတ္ကေဗဒင္ဆရာေတြဟာဘုရားေပၚမွာေနရင္း၊ လမ္းတကာေလွ်ာက္သြားရင္း ေဗဒင္ေဟာျပီး မျဖစ္စေလာက္ေငြေၾကးနဲ႔ရပ္တည္ရတဲ့ေခတ္ျဖစ္တာမို႔ သူ႔အေနနဲ႔ဒီေဟာကိန္းကိုမႏွစ္ျမိဳ႕ခဲ့ဘူး။ ဒါေၾကာင့္လက္ေတြ႔က်တဲ့လွ်ပ္စစ္နည္းပညာတကၠသိုလ္မွာပဲ ပညာသင္ၾကားခဲ့ပါတယ္။
ရန္ကုန္မွာနည္းပညာေက်ာင္းတက္ေနတုန္းမွာပဲ စံဇာဏီဘိုဟာႏိုင္ငံေရးလႈပ္ရွားမႈေတြေၾကာင့္ ၁၉၇၄ခုႏွစ္ အသက္ ၂၀အရြယ္မွာအဖမ္းခံခဲ့ရပါတယ္။ ယေန႔မွာေတာ့ အန္အယ္လ္ဒီပါတီ၀င္တေယာက္ျဖစ္ေနတဲ့ စံဇာဏီဘိုဟာ တိုင္းျပည္ရဲ႕ဒီမိုကေရစီအကူးအေျပာင္းမွာတတပ္တအားပါ၀င္လ်က္ရွိပါတယ္။
ႏိုင္ငံေရးမႈေၾကာင့္ေထာင္က်ခဲ့ရတာက သူ႔ဘ၀အတြက္တဆစ္ခ်ိဳးအေျပာင္းအလဲတခုပါ။ ေထာင္ထဲမွာ လကၡဏာနဲ႔ေရွ႕ျဖစ္ေဟာဆရာ ဦးစံတင္ေအာင္နဲ႔ေတြ႔ဆံုခဲ့ျပီး သူ႔ဆီကေဗဒင္ပညာေတြသင္ယူခြင့္ရခဲ့တယ္။ ေထာင္ထဲမွာပဲ နကၡတ္ပညာ၊ လကၡဏာၾကည့္ပညာ၊ ကိန္းဂဏန္းအတြက္အခ်က္နဲ႔ တားေရာ့ကတ္ေဟာနည္းေတြအေၾကာင္းသင္ယူခဲ့ျပီး ဒီပညာေတြနဲ႔ပဲႏိုင္ငံေက်ာ္ေဗဒင္ဆရာတေယာက္ ျဖစ္လာတဲ့စံဇာဏီဘိုဟာ ေထာင္ကသူ႔ဒုတိယတကၠသိုလ္လို႔ တင္စားေခၚေ၀ၚေလ့ရွိပါတယ္။

သူဟာကိန္းဂဏန္းအခ်က္အလက္ေတြကအေျခခံတြက္ခ်က္ေဟာကိန္းထုတ္တာျဖစ္ျပီး အၾကားအျမင္ရတဲ့စြမ္းအားရွင္မဟုတ္ပါဘူးလို႔ေျပာတယ္။ ယေန႔အခ်ိန္ထိသူ႔ေဟာကိန္းေတြဟာ ေရဒီယိုအစီအစဥ္ေတြမွာျမန္မာႏုိင္ငံအႏွံ႔ၾကားေနရဆဲပါ။
Facebook ေပၚမွာလည္း ပရိသတ္ ၁သိန္းခြဲေက်ာ္ရွိတဲ့စံဇာဏီဘိုဟာ ျမန္မာေဗဒင္ဆရာေတြထဲမွာ လူသိအမ်ားဆံုးလို႔လည္းဆိုႏိုင္တယ္။ လက္ကိုမွင္သုပ္ျပီးယူထားတဲ့မိတၱဴ၊ ေမြးသကၠရာဇ္၊ ေမြးဖြားခ်ိန္နဲ႔ ဇာတိသိရံုနဲ႔ သူ႔ထံမွာမည္သူမဆိုေမးျမန္းႏုိင္တယ္။ ေမးခြန္း ၃ခုအတြက္ က်ပ္ ၁ေသာင္းက်သင့္မွာျဖစ္ျပီး တဘ၀စာေဟာစာတမ္းဆိုရင္ေတာ့ က်ပ္ ၅ေသာင္းက်သင့္မွာပါ။ ႏိုင္ငံျခားသားေတြဆိုရင္ေတာ့ ေဒၚလာ ၅၀ယူပါတယ္။
ျမန္မာလူမ်ိဳးေတြဟာဂမၻီရအတတ္ေတြနဲ႔ ေရွးအယူအဆေတြကိုစြဲစြဲျမဲျမဲယံုၾကည္ၾကတယ္။ ႏိုင္ငံေရးအလွည့္အေျပာင္းေတြမ်ားလွျပီး ဆင္းရဲက်ပ္တည္းၾကတဲ့အတြက္ ေဗဒင္ေမးယၾတာေခ်ရင္း ျပႆနာေတြကိုေျဖရွင္းဖို႔နည္းလမ္းရွာၾကတာအဆန္းေတာ့မဟုတ္ပါဘူး။ အခ်စ္ေရးအဆင္ေျပဖို႔ကေန ထီေပါက္ဖို႔ရာထူးတုိးဖို႔အထိ ေဗဒင္ဆရာေတြကိုအားကိုးတဲ့လူေတြလည္းအမ်ားၾကီးရွိပါတယ္။
ျမန္မာႏိုင္ငံမွာ ေထရ၀ါဒဗုဒၶဘာသာဟာ နတ္ကိုးကြယ္မႈ၊ ေဗဒင္အင္းအိုင္လက္ဖြဲ႕ေတြနဲ႔ ေထြးေရာယွက္တင္တည္ရွိေနပါတယ္။ ေတာ္ေတာ္မ်ားမ်ားကဒီအယူ၀ါဒေတြကိုခြဲျခားသိျမင္ျခင္းမရွိၾကပါဘူး။ ကိုရင္ေတြဟာငယ္ငယ္ကတည္းကမဟာဘုတ္ထူနည္း၊ အေျခခံေဗဒင္တြက္နည္းေတြကို ဘုန္းၾကီးေက်ာင္းပညာေရးနဲ႔တပါတည္းသင္ၾကားရေလ့ရွိတယ္။ ယံုၾကည္မႈ ၂ခုဟာအျပန္အလွန္အမွီသဟဲျပဳေနျပီး အမ်ားစုကခက္ခဲနက္နဲတဲ့ဗုဒၶရဲ႕အဆံုးအမေတြထက္ ေလာကီအက်ိဳးျမန္ျမန္ေပးတဲ့ ေဗဒင္နဲ႔ေရွ႕ျဖစ္ေဟာပညာကိုလိုက္စားၾကပါတယ္။

ျမန္မာ့ေဗဒင္အတတ္ပညာဟာ ႏိုင္ငံတကာမွာက်င့္သံုးေနတဲ့ေဗဒင္ပညာနဲ႔ အေတာ္ေလးကြဲျပားတယ္။ ျဂိဳဟ္ခြင္ကိုၾကည့္ျပီးေရွ႕ျဖစ္ေဟာတဲ့စနစ္ဟာအေနာက္တိုင္းမွာအေျခခံျပီး အိႏၵိယကေနတဆင့္ ျမန္မာႏိုင္ငံဆီေရာက္ေနခဲ့ပါျပီ။ ဒါေပမယ့္ ျမန္မာ့မိရိုးဖလာေဗဒင္ေဟာနည္းကေတာ့ ေမြးေန႔ေမြးရက္ကိုအေျခခံပါတယ္။ ျမန္မာေဗဒင္ဆရာေတြဟာအေနာက္တိုင္း ၁၂လရာသီျဂိဳဟ္ခြင္အစား လရဲ႕ေရြ႕လ်ားမႈအေပၚသတ္မွတ္ေရးဆြဲထားတဲ့ျပကၡဒိန္ကိုအသံုးျပဳၾကတယ္။ စံဇာဏီဘိုကေတာ့ ပညာရပ္ေတြအားလံုးတမ်ိဳးတဖံုဆက္စပ္ေနတယ္လို႔ယံုၾကည္ပါတယ္။
ျဗိတိသွ်ကိုလိုနီဘ၀မွာေနခဲ့ရစဥ္က ျမန္မာ့ေတာ္လွန္ေရးသမားေတြဟာေသနတ္ျပီးတယ္ဆိုတဲ့ ထိုးကြင္းမွင္ေၾကာင္ေတြထိုးျပီး နယ္ခ်ဲ႕ေတြကိုတိုက္ခိုက္ခဲ့ေပမယ့္အရာမေရာက္ခဲ့ပါဘူး။ ျမန္မာႏုိင္ငံစစ္အာဏာရွင္ေတြလက္ေအာက္ေရာက္ခဲ့စဥ္မွာလည္း ေဗဒင္အင္းအိုင္လက္ဖြဲ႕ေတြကိုယံုၾကည္တဲ့ စစ္ဗိုလ္ခ်ဳပ္ေတြဟာ သူတို႔ကိုဂမၻီရအတတ္ပညာနဲ႔ျပဳစားမွာစိုးရိမ္တဲ့အတြက္ ဒီအတတ္ပညာေလ့လာလိုက္စားသူေတြကိုမ်က္စိေဒါက္ေထာက္ေစာင့္ၾကည့္ခဲ့ပါတယ္။
၂၀၁၁ ခုႏွစ္ကစျပီးႏုိင္ငံေရးျပဳျပင္ေျပာင္းလဲမႈေတြနဲ႔အတူ ဂမၻီရအတတ္ပညာေလ့လာလိုက္စားသူေတြလည္း ပိုျပီးလြတ္လပ္မႈရလာတယ္။ Facebook လို social media ေတြကေနတဆင့္ဒီအတတ္ပညာကို အလြယ္တကူဖတ္ရႈမွ်ေ၀လို႔လည္းရလာပါျပီ။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အန္အယ္လ္ဒီပါတီတို႔ တေန႔အာဏာရလာလိမ့္မယ္လို႔ေဟာကိန္းထုတ္တဲ့သူေတြကလည္းေခတ္အဆက္ဆက္ရွိခဲ့တာမို႔ သူမတကယ္အာဏာရလာတဲ့အတြက္ ဒီေဟာကိန္းေတြမွန္သြားတယ္လို႔ေျပာရမွာပါ။

ဒီကိစၥနဲ႔ပတ္သက္ျပီး အသက္ ၃၀၀န္းက်င္ျပည္သူတေယာက္ကအခုလိုေျပာပါတယ္။ “စစ္အစိုးရေခတ္ကေတာ့ က်ေနာ္တို႔အားလံုးအေၾကာက္တရားေတြနဲ႔ေနခဲ့ၾကရတာ။ ဘုရားရွိခိုးတုိင္းလည္းအဲ့ဒီလိုအေျခအေနကလြတ္ဖို႔ ဆုေတာင္းခဲ့တယ္။ သူေတာ္သူျမတ္ေတြကကယ္တင္ေစာင္မဖို႔လည္းေတာင္းပန္ခဲ့တယ္။ အခုေတာ့ဒီမိုကေရစီရျပီ၊ လြတ္လည္းလြတ္လပ္ျပီ။ က်ေနာ္တို႔ဆုေတာင္းေတြျပည့္လာျပီလို႔ေျပာရမွာေပါ့။”
စံဇာဏီဘိုကိုျမန္မာႏုိင္ငံရဲ႕အနာဂတ္အေၾကာင္းေမးၾကည့္တဲ့အခါမွာေတာ့ သူကသက္ျပင္းခ်လိုက္ျပီး… “၂၀၂၀ မွာအခုထက္ဆိုးဖို႔ရွိတယ္ဗ်။ စစ္တပ္ကေတာ့အာဏာျပန္သိမ္းမွာမဟုတ္ပါဘူး။ ၂၀၂၀ ေနာက္ပိုင္းဆိုရင္ေတာ့ေကာင္းသြားမွာပါ။ အစိုးရကလည္းႏိုင္ငံပိုျပီးဖြံ႔ျဖိဳးတိုးတက္ေအာင္ ေဆာင္ရြက္ႏိုင္လာမယ္” လို႔ေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကိုေတာ့ အခ်ိန္နဲ႔အမွ်ေတာက္ပလာတဲ့စိန္တပြင့္လို႔ သူကတင္စားခ်ီးမြမ္းတယ္။
ေခတ္လူငယ္တခ်ိဳ႕ကေတာ့ေဗဒင္ယံုေလ့မရွိၾကေတာ့ေပမယ့္ Facebook မွာေတာ့ေဟာကိန္းေတြ share ၾကတာအေလ့အထတခုလိုျဖစ္ေနပါျပီ။ ေက်းလတ္ေဒသေတြမွာေတာ့ဂမၻီရပညာလိုက္စားသူေတြ အမ်ားအျပားရွိေနဆဲပါ။
၂၀၂၀ မွာက်င္းပမယ့္ေရြးေကာက္ပြဲက်ရင္ျမန္မာ့ႏုိင္ငံေရးဟာတမ်ိဳးတဖံုေျပာင္းလဲသြားႏုိင္ပါတယ္။ ႏိုင္ငံေရးအျပင္ ရာသီဥတုေဖာက္ျပန္မႈေတြကေရာ အနာဂတ္မွာဘယ္ေလာက္ထိဆိုးရြားလာဦးမွာလဲ ဆိုတာကိုလည္း ေစာင့္ၾကည့္ၾကရပါဦးမယ္။ ဒီမိုကေရစီသက္ႏုနယ္လြန္းတဲ့ျမန္မာႏိုင္ငံရဲ႕အနာဂတ္ကိုေတာ့ စံဇာဏီဘိုတို႔လို ၀ါရင့္ေဗဒင္ဆရာေတြေတာင္ၾကိဳျမင္ႏုိင္ဖို႔မလြယ္ပါဘူးခင္ဗ်ာ။
Tom Sanders ၏ San Zarni Bo: Fate and the Future ေဆာင္းပါးအားျမန္မာဘာသာျဖင့္ျပန္ဆိုေဖာ္ျပအပ္ပါသည္။
Photo: Gerhard Joren.
Unicode
ဆရာစံဇာဏီဘိုအသက် ၆နှစ်လောက်မှာ နယ်လှည့်ရှေ့ဖြစ်ဟောဆရာတယောက်က သူကြီးလာရင် ဗေဒင်ဆရာအဖြစ်အသက်မွေးရလိမ့်မယ်လို့ ဟောခဲ့ဖူးပါတယ်။
အဲ့ဒီခေတ်ကဗေဒင်ဆရာတွေဟာဘုရားပေါ်မှာနေရင်း၊ လမ်းတကာလျှောက်သွားရင်း ဗေဒင်ဟောပြီး မဖြစ်စလောက်ငွေကြေးနဲ့ရပ်တည်ရတဲ့ခေတ်ဖြစ်တာမို့ သူ့အနေနဲ့ဒီဟောကိန်းကိုမနှစ်မြို့ခဲ့ဘူး။ ဒါကြောင့်လက်တွေ့ကျတဲ့လျှပ်စစ်နည်းပညာတက္ကသိုလ်မှာပဲ ပညာသင်ကြားခဲ့ပါတယ်။
ရန်ကုန်မှာနည်းပညာကျောင်းတက်နေတုန်းမှာပဲ စံဇာဏီဘိုဟာနိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ၁၉၇၄ခုနှစ် အသက် ၂၀အရွယ်မှာအဖမ်းခံခဲ့ရပါတယ်။ ယနေ့မှာတော့ အန်အယ်လ်ဒီပါတီဝင်တယောက်ဖြစ်နေတဲ့ စံဇာဏီဘိုဟာ တိုင်းပြည်ရဲ့ဒီမိုကရေစီအကူးအပြောင်းမှာတတပ်တအားပါဝင်လျက်ရှိပါတယ်။
နိုင်ငံရေးမှုကြောင့်ထောင်ကျခဲ့ရတာက သူ့ဘဝအတွက်တဆစ်ချိုးအပြောင်းအလဲတခုပါ။ ထောင်ထဲမှာ လက္ခဏာနဲ့ရှေ့ဖြစ်ဟောဆရာ ဦးစံတင်အောင်နဲ့တွေ့ဆုံခဲ့ပြီး သူ့ဆီကဗေဒင်ပညာတွေသင်ယူခွင့်ရခဲ့တယ်။ ထောင်ထဲမှာပဲ နက္ခတ်ပညာ၊ လက္ခဏာကြည့်ပညာ၊ ကိန်းဂဏန်းအတွက်အချက်နဲ့ တားရော့ကတ်ဟောနည်းတွေအကြောင်းသင်ယူခဲ့ပြီး ဒီပညာတွေနဲ့ပဲနိုင်ငံကျော်ဗေဒင်ဆရာတယောက် ဖြစ်လာတဲ့စံဇာဏီဘိုဟာ ထောင်ကသူ့ဒုတိယတက္ကသိုလ်လို့ တင်စားခေါ်ဝေါ်လေ့ရှိပါတယ်။
သူဟာကိန်းဂဏန်းအချက်အလက်တွေကအခြေခံတွက်ချက်ဟောကိန်းထုတ်တာဖြစ်ပြီး အကြားအမြင်ရတဲ့စွမ်းအားရှင်မဟုတ်ပါဘူးလို့ပြောတယ်။ ယနေ့အချိန်ထိသူ့ဟောကိန်းတွေဟာ ရေဒီယိုအစီအစဉ်တွေမှာမြန်မာနိုင်ငံအနှံ့ကြားနေရဆဲပါ။
Facebook ပေါ်မှာလည်း ပရိသတ် ၁သိန်းခွဲကျော်ရှိတဲ့စံဇာဏီဘိုဟာ မြန်မာဗေဒင်ဆရာတွေထဲမှာ လူသိအများဆုံးလို့လည်းဆိုနိုင်တယ်။ လက်ကိုမှင်သုပ်ပြီးယူထားတဲ့မိတ္တူ၊ မွေးသက္ကရာဇ်၊ မွေးဖွားချိန်နဲ့ ဇာတိသိရုံနဲ့ သူ့ထံမှာမည်သူမဆိုမေးမြန်းနိုင်တယ်။ မေးခွန်း ၃ခုအတွက် ကျပ် ၁သောင်းကျသင့်မှာဖြစ်ပြီး တဘဝစာဟောစာတမ်းဆိုရင်တော့ ကျပ် ၅သောင်းကျသင့်မှာပါ။ နိုင်ငံခြားသားတွေဆိုရင်တော့ ဒေါ်လာ ၅၀ယူပါတယ်။
မြန်မာလူမျိုးတွေဟာဂမ္ဘီရအတတ်တွေနဲ့ ရှေးအယူအဆတွေကိုစွဲစွဲမြဲမြဲယုံကြည်ကြတယ်။ နိုင်ငံရေးအလှည့်အပြောင်းတွေများလှပြီး ဆင်းရဲကျပ်တည်းကြတဲ့အတွက် ဗေဒင်မေးယတြာချေရင်း ပြဿနာတွေကိုဖြေရှင်းဖို့နည်းလမ်းရှာကြတာအဆန်းတော့မဟုတ်ပါဘူး။ အချစ်ရေးအဆင်ပြေဖို့ကနေ ထီပေါက်ဖို့ရာထူးတိုးဖို့အထိ ဗေဒင်ဆရာတွေကိုအားကိုးတဲ့လူတွေလည်းအများကြီးရှိပါတယ်။
မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓဘာသာဟာ နတ်ကိုးကွယ်မှု၊ ဗေဒင်အင်းအိုင်လက်ဖွဲ့တွေနဲ့ ထွေးရောယှက်တင်တည်ရှိနေပါတယ်။ တော်တော်များများကဒီအယူဝါဒတွေကိုခွဲခြားသိမြင်ခြင်းမရှိကြပါဘူး။ ကိုရင်တွေဟာငယ်ငယ်ကတည်းကမဟာဘုတ်ထူနည်း၊ အခြေခံဗေဒင်တွက်နည်းတွေကို ဘုန်းကြီးကျောင်းပညာရေးနဲ့တပါတည်းသင်ကြားရလေ့ရှိတယ်။ ယုံကြည်မှု ၂ခုဟာအပြန်အလှန်အမှီသဟဲပြုနေပြီး အများစုကခက်ခဲနက်နဲတဲ့ဗုဒ္ဓရဲ့အဆုံးအမတွေထက် လောကီအကျိုးမြန်မြန်ပေးတဲ့ ဗေဒင်နဲ့ရှေ့ဖြစ်ဟောပညာကိုလိုက်စားကြပါတယ်။
မြန်မာ့ဗေဒင်အတတ်ပညာဟာ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ဗေဒင်ပညာနဲ့ အတော်လေးကွဲပြားတယ်။ ဂြိုဟ်ခွင်ကိုကြည့်ပြီးရှေ့ဖြစ်ဟောတဲ့စနစ်ဟာအနောက်တိုင်းမှာအခြေခံပြီး အိန္ဒိယကနေတဆင့် မြန်မာနိုင်ငံဆီရောက်နေခဲ့ပါပြီ။ ဒါပေမယ့် မြန်မာ့မိရိုးဖလာဗေဒင်ဟောနည်းကတော့ မွေးနေ့မွေးရက်ကိုအခြေခံပါတယ်။ မြန်မာဗေဒင်ဆရာတွေဟာအနောက်တိုင်း ၁၂လရာသီဂြိုဟ်ခွင်အစား လရဲ့ရွေ့လျားမှုအပေါ်သတ်မှတ်ရေးဆွဲထားတဲ့ပြက္ခဒိန်ကိုအသုံးပြုကြတယ်။ စံဇာဏီဘိုကတော့ ပညာရပ်တွေအားလုံးတမျိုးတဖုံဆက်စပ်နေတယ်လို့ယုံကြည်ပါတယ်။
ဗြိတိသျှကိုလိုနီဘဝမှာနေခဲ့ရစဉ်က မြန်မာ့တော်လှန်ရေးသမားတွေဟာသေနတ်ပြီးတယ်ဆိုတဲ့ ထိုးကွင်းမှင်ကြောင်တွေထိုးပြီး နယ်ချဲ့တွေကိုတိုက်ခိုက်ခဲ့ပေမယ့်အရာမရောက်ခဲ့ပါဘူး။ မြန်မာနိုင်ငံစစ်အာဏာရှင်တွေလက်အောက်ရောက်ခဲ့စဉ်မှာလည်း ဗေဒင်အင်းအိုင်လက်ဖွဲ့တွေကိုယုံကြည်တဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ကိုဂမ္ဘီရအတတ်ပညာနဲ့ပြုစားမှာစိုးရိမ်တဲ့အတွက် ဒီအတတ်ပညာလေ့လာလိုက်စားသူတွေကိုမျက်စိဒေါက်ထောက်စောင့်ကြည့်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ်ကစပြီးနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ဂမ္ဘီရအတတ်ပညာလေ့လာလိုက်စားသူတွေလည်း ပိုပြီးလွတ်လပ်မှုရလာတယ်။ Facebook လို social media တွေကနေတဆင့်ဒီအတတ်ပညာကို အလွယ်တကူဖတ်ရှုမျှဝေလို့လည်းရလာပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီတို့ တနေ့အာဏာရလာလိမ့်မယ်လို့ဟောကိန်းထုတ်တဲ့သူတွေကလည်းခေတ်အဆက်ဆက်ရှိခဲ့တာမို့ သူမတကယ်အာဏာရလာတဲ့အတွက် ဒီဟောကိန်းတွေမှန်သွားတယ်လို့ပြောရမှာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသက် ၃၀၀န်းကျင်ပြည်သူတယောက်ကအခုလိုပြောပါတယ်။ “စစ်အစိုးရခေတ်ကတော့ ကျနော်တို့အားလုံးအကြောက်တရားတွေနဲ့နေခဲ့ကြရတာ။ ဘုရားရှိခိုးတိုင်းလည်းအဲ့ဒီလိုအခြေအနေကလွတ်ဖို့ ဆုတောင်းခဲ့တယ်။ သူတော်သူမြတ်တွေကကယ်တင်စောင်မဖို့လည်းတောင်းပန်ခဲ့တယ်။ အခုတော့ဒီမိုကရေစီရပြီ၊ လွတ်လည်းလွတ်လပ်ပြီ။ ကျနော်တို့ဆုတောင်းတွေပြည့်လာပြီလို့ပြောရမှာပေါ့။”
စံဇာဏီဘိုကိုမြန်မာနိုင်ငံရဲ့အနာဂတ်အကြောင်းမေးကြည့်တဲ့အခါမှာတော့ သူကသက်ပြင်းချလိုက်ပြီး… “၂၀၂၀ မှာအခုထက်ဆိုးဖို့ရှိတယ်ဗျ။ စစ်တပ်ကတော့အာဏာပြန်သိမ်းမှာမဟုတ်ပါဘူး။ ၂၀၂၀ နောက်ပိုင်းဆိုရင်တော့ကောင်းသွားမှာပါ။ အစိုးရကလည်းနိုင်ငံပိုပြီးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်လာမယ်” လို့ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အချိန်နဲ့အမျှတောက်ပလာတဲ့စိန်တပွင့်လို့ သူကတင်စားချီးမွမ်းတယ်။
ခေတ်လူငယ်တချို့ကတော့ဗေဒင်ယုံလေ့မရှိကြတော့ပေမယ့် Facebook မှာတော့ဟောကိန်းတွေ share ကြတာအလေ့အထတခုလိုဖြစ်နေပါပြီ။ ကျေးလတ်ဒေသတွေမှာတော့ဂမ္ဘီရပညာလိုက်စားသူတွေ အများအပြားရှိနေဆဲပါ။
၂၀၂၀ မှာကျင်းပမယ့်ရွေးကောက်ပွဲကျရင်မြန်မာ့နိုင်ငံရေးဟာတမျိုးတဖုံပြောင်းလဲသွားနိုင်ပါတယ်။ နိုင်ငံရေးအပြင် ရာသီဥတုဖောက်ပြန်မှုတွေကရော အနာဂတ်မှာဘယ်လောက်ထိဆိုးရွားလာဦးမှာလဲ ဆိုတာကိုလည်း စောင့်ကြည့်ကြရပါဦးမယ်။ ဒီမိုကရေစီသက်နုနယ်လွန်းတဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ကိုတော့ စံဇာဏီဘိုတို့လို ဝါရင့်ဗေဒင်ဆရာတွေတောင်ကြိုမြင်နိုင်ဖို့မလွယ်ပါဘူးခင်ဗျာ။
Tom Sanders ၏ San Zarni Bo: Fate and the Future ဆောင်းပါးအားမြန်မာဘာသာဖြင့်ပြန်ဆို ဖော်ပြအပ်ပါသည်။
Photo: Gerhard Joren.