မျက်မှန်သမားတွေအနေနဲ့ နှာခေါင်းစည်းတပ်ထားတုန်း အသက်ရှူထုတ်လိုက်တဲ့အခါ မှန်မှာရေငွေ့ရိုက်လို့ဝါးသွားတာမျိုး မကြာခဏကြုံရလေ့ရှိပါတယ်။ ဒီလိုအခက်အခဲကကင်းဝေးစေမယ့် နည်းလမ်းတချို့ကိုမျှဝေပေးချင်ပါတယ်။ ကပ်ရောဂါရန်ကကာကွယ်ဖို့ အပြင်ထွက်တာနဲ့နှာခေါင်းစည်းတပ်ဖို့မမေ့ပါနဲ့နော်။
၁) မုတ်ဆိတ်ရိတ်ခရင်မ်သုံးပါနှုတ်ခမ်းမွေး မုတ်ဆိတ်မွေးတွေရိတ်ရင်သုံးတဲ့ shaving cream ကိုမျက်မှန်အတွင်းပိုင်းမှာအနည်းငယ်သုတ်လိမ်းပေးပြီး အဝတ်သန့်သန့်နဲ့ပြောင်အောင်ပြန်သုတ်လိုက်ပါ။ Cream ကကျန်ခဲ့တဲ့ဓာတုပစ္စည်းတွေက မှန်ကိုရေငွေ့မရိုက်အောင်ကာကွယ်ပေးပါလိမ့်မယ်။
၂) မျက်မှန်ကို microfibre အဝတ်နဲ့သာသုတ်ပါတစ်ရှူးစက္ကူကအစတွေဟာ မျက်မှန်ပေါ်တွယ်ကပ်ကျန်ခဲ့တဲ့အခါ ရေငွေ့ပိုရိုက်နိုင်တာကြောင့် မျက်မှန်ဝယ်ရင်တခါတည်းပါလာတဲ့ microfibre အဝတ်နဲ့သာသုတ်ပါ။
၃) Micropore tape ကိုသုံးပါစက္ကူတိပ်လို့အလွယ်ခေါ်လေ့ရှိတဲ့ Micropore tape တွေကို နှာခေါင်းစည်းရဲ့သံချောင်းလေးအပေါ်ကနေကပ်ထားပါ။ ဒီတိပ်တွေကို Winged Pyinsa လို ဆေးပစ္စည်းအရောင်းဆိုင်တွေမှာဝယ်ယူရရှိနိုင်ပါတယ်။
၄) နှာခေါင်းစည်းတပ်တဲ့အခါ ဟမနေအောင်သတိပြုပါမျက်နှာနဲ့နှာခေါင်းစည်းကြား ဟမနေအောင်နှာခေါင်းစည်းတပ်လိုက်တာနဲ့ အပေါ်ဘက်ကသံချောင်းလေးကိုဖိပြီး တပ်ပါ။
၅) မျက်မှန်ကိုဆပ်ပြာနဲ့ဆေးကြောပါအပြင်မထွက်ခင်မျက်မှန်ကိုဆပ်ပြာနဲ့ရေသုံးပြီးဆေးကြောသင့်ပါတယ်။ မျက်မှန်ပေါ်မှာဆီနဲ့ရေငွေ့တွေကပ်နေတဲ့အခါ ရေငွေ့ရိုက်ဖို့အခွင့်အလမ်းပိုများပါတယ်။ ဆေးပြီးရင် မျက်မှန်သုတ်အဝတ်နဲ့သာသုတ်ပါ။