ရေခဲသေတ္တာဆိုတာ အိမ်တိုင်းလိုလိုမှာ တွေ့ရလေ့ရှိတဲ့အရာဖြစ်သလို အပြင် မီးဖိုချောင်အတွက် တကယ်ကိုအသုံးဝင်တဲ့ပစ္စည်း တစ်ခုဆိုတာ သဘောတူကြမယ် ထင်ပါတယ်။ ဘယ်လောက်ပဲ အသုံးဝင်တယ်ဆိုပေမဲ့ဓာတ်အားသုံးစွဲမှုများလွန်းပါတယ်။ တစ်နေ့ကို ၂၄ နာရီ၊ ၁ နှစ်ကို ၃၆၅ ရက်လုံးကို အလုပ်လုပ်နေပြီး ပိတ်ပစ်လိုက်ဖို့ကလည်း အဆင်မပြေလှပါဘူး။ ဒါကြောင့်လည်း ပေးဆောင်နေရတဲ့ လျှပ်စစ်မီတာခ ရဲ့ ၁၅ – ၂၀ ရာခိုင်နှုန်းက ရေခဲသေတ္တာကသုံးစွဲထားတာ ဖြစ်နေတတ်ပြီး ရေခဲသေတ္တာတွေဟာ အိမ်တစ်အိမ်ရဲ့ ဓာတ်အားအသုံးဆုံး ၃ မျိုးမှာ ပါဝင်နေပါတယ်။ ရေခဲသေတ္တာကြောင့် ကုန်ကျတဲ့မီတာခတွေကို လျှော့ချပစ်ချင်လို့ နည်းလမ်းရှာနေတဲ့သူေတွအတွက် ရိုးရှင်းတဲ့ နည်းလမ်း (၇) မျိုးကို ပြောပြေပးပါရေစ။

သေသပ်၊ သပ်ရပ်အောင်စီစဉ်ပြီးသိမ်းပါ
ရေခဲသေတ္တာကို အစားအစာတွေပုပ်သိုးမသွားေအာင်ထားဖို့ အဓိကသုံးကြပါတယ်။ ရေခဲသေတ္တာတွေမှာ အကန့်လေးတွေ ပါတာကို သတိပြုမိကြမယ် ထင်ပါတယ်။ အဲဒီအကန့်လေးတွေက မတူညီတဲ့အစားအစာအမျိုးမျိုးကို အကောင်းဆုံး သိုလှောင်ထားနိုင်ဖို့ ထည့်ပေးထားတာ ဖြစ်ပါတယ်။ ရေခဲသေတ္တာကို ပြည့်ကျပ်နေအောင်လုပ်ထားခြင်းက လိုချင်တာကို အလွယ်တကူယူလို့မရေစတဲ့အပြင် ရေခဲသေတ္တာအတွင်း လေအေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေပါတယ်။ မလိုအပ်တာတွေက ဖယ်ပစ်ခြင်းက အရေးကြီးတဲ့ပါဝါသုံးစွဲမှုကို လျှော့ချနိုင်တဲ့ နည်းလမ်းကောင်း တစ်ရပ်ဖြစ်ပါတယ်။
အခန်းအပူချိန်ေရာက်မှသိမ်းဆည်းပါ
ကျွန်တော်တို့ဟာ မီးဖိုပေါ်က အစားအစာတွေကို အအေးမခံဘဲ ရေခဲသေတ္တာထဲတန်းထည့်ပြီး သိမ်းဆည်းလိုက်မယ်ဆိုရင် ရေခဲသေတ္တာ က အလုပ်တွေ အများကြီးလုပ်ရပါတယ်။ ပထမဆုံးပူနေတဲ့ အစားအစာကို အေးသွားအောင်အခန်းအပူချိန်အထိ လျော့ချရပါတယ်။ အခန်းအပူချိန်အနေအထားကို ရောက်ပြီဆိုရင်တော့ ရေခဲစသတ္တာက အေးလာစေဖို့ တင်လုပ်ဆောင်ပါတော့တယ်။ ရေခဲသေတ္တာက အလုပ်ပိုလုပ်ရလေ ပါဝါသုံးစွဲမှု ပိုလာလေပါ။ ဒါကြောင့် ပူလွန်းတဲ့အစားအစာတွေကို ရေခဲသေတ္တာထဲ တန်းမထည့်ဘဲ အပြင်မှာ ခဏထားပြီးအခန်းအပူချိန် ရောက်မှပဲ ရေခဲသေတ္တာထဲ ထည့်သင့်ပါတယ်။
အစားအစာတွေကို အဖုံးအုပ်ထားပါ
ရေခဲသေတ္တာထဲမှာ အစားအစာတွေကို သိမ်းဆည်းထားမယ်ဆိုရင် သင့်တော်တဲ့အဖုံး ဖုံးပြီး သိမ်းထားသင့်ပါတယ်။ အဖုံး ဖုံးထားတာကြောင့် အစားအစာရဲ့ အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ပြီး လတ်ဆတ်မှုကိုလည်း ကြာရှည်ခံစေပါတယ်။ ဒါ့အပြင် ပါဝါသုံးစွဲမှု ကိုလည်း လျှော့ချနိုင်ပါသေးတယ်။ အဖုံး ဖုံးတာနဲ့ တကယ် လျှော့ချနိုင်တာလား? ဟုတ်ပါတယ်။ တကယ် လျှော့ချနိုင်ပါတယ်။ အဖုံး မဖုံးဘဲ အစားအစာတွေကို ရေခဲသေတ္တာထဲ သိမ်းထားမယ်ဆို အစားအစာတွေကနေ စိုစွတ်မှုတွေ ဖြစ်စေပါတယ်။ အဲဒါအခါ ရေခဲသေတ္တာရဲ့ ကွန်ပရက်ဆာ က စိုစွတ်နေတဲ့လေထုကို ထိန်းသိမ်းဖို့ အလုပ် ပိုလုပ်ရပြီး ပါဝါ ကို ပိုသုံးစွဲမိစေပါတယ်။ အကယ်၍ အဖုံး ဖုံးပြီး သိမ်းဆည်းမယ်ဆိုရင်တော့ ဒီလိုကိစ္စမျိုးတွေ မဖြစ်လာနိုင်တော့ပါဘူး။

မှန်မှန်ဆေးကြောသန့်စင်ပါ
ရေခဲသေတ္တာထဲမှာ ရေခဲတွေ ခဲနေတာမျိုးတွေ မြင်ဖူးပါသလား။ ရေခဲသေတ္တာရဲ့ ကွန်ဒန်ဆာ က အလုပ် ကောင်းကောင်းမလုပ်တဲ့အခါရေခဲနေတာမျိုးတွေ ဖြစ်လာပါတယ်။ ထိုအခါ ရေခဲသေတ္တာက ပါဝါ ကို ပိုသုံးစွဲလာပါတော့တယ်။ အဲဒီအဖြစ်မျိုးကနေ ရှောင်ရှားနိုင်စေဖို့ ဖုန်တွေ၊အမှိုက်တွေ မကပ်နေအောင် ကွိုင်တွေကို သန့်ရှင်းအောင် ထားသင့်ပါတယ်။ ရေခဲသေတ္တာရဲ့ အနောက်ဖက်မှာရှိတဲ့ သတ္တုကွိုင်တွေက ကွန်ပရက်ဆာကို မပူအောင်လုပ်ပေးနိုင်ပြီး ရေခဲသေတ္တာကို အေးနေစေပါတယ်။ ဒါ့ကြောင့် ရေခဲသေတ္တာ မှာ ကပ်နေတဲ့ ရေခဲတွေကို အရည်ပျော်ကျအောင် ပုံမှန် လုပ်ပေးသင့်သလို ကွိုင်တွေကိုလည်း ပုံမှန် သန့်ရှင်းရေး လုပ်သင့်ပါတယ်။
မှန်ကန်တဲ့ အပူချိန်သတ်မှတ်ထားရှိပါ
အပူချိန်မြင့်ခြင်း က အစားအစာတွေကို ပျက်စီးစေပြီး အေးလွန်းခြင်းကလဲ ထို့အတူပါပဲ။ ရေခဲသေတ္တာကို အလွန်အမင်းအေးစေခြင်း ကလည်း မီတာခ ပိုတက်စေရုံသာရှိပါတယ်။ ဒါကြောင့် အပူချိန်ကိုအလယ်အလတ် အေးရုံလောက်ထားခြင်းက အစားအစာတွေကိုကောင်းမွန်အောင်ထိန်းသိမ်းရာရောက်တဲ့အပြင် ဓာတ်အားသုံးစွဲမှုကိုပါ လျော့ကျစေပါတယ်။

တံခါးကို လုံအောင်ပိတ်ပါ
တစ်နေ့ကို ဘယ်နှကြိမ်လောက် ရေခဲသေတ္တာတံခါး ကို အဖွင့်အပိတ် လုပ်မိတယ်ဆိုတာ သတိထားမိပါရဲ့လား။ ဒီလိုပြုလုပ်ခြင်း က ရေခဲသေတ္တာထဲသို့ ပြင်ပမှ လေပူတွေ ဝင်ရောက်စေပါတယ်။ ကြာကြာဖွင့်ထားလေ လေပူတွေ ပိုဝင်လေပါပဲ။ ဒီလေပူတွေကို အေးလာအောင် ကွန်ပရက်ဆာမှ အလုပ်ပိုလုပ်ရပါတယ်။ ဒါကြောင့် ရေခဲသေတ္တာထဲက ဘာလိုချင်တယ်ဆိုတာ သေချာစဉ်းစားပြီးမှ တံခါးကို ဖွင့်တဲ့အကျင့်မျိုး ပြုလုပ်သင့်ပါတယ်။
ရေခဲသေတ္တာကို နေရာချထားမှုမှန်ပါစေ
လေအဝင်အထွက် ကောင်းေကာင်းရဖို့ ရေခဲသေတ္တာတွေကို နံရံကနေ လက်မအနည်းငယ်ေလာက်ခွာထားသင့်ပါတယ်။ နေရောင်ခြည်နဲ့ တခြား အပူထွက်တဲ့အိမ်သုံးပစ္စည်းတွေ (ဥပမာ – မိုက်ခရိုဝေ့ဗ်) ကို အထူး ရှောင်ရှားသင့်ပါတယ်။
အခုေပြာပြခဲ့တဲ့ နည်းလမ်းတွေအတိုင်းလိုက်နာမယ်ဆိုရင်ေတာ့ ရေခဲသေတ္တာကြောင့် မီတာခများများကုန်ကျမှုကို လျှော့ချနိုင်မှာ အသေအချာပါပဲ။
Ref: wikiHow
Thiha