BDSM ဆက်ဆံရေးကိုရုပ်ရှင်တွေထဲရိုက်ပြတာက ဆယ်စုနှစ်များစွာကြာနေပြီဖြစ်ပေမယ့် 50 Shades of Grey ကတော့လူသိအများဆုံးလို့ပြောရပါလိမ့်မယ်။ BDSM ဆိုတာ ကိုယ့် partner ကိုချုပ်နှောင်ခြင်း (bondage)၊ ထားရာနေစေရာသွားကိုယ့်အမိန့်ကိုနာခံစေခြင်း (discipline)၊ နှိပ်စက်ကလူပြုခြင်း (sadism)၊ နိုင်ထက်စီးနင်းဆက်ဆံခံရတာကိုသာယာခြင်း (masochism) ဆိုတဲ့အပြုအမူတွေပေါင်းစပ်ထားတာပါ။
ဒီဆက်ဆံရေးဟာလူအများစုအတွက်တော့မနှစ်မြို့စရာဖြစ်ပေမယ့် ဒါကိုမှသာယာတတ်သူတွေအတွက်တော့ နွံမှာနှစ်နေသလိုအချိန်ကြာလာလေရုန်းထွက်ဖို့ခက်လေပါပဲ။ BDSM ဆက်ဆံရေးနဲ့လူ့စိတ်အကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်တွေကိုပညာပေးသဘောပြောပြချင်ပါတယ်။ 18+ တွေဖြစ်တာမို့အသက် ၁၈နှစ်ပြည့်ပြီးမှ ကြည့်ကြဖို့တိုက်တွန်းပါတယ်။
365 Days (2020)

ခုတလော Netflix မှာအရမ်းနာမည်ကြီးနေတဲ့ရုပ်ရှင်ပါ။ ပိုလန်လူမျိုးစာရေးဆရာမ Blanka Lipińska ရဲ့ ၃အုပ်တွဲဝတ္ထု 365 Dni ကိုအခြေခံထားပြီး ဖေဖော်ဝါရီလတုန်းက ပိုလန်နိုင်ငံမှာရုံတင်တော့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တယ်။
ဇာတ်လမ်းကတော့ တောင့်တောင့်ဖြောင့်ဖြောင့်အီတလီမာဖီးယားဂိုဏ်းခေါင်းဆောင်တယောက်က တောင့်တောင့်ဖြောင့်ဖြောင့် ပိုလန်လူမျိုးလုပ်ငန်းရှင်အမျိုးသမီးကိုပြန်ပေးဆွဲသွားပြီး သူမရဲ့အချစ်ကို ၃၆၅ရက်အတွင်းရအောင်ကြိုးစားပါတယ်။ လိင်အသားပေးပြကွက်တွေတော်တော်ကြမ်းပြီး ဇာတ်လမ်းမည်မည်ရရမရှိလို့ softcore သာသာပဲလို့ဝေဖန်ကြသူတွေရှိသလို 50 Shades of Grey ကိုခိုးချထားတယ်လို့စွပ်စွဲသူတွေလည်းရှိပါတယ်။ ဒါပေမယ့်ကြိုက်တဲ့သူတွေလည်းရှိတာမို့ ဒုတိယပိုင်းတောင်ဆက်ထွက်ရင်ထွက်လာနိုင်ပါတယ်။
The Handmaiden (2016)

ဒီကိုရီးယားရုပ်ရှင်ကျတော့ BDSM နဲ့ပတ်သက်ပြီးအမျိုးသမီးတွေရဲ့ရှုထောင့်ကရိုက်ထားတာပါ။ ဒါပေမယ့်လည်း Grey တို့ 365 Days တို့လိုရုပ်ရှင်မျိုးတွေလို အကြမ်းထည်မဆန်ဘူး။ သူ့ရဲ့တင်ပြပုံကပိုပြီး delicate ဖြစ်တယ်လို့ပြောရမယ်။ လိင်ကိစ္စအသားပေးသက်သက်လို့ပြောလို့မရဘဲ လူတွေရဲ့စိတ်နေစိတ်ထား၊ လိင်သဘာဝစတဲ့ရှုပ်ထွေးတဲ့အကြောင်းအရာတွေကိုတွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းကတော့လျှို့ဝှက်ချက်ကိုယ်စီရှိကြတဲ့ဇာတ်ကောင် ၄ယောက်နဲ့ သူတို့ရဲ့ဆက်ဆံရေးအကြောင်းလို့ပဲပြောကြပါစို့။
Bound (2015)

50 Shades of Grey အောင်မြင်တော့အလားတူ BDSM အသားပေးရုပ်ရှင်တွေထွက်ခဲ့ပြီး Bound ကလည်းတကားအပါအဝင်ဖြစ်ပါတယ်။ သူကတော့မမနဲ့မောင်လေးဇာတ်လမ်းဗျ။
အမျိုးကောင်းသမီးပုံစံခွက်ထဲမှရှင်သန်နေရတဲ့အသက် ၄၀အရွယ် single mom တယောက်ဟာ သူ့ထက် ၁၅နှစ်လောက်ငယ်တဲ့ရုပ်ချောချောလက်ရဲဇတ်ရဲကောင်လေးတယောက်နဲ့တွေ့ဆုံမိပြီး လောကမှာအလုပ်နဲ့မိသားစုအတွက်ပဲအချိန်ကုန်မနေဖို့သင်ခန်းစာရလိုက်ပါတယ်။ မနဲ့မောင်ဆက်ဆံရေးမျိုး သဘောကျတဲ့သူတွေကတော့အကြိုက်တွေ့လိမ့်မယ်။
A Dangerous Method (2011)

ပိန်သွယ်ဖြူဖျော့ပြီးဖေးမမယ့်သူမရှိဖြစ်နေတဲ့ Keira Knightley ကိုခပ်ကြမ်းကြမ်းရိုက်နှက်နေတဲ့ Michael Fassbender ကိုတွေ့ရမယ်။ တကယ်အပြင်လောကမှာရှိခဲ့တဲ့သူတွေကိုအခြေခံထားပြီး masochism နဲ့စိတ်ပညာသဘောတရားကိုဆွေးနွေးထားပါတယ်။
Knightley ရဲ့ဇာတ်ကောင်ဟာစိတ်ကစဉ့်ကလျားရောဂါခံစားနေရသူဖြစ်ပြီး Fassbender ကတော့သူ့ကိုကုသပေးရတဲ့ဆရာဝန်ပါ။ သူမငယ်စဉ်ကဖခင်ဖြစ်သူရဲ့ physical abuse လုပ်ခြင်းကိုခံစားခဲ့ရပြီး ဒီအတွေ့အကြုံကြောင့်ပဲအသက်ကြီးလာတော့စိတ်ခံစားချက်တွေကိုထိန်းသိမ်းမရတဲ့ဝေဒနာစွဲကပ်လာတယ်။ သူမဟာစိတ်ဝေဒနာရှင်ဖြစ်ပေမယ့်လည်းကိုယ့်စိတ်အခြေအနေကိုပြန်ဆန်းစစ်လေ့လာရင်း တဘက်မှာလည်း စိတ်ရောဂါကုဆရာဝန်နဲ့သာမန်ထက်ရင်းနှီးတဲ့ဆက်ဆံရေးမျိုးရှိလာပါတော့တယ်။
Flower & Snake I, II (2004, 2005)

ဂျပန်တွေရဲ့ bondage နဲ့ masochism ဆက်ဆံရေးကိုဒီကားမှာပီပီပြင်ပြင်တွေ့ရမယ်။ ပထမရုပ်ရှင်မှာ အကြွေးမဆပ်နိုင်တဲ့ခင်ပွန်းသည်က ယာကူဇာတွေလက်ထဲထိုးအပ်တာခံလိုက်ရတဲ့ကချေသည်ဇနီးချောလေးရဲ့ ဒုက္ခသုခတွေကိုမြင်ရမယ်။ ဒုတိယရုပ်ရှင်မှာတော့ ခင်ပွန်းသည်ရဲ့နောက်ကွယ်မှာ ပန်းချီဆရာတယောက်နဲ့ တိတ်တိတ်ပုန်းအချစ်ဇာတ်လမ်းခင်းမိတဲ့ဇနီးသည်အကြောင်းတွေ့ရမယ်။ ၂ကားလုံးမှာပြကွက်တွေကတော်တော်လေးနင့်နင့်နဲနဲရှိတာကြောင့် softcore လို့ပြောဖို့တောင်ခက်ပါတယ်။
Basic Instinct (1992)

ဒီရုပ်ရှင်လည်း ၂ကားရှိပေမယ့် ကျနော်ကတော့ original ကိုပိုကြိုက်လို့ original ကိုပဲညွှန်းပေးလိုက်ပါတယ်။ သူကတော့ BDSM ဆိုတာထက်စုံထောက်ဇာတ်လမ်းပိုဆန်ပြီး Sharon Stone နဲ့ Michael Douglas ရဲ့ဆက်ဆံရေးကအရမ်းဆွဲဆောင်မှုရှိလွန်းတယ်။
Stone ရဲ့ဇာတ်ကောင်ဟာ bisexual ဖြစ်ပြီးသူမရဲ့ partner ကို bondage လုပ်ပြီးဆက်ဆံရတာနှစ်သက်သူပါ။ သူ့ရဲ့ရည်းစားဟောင်းရော့ခ်အဆိုတော်လိင်ဆက်ဆံနေစဉ်အတွင်းလက်ကိုခုတင်မှာကြိုးချည်လျက်သား အသတ်ခံရတော့သူမကအဓိကသံသယရှိသူဖြစ်လာတယ်။ သှုမကိုစစ်ဆေးရသူတဲ့စုံထောက်က Douglas။ သူတို့ ၂ယောက်ရဲ့ကြောင်နဲ့ကြွက်လိုဆက်ဆံရေးကဒီရုပ်ရှင်ရဲ့အဓိကဆွဲဆောင်မှုပါ။
Honourable mentions
50 Shades of Grey (2015) – ခပ်ရိုးရိုးကောင်မလေးတယောက်နဲ့လွှမ်းမိုးချုပ်ကိုင်လိုတဲ့သူဌေးကြားက အနှောင်အဖွဲ့ဇာတ်လမ်းလေးကိုတော်တော်များများကြည့်ပြီးကြမယ်ထင်ပါတယ်။ Dakota Johnson နဲ့ Jamie Dornan။
Secretary (2002) – စိတ်ပိုင်းဆိုင်ရာပြဿနာရှိတဲ့အတွင်းရေးမှူးအမျိုးသမီးနဲ့ သူမရဲ့သူဌေးကြားကဇာတ်လမ်းပါ။ Maggie Gyllenhaal နဲ့ James Spader တို့အဓိကပါဝင်ထားပါတယ်။
9 1/2 Weeks (1986) – ခင်ပွန်းသည်နဲ့ပူပူနွေးနွေးကွာရှင်းထားတဲ့အမျိုးသမီးဟာ စီးပွားရေးလုပ်ငန်းရှင်တယောက်နဲ့ အမှတ်မထင်တွေ့ဆုံပြီးအပျော်ရှာခဲ့မိရာကနေ သူမရဲ့ဘဝပြောင်းလဲသွားတဲ့အကြောင်းရိုက်ကူးထားတယ်။ Kim Basinger နဲ့ Mickey Rourke။