တပတ်တခါမာလာရှမ်းကောမှမစားရရင်မနေနိုင်တဲ့သူတွေများရှိလား။ ဒီ guide မှာရန်ကုန်မှာရှိတဲ့ မာလာရှမ်းကောဆိုင်တွေနဲ့ လတ်တလောပေးနေတဲ့ promotion တွေအကြောင်းပြောပြထားပါတယ်။ မာလာရှမ်းကောတခုတည်းမဟုတ်ဘဲ မာလာဟင်း၊ မာလာအကင် စသဖြင့်မာလာနဲ့ပတ်သတ်သမျှ စားသောက်ဆိုင်တွေလည်းပါတယ်နော်။

ဆိုင်နာမည်အတိုင်းပဲ မာလာအနှစ်နဲ့ချက်ထားတဲ့ဟင်းပွဲတွေရတယ်။ နာမည်ကြီးဟင်းပွဲကတော့ Spicy Prawn။ တခြားပူပူစပ်စပ်ပင်လယ်စာဟင်းပွဲတွေကိုလည်းမြည်းကြည့်ခဲ့နော်။

အမှတ် ၁၇၊ အရှေ့ကုန်းလမ်း (ဗားကရာမီးသတ်ဘေးလမ်း)၊ စမ်းချောင်းမြို့နယ်။
09 785 005388
10:30 am – 10 pm

ဒီဆိုင်လေးကမာလာရှမ်းကောအပါအဝင် စီချွမ်အစားအသောက်တွေအစုံရတယ်။ မာလာရှမ်းကောဆို အသုပ်ပုံစံမှကြိုက်တဲ့သူတွေအတွက်တော့ သူ့ရဲ့ Mala Dry Pot က must try ပဲ။ ပြီးရင်အစပ်ပြေ bubble tea လေးသောက်ပေါ့။

အမှတ် ၅/၁၀၁၊ နဝဒေးလမ်း၊ ယောမင်းကြီးရပ်ကွက်၊ ဒဂုံမြို့နယ်။
09 953 428 001 | Delivery available
9 am – 10 pm

မာလာအနှစ်သုပ်ပြီးကင်ထားတဲ့အကင်တွေစားချင်တယ်ဆိုရင်တော့ Mala Factory ကိုသွားကြည့်သင့်တယ်။ အကင်နဲ့ drink တွေအပြင် ရှီရှားလည်းရပါတယ်။

အမှတ် ၂၂၊ အောင်ဇေယျလမ်း၊ ၁၄ရပ်ကွက်၊ ရန်ကင်းမြို့နယ်။
09688866886, 09661168999
5 pm – 10 pm

မကြာခင်က Yangon Night Market မှာဖွင့်ခဲ့တဲ့ဒီဆိုင်လေးက ပုစွန်၊ ဂဏန်း၊ ကြက်၊ ဝက် ဘာအသားနဲ့မှာမှာ တပွဲ ၅၀၀၀လောက်ပဲရှိလို့ ဈေးနှုန်းချိုချိုသာသာနဲ့အဝစားချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ Sunshine Food Villa မှာလည်းတဆိုင်ရှိပါသေးတယ်။

ဆူးလေဘုရားလမ်းနှင့်ကမ်းနားလမ်းထောင့်၊ ရန်ကုန်ညဈေး။
09 965 140916
12 pm – 10 pm

အော်ဂဲနစ်ဟင်းသီးဟင်းရွက်တွေအဓိကသုံးထားတဲ့ဆိုင်လေးပါ။ မာလာရှမ်းကောနဲ့လိုက်ဖက်တဲ့သစ်သီးဖျော်ရည်တွေလည်းရနိုင်ပါတယ်။

Organic Spicy 1
စမ်းချောင်းလမ်းမ၊ သပြေညို လမ်းထောင့်၊ မြေနီကုန်း။
09 797 222 121

Organic Spicy 2
B-1 (28/29) တော်ဝင်စင်တာ၊ ပြည်လမ်း၊ ဒဂုံ။
09 400 800 368

Organic Spicy 3
စံရိပ်ငြိမ် (၅ လမ်းx 6 လမ်း) ကြား၊ စံရိပ်ငြိမ်မှတ်တိုင်မျက်နှာချင်ဆိုင်၊ အင်းစိန်လမ်းမ၊ လှည်းတန်း။
09 6666 50 222

နာမည်အကြီးဆုံး မာလာရှမ်းကောဆိုင်တွေထဲကတဆိုင်ပါ။ Time City က Citywalk foodies ထဲမှာ ဖွင့်ထားတဲ့ TSH ဆိုင်ခွဲသစ်မှာ သြဂုတ်တလလုံး 20% discount ပေးနေပါတယ်။

6.5 miles Marketplace,
Myanmar Plaza Foodcity,
City Mall St John,
Myaynigone Citymart

09 762 442 124 | Delivery available
10:30 am – 8 pm

သူလည်းလတ်တလော 30% off promotion ပေးနေတယ်။ သြဂုတ် ၁၈ရက်နေ့ကနေ ၂၄ ရက်နေ့အထိ နေ့လယ် ၁၁နာရီကနေ ညနေ ၅နာရီအတွင်း စံရိပ်ငြိမ်ဆိုင်ခွဲမှာပါ။

အမှတ် ၄၀၆၊ ၄လွှာ၊ ဂမုန်းပွင့်စင်တာ (စံရိပ်ငြိမ်)၊ အင်းစိန်လမ်း။
09 95 222 3874

ဆိုင်ခွဲလိပ်စာများ – Official Facebook page

11 am – 8 pm

မာလာရှမ်းကောအရည်နဲ့အသုပ်အပြင် အသားပေါင်းထမင်းနဲ့ဒင်းဆမ်းတွေလည်းရတယ်။ Set menu တွေလည်းရပြီးဈေးလည်းသင့်ပါတယ်။

Myanmar Culture Valley
အမှတ် G1-B, Myanmar Culture Valley Shopping Center, ဦးဝိစာရလမ်း, ဒဂုံမြို့နယ်
09 967 330 699

ရေကျော်ဆိုင်ခွဲ
အမှတ်64-B, ရေကျော်လမ်း, ပုဇွန်တောင်မြို့နယ် (CB Bank မျက်နှာချင်းဆိုင်)
09 894 800 472

ကြည့်မြင်တိုင်ဆိုင်ခွဲ
အမှတ် ၅၇၂၊ အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ် (ဟုမ်းလမ်းမှတ်တိုင်အနီး, ရွှေပုလ္လင်လက်ဖက်ရည်ဆိုင်မျက်စောင်းထိုး)
09 885 3060 48

11am – 8 pm

LEAVE A REPLY

Please enter your comment!
Please enter your name here