Advertisement

ကြည်နူးစရာသီချင်းချိုချိုအေးအေးတွေ‌ေရးစပ်သီဆိုရင်း အမာခံပရိသတ်သန်းချီရရှိလာခဲ့သူ ဗြိတိန်‌‌အဆို‌ေတာ် Ed Sheeran က‌ေတာ့ The Sunday Times ကပြုစုထုတ်ပြန်‌တဲ့ ဒုတိယမြောက် Rich List for young musicians မှာ နံပါတ် ၁ နေရာကိုရရှိပြီး ဗြိတိန်ကအချမ်းသာဆုံးလူငယ်ဂီတသမားဖြစ်လာခဲ့ပါပြီ။

2019 December လကစလို့ လက်ရှိအချိန်ထိ‌ ဂီတအလုပ်‌ေတွကို ယာယီစွန့်ပစ်အနားယူ‌‌ေနဆဲဖြစ်တဲ့ Ed ရဲ့ဒီနှစ်ဝင်ငွေက ပြီးခဲ့တဲ့နှစ်ကထက် ပေါင် သန်း ၄၀ လောက် ပိုတိုးမြင့်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ အသက် ၂၉ နှစ်အရွယ်သူ့ရဲ့ပိုင်ဆိုင်ကြွယ်ဝမှုပမာဏက ပေါင်သန်း ၂၀၀ ထိရှိလာပြီး The Sunday Times ရဲ့ အသက် ၃၀ နှစ်အောက်အချမ်းသာဆုံးဗြိတိန်ဂီတသမားများစာရင်းမှာ မနှစ်ကလို ဆက်လက်ပါဝင်ခဲ့တာပါ။

March 2017 ကစပြီး အနားမယူမီအချိန်ထိဆိုရင်Ed က ကမ္ဘာတစ်လွှားမှာ ဖျော်ဖြေပွဲ‌ေပါင်း 250 ထိကျင်းပဖျော်ဖြေထားပြီးပါပြီ။ သူ့ရဲ့ ‘Divide’ Tour က‌လည်း U2အဖွဲ့ရဲ့ “သမိုင်းတစ်လျှောက်ပရိသတ်ကြည့်ရှုမှုအများဆုံး‌ေဖျာ်‌ေဖြပွဲ” စံချိန်ကို ချိုးဖျက်ပစ်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ Ed ကိုအားပေး‌ေနတဲ့အမာခံပရိသတ်‌ဦးရေက‌‌ေတာ့ တစ်ကမ္ဘာလုံးမှာ ၇ သန်းကျော်‌‌ေလာက်ရှိ‌ေနပါတယ်။

“The Sunday Times က လက်ရှိနှစ်အတွက်ထုတ်ပြန်‌ေပးလိုက်တဲ့ Britain’s Richest Young Musicians List”

  1. Ed Sheeran -£200 million
  2. Harry Styles -£63 million
  3. Niall Horan -£50 million
  4. Little Mix -£48 million
  5. Louis Tomlinson -£45 million
  6. Liam Payne -£44 million
  7. Zayn Malik -£36 million
  8. Sam Smith -£33 million
  9. Rita Ora -£20 million
    10.Stormzy -£20 million

Ref: yahoonews
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here