Advertisement

ဒီနေ့ခေတ်လူမှုကွန်ရက်သုံးစွဲသူအများစုဟာ ကိုယ်နဲ့ပတ်သက်တဲ့အ‌ကြောင်းအရာ‌တွေကို ကိုယ်ပိုင်အကောင့်မှာ မျှ‌ဝေကြ‌လေ့ရှိပါတယ်။ လူမှုကွန်ရက်‌တွေကိုအသုံးပြုပြီး ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ စီးပွားရေးကိစ္စတွေ၊ အားလပ်ရက်အတွက် အစီအစဉ်ဆွဲတာတွေလုပ်ကြတဲ့အပြင် နောက်ဆုံးရသတင်း‌တွေကို ရှာဖွေဖတ်ရှုလေ့ရှိကြပါတယ်။ အဲဒီလူမှုကွန်ရက်စနစ်တွေက လုံခြုံတယ်လို့ယုံကြည်မိတာ‌ကြောင့် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မျှဝေမိသွားတတ်တာကလည်း မနည်းပါဘူး။ ကျွန်တော်တို့ဟာ ဖစ်ရ်ှရှင်း (ဝက်ဘ်ဆိုက်နဲ့အီးမေးလ်လိပ်စာအတုလုပ်ပြီးအချက်အလက်ခိုးယူခြင်း) နဲ့ ဆိုက်ဘာပြစ်မှုကျူးလွန်မှုအန္တရာယ်ကကာကွယ်ပေးထားတာကိုလည်း လျစ်လျူရှုထားတတ်ကြပါတယ်။ ဒါကြောင့် ဆိုက်ဘာပြစ်မှုကျူးလွန်ခံရခြင်းအန္တရာယ်ကနေ ရှောင်ကြဉ်နိုင်‌မယ့်နည်းလမ်း ၆ မျိုးကို‌မျှ‌ဝေ‌ပေးလိုက်ပါရ‌စေ။

၁။ ကိုယ့်သတ်မှတ်ထားတဲ့ လျို့ဝှက်နံပါတ်တွေကို မကြာခဏပြောင်းပေးပါ။ တစ်လမှာ အနည်းဆုံး တစ်ကြိမ်(သို့)နှစ်ကြိမ်လောက်ပြောင်းလဲပေးခြင်းက ဆိုက်ဘာပြစ်မှုကျူးလွန်သူတွေရဲ့ ပစ်မှတ်ထားခံရမှုကို ပိုလျော့နည်းသွားစေပါတယ်။

၂။ လုံခြုံမှုအပြည့်ရှိတဲ့ကွန်ပျူတာတစ်လုံးက ဆိုက်ဘာပြစ်မှုကျူးလွန်သူတွေကို သိနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာရဲ့ firewall စနစ်ကို အမြဲဖွင့်ထားရပါမယ်။ ‌ဒါ့အပြင် ဗိုင်းရပ်စ်သတ်တဲ့ဆော့ဖ်ဝဲနဲ့စပိုင်ဝဲ အန္တရာယ်ကာကွယ်‌ပေးမယ့်ဆော့ဖ်ဝဲတွေလည်းထည့်ထားရပါမယ်။ ဒါမှသာ ကိုယ်ပိုင်အချက်အလက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ခိုးယူခံရခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၃။ ဆိုရှယ်မီဒီယာကို ပါးပါးနပ်နပ်အသုံးပြုတတ်ပါစေ။ လူမှုကွန်ရက်ပရိုဖိုင်တွေ (ဥပမာ – ဖေ့စ်ဘုတ်၊ တွစ်တာ၊ အင်စတာဂရမ်၊ လင့်အင်နဲ့ ယူကျု့ဘ်) ကို ကိုယ်ပိုင် သတ်မှတ်အသုံးပြုပါ။ လုံခြုံရေးစနစ်တွေကို ပုံမှန်စစ်ဆေးပါ။ အွန်လိုင်းပေါ်မှာ ဘယ်လိုသတင်းအချက်အလက်မျိုးတွေ တင်မိ‌နေလဲဆိုတာသတိထားပါ။

၄။ ကိုယ့်ရဲ့ဒစ်ဂျစ်တယ်အသုံးအ‌ဆောင်ပစ္စည်းတွေကို လုံခြုံအောင်ထားပါ။ ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့လိုပစ္စည်းတိုင်းမှာ လော့ခ်ခံထားသင့်ပါတယ်။ ဒီပစ္စည်းတွေထဲမှာ လျို့ဝှက်နံပါတ်တွေ၊ ပင်နံပါတ်တွေ၊ အိမ်လိပ်စာတွေရေးမှတ်သိမ်းထားခြင်းမျိုးကိုလည်း ဘယ်တော့မှမလုပ်သင့်ပါဘူး။

၅။ သင်ရဲ့အချက်အလက်တွေကို အမြဲကာကွယ်ထားပါ။
ငွေကြေးမှတ်တမ်းလိုမျိုး သူများမသိစေချင်တဲ့အချက်အလက်တွေကိုပို့ဆောင်ရာမှာ အန်ခရစ်ပ်ရှင်းနည်းလမ်း (အချက်အလက်တွေကို ကုဒ်အဖြစ်ပြောင်းလဲပြီး သက်ဆိုင်သူသာဖတ်နိုင်တဲ့နည်းလမ်း) ကို အသုံးပြုတာ၊ အရေးကြီးသတင်းအချက်အလက်တွေကို မိတ္ထူပွားထားပြီး မတူညီတဲ့နေရာမှာသိမ်းဆည်းထားတာမျိုး လုပ်နိုင်ပါတယ်။

၆။ အများသုံးဝိုင်ဖိုင်ကွန်ရက်မှာအသုံးပြုတဲ့အခါ သတိထားပါ။ လွယ်လွယ်ချိတ်ဆက်ပြီးသုံးနိုင်တဲ့အလျောက် လုံခြုံမှုကလည်း အလွန်ကိုလျော့ရဲပါတယ်။ အဲဒီနက်ဝက်ခ်တွေကို အသုံးပြုပြီး ငွေကြေးလွှဲပြောင်းမှုတွေ၊ အရေးကြီးသတင်းအချက်အလက်ပို့ဆောင်တာမျိုးတွေ ကို လုံးဝမလုပ်သင့်ပါဘူး။

Ref: Feedly
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here