Advertisement

ဧပြီ ၂၇ရက်နေ့ကစပြီး ကလေးတွေအတွက် ညအိပ်ရာဝင်ပုံပြင်တွေကို Tom Hardy ကဖတ်ပြသွားမှာပါ။

Hardy ဟာ BBC ရဲ့ကလေးတွေအတွက်ရည်ရွယ်ထုတ်လွှင့်တဲ့ CBeebies channel မှာ ပုံပြင် ၅ပုဒ်ကိုဖတ်ပြမှာဖြစ်ပါတယ်။

မြန်မာပရိသတ်တွေကတော့ BBC iPlayer မှာကြည့်ရှုနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း YouTube မှာ CBeebies Bedtime Stories လို့ရိုက်ထည့်လိုက်ရင် video တွေတွေ့ပါလိမ့်မယ်။

Hardy ဟာ CBeebies မှာအရင်ကလည်းအိပ်ရာဝင်ပုံပြင်တွေပြောပြဖူးပါတယ်။ ဒီတခေါက်မှာတော့ သူ့ရဲ့အိမ်ခြံဝင်းထဲမှာ social distancing guideline တွေနဲ့အညီရိုက်ကူးသွားမှာဖြစ်ပြီး သူမွေးထားတဲ့ French bulldog လေး Blue ကလည်းပါဝင်သွားဦးမှာပါ။

အောက်မှာသူဖတ်ပြမယ့်ပုံပြင်တွေအကြောင်းအကျဉ်းရေးပြထားပါတယ်။

Monday 27 April: Hug Me by Simone Ciraolo

ကန္တာရဆူးပင်လေး Felipe ဟာအရမ်းကိုပွေ့ဖက်ခံချင်ပေမယ့် သူ့မိသားစုကတော့ဆူးတွေနဲ့ပြည့်နေလို့ တဦးနှင့်တဦးပွေ့ဖက်ခြင်းမပြုကြပါဘူး။ အဲ့ဒါနဲ့သူ့ကိုပွေ့ဖက်ချင်စိတ်ရှိမယ့်သူငယ်ချင်းတယောက်ကိုလိုက်ရှာပါတော့တယ်။

Tuesday 28 April: Under the Same Sky by Robert Vescio and Nicky Johnston

ကမ္ဘာတဘက်ခြားမှာရှိနေတဲ့ကလေးငယ် ၂ယောက်အကြောင်းပါ။ မိုင်တွေဝေးနေချိန်မှာခင်မင်မှုတွေခိုင်မြဲနိုင်ပါ့မလား။

Wednesday 29 April: There’s a Tiger in the Garden by Lizzy Stewart

အဘွားဖြစ်သူကခြံထဲမှာကျားတွေ့တယ်လို့ပြောတာကို မယုံတဲ့မြေးဖြစ်သူ Nora ကကျားကိုလိုက်ရှာတဲ့ဇာတ်ပါ။ ဒီပုံပြင်မှာ စိတ်ကူးယဉ်ခြင်းရဲ့စွမ်းပကားဘယ်လောက်ကြီးမားသလဲဆိုတာပြောပြထားပါတယ်။

Thursday 30 April: Don’t Worry, Little Crab by Chris Haughton

Comfort zone ထဲကရုန်းထွက်ပြီးပတ်ဝန်းကျင်သစ်ကိုရှာဖွေတဲ့
ဂဏန်းလေးတွေအကြောင်းပါ။ ‘မစိုးရိမ်ပါနဲ့ မင်းဘေးမှာငါရှိပါတယ်’ ဆိုတဲ့အားပေးစကားလေးဟာ တစုံတယောက်ကိုဘယ်လောက်ကူညီပေးနိုင်တယ်ဆိုတာပြထားပါတယ်။

Friday 1 May: The Problem with Problems by Rachel Rooney and Zehra Hicks

ပြဿနာတွေကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဟာသလေးတွေနှောပြီးပြောပြထားပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here