ဘားတွေ စားသောက်ဆိုင်တွေမဖွင့်ဘူးဆိုပေမယ့်လည်း အိမ်မှာနေရင်းပျော်စရာအချိန်တွေဖန်တီးလို့ရတယ်နော်။ အပေါင်းအသင်းတွေနဲ့ပဲဖြစ်ဖြစ် တယောက်တည်းပဲဖြစ်ဖြစ်သောက်ချင်လာပြီဆိုရင် အိမ်တိုင်ရာရောက်လာပို့ပေးတဲ့ဝန်ဆောင်မှုတွေကိုဖော်ပြပေးလိုက်ပါတယ်။ အပြင်းလား၊ အပျော့လား၊ ဘီယာလား၊ ကော့တေးလား ကြိုက်ရာရွေးရုံပါပဲ။
Generation Z Rum

Alcohol 40 per cent ပါတဲ့ပြည်တွင်းဖြစ်ရမ်ဖြစ်ပြီး ပုလင်းအရွယ်အစား ၄မျိုးထုတ်လုပ်ထားတယ်။ နေရာအကွာအဝေးပေါ်မူတည်လို့ delivery fee ကွာခြားမှာဖြစ်ပြီး Facebook messenger ကနေမှာယူနိုင်ပါတယ်။ Gekko နဲ့ The Chicken တို့လိုစားသောက်ဆိုင်တွေနဲ့ collaboration လုပ်ထားလို့ အမြည်းပါတခါတည်းမှာနိုင်တယ်။ ဘယ်လိုဖျော်စပ်ရမလဲမသိဘူးဆိုရင်လည်း အိမ်မှာပဲအလွယ်တကူစပ်လို့ရတဲ့ ရမ်အခြေခံကော့တေးဖျော်နည်းတွေကိုသူတို့ Facebook ကနေကြည့်နိုင်ပါတယ်။
Facebook: Generation Z Rum
RTH Express

Rangoon Tea House ကတော့ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုတဲ့ brand ပါ။ Stay home တွေစလုပ်တဲ့ ဧပြီလလောက်ကတည်းက RTH Express ဆိုပြီး online store ကိုစတင်မိတ်ဆက်ခဲ့တယ်။ ပြီးတော့ Burbrit Brewery နဲ့ပေါင်းပြီး ကိုယ်ပိုင် beer brand ထုတ်တယ်။ ခပ်ပြင်းပြင်းလေးသောက်ချင်တယ်ဆိုရင်လည်း အသင့်သောက်နိုင်တဲ့ Negroni ကော့တေးပုလင်းတွေမှာယူနိုင်ပါတယ်။
Facebook: RTH Express
Phone: 09 979 078681
HAPA Coffee & Cocktail

တန်တယ်ထင်သလောက်ပေးဆိုတဲ့ concept နဲ့စတင်တဲ့ဘားလေးဖြစ်ပြီး အခုချိန်မှာတော့ရန်ကုန်ကလူငယ်တွေနဲ့နိုင်ငံခြားသားတွေကြားမှာနာမည်ရနေပါပြီ။ မနက်စောစောထရလို့ လန်းဆန်းသွားချင်တယ်ဆိုရင် HAPA cold brew coffee နဲ့ tea တွေရှိတယ်။ ညဘက်ကောင်းကောင်းအိပ်ပျော်ဖို့ nightcap လေးသောက်ချင်တယ်ဆိုရင်တော့ အသင့်သောက်သုံးနိုင်တဲ့ကော့တေးပုလင်းတွေမျိုးစုံရနိုင်ပါတယ်။
Facebook: HAPA Coffee & Cocktail
Website: https://www.hapamyanmar.com/
Phone: 09 952 041094
MadameEm’s

ဧပြီလလောက်မှာပထမဆုံးအကြိမ် ရန်ကုန်မှာ stay home တွေစလုပ်တော့သူ့ရဲ့ Quarantini cocktail menu ကတော်တော်နာမည်ရခဲ့တယ်။ အခု Quarantini volume 2 မှာတော့ drink အသစ် ၉မျိုးပါပါတယ်။ Naked cocktail menu နဲ့ Negroni menu တွေလည်းရှိတယ်။ ကော့တေးသီးသန့်သောက်ချင်တဲ့သူတွေအတွက်တော့ ရွေးစရာတော်တော်စုံပါတယ်။ တရက်ကြိုမှာပါ။
Facebook: MadameEm’s
Phone: 09 979 799978
Burbrit Brewery

ရိုးရိုးရှင်းရှင်းဘီယာပဲသောက်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ပထမဆုံး microbrewery ကထုတ်လုပ်တဲ့ Burbrit craft beer တွေရှိပါတယ်။ အောက်တိုဘာတလလုံး ၆ဘူးပါတကတ်ကို ကျပ် ၁၂၀၀၀ သာကျသင့်မယ်။ ရေခဲပုံးတွေနဲ့အိမ်တိုင်ရာရောက်လာပို့ပေးမှာဖြစ်ပြီး ၂ကတ်မှာရင် free delivery ပါ။ Flavour ၄မျိုးရှိပြီး ဒီနေ့မှာရင် မနက်ဖြန်ရောက်ပါတယ်။
Facebook: Burbrit Brewery
Phone: 09 774 734 774, 09 950 962
ဝိုင်နဲ့ယမကာအမျိုးမျိုးပုလင်းလိုက်ဝယ်ယူရရှိနိုင်တဲ့ဆိုင်တွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။
Cellar Door Wine Bistro
Facebook: Cellar Door Wine Bistro (10% discount)
Phone: 09 772 279690
The Warehouse Myanmar
Facebook: The Warehouse Myanmar (20% to 35% discount)
Phone: 01 536 306
Mr. Liquor
Facebook: Mr.Liquor (လေဆိပ်က Duty Free Bottle တွေ pre-order မှာယူနိုင်ပါတယ်)
Phone: 09779090910
Volume
Facebook: Volume
Phone: 09 969 791970