Genshin Impact ဂိမ်းထွက်တာ တပတ်လောက်ရှိပြီဆိုတော့တချို့ဆိုဆော့တောင်ဆော့နေလောက်ပါပြီ။ Online ပေါ်မှာနာမည်ကြီးနေတဲ့ဂိမ်းမို့ဆော့ချင်ပေမယ့် ဘာတွေလိုအပ်သလဲ၊ ဘယ်လိုဆော့ရမလဲ မသိသေးတဲ့သူတွေအတွက် သိထားသင့်တဲ့အခြေခံအချက်အလက်လေးတွေကိုပြောပြချင်ပါတယ်။ ကျနော်လည်းဆော့တာသိပ်မကြာသေးတော့ beginner’s guide လောက်ပဲပြောပြသွားပါ့မယ်။

Platforms & requirements
GI ကို Windows, PlayStation 4, Android, iOS တွေမှာကစားနိုင်ပါတယ်။ Nintendo Switch အတွက်ထုတ်မယ်လို့သိရပေမယ့်အသေးစိတ်မကြေညာသေးပါဘူး။ ကျနော်ကတော့ Android user မို့ Android ဖုန်းတွေအတွက်အဓိကရေးပေးထားပါတယ်။
Play Store မှာ download လုပ်ရတဲ့ app size က 100 MB ကျော်ကျော်လောက်ပဲရှိပေမယ့် install လုပ်ပြီးရင် 6 GB နီးပါးထပ်ဒေါင်းရပါသေးတယ်။ ဒါကြောင့်မို့ storage အလွက် 8 GB ကျော်လောက်ရှိဖို့လိုပါတယ်။
Qualcomm Snapdragon 845 CPU၊ RAM 4 GB၊ Android 8.1 နဲ့အထက်ရှိဖို့လိုတယ်လို့ဆိုပါတယ်။ တခြား operating system တွေအတွက်လိုအပ်ချက်ကို အောက်ပါ link မှာကြည့်ပါ။
https://www.freemmostation.com/…/genshin-impact-system…/
Gameplay
Open world မို့ player တွေလွတ်လွတ်လပ်လပ် explore လုပ်လို့ရပြီး graphic တွေကတော့တော်တော်လှတယ်။ Free download ဆိုပေမယ့် ဂိမ်းအတွင်းမှာလိုအပ်တဲ့ character နဲ့ item တွေကိုရဖို့မဲနှိုက်ရတဲ့ gacha စနစ်မို့ အသုံးကြမ်းတဲ့သူတွေအနေနဲ့ စိတ်မထိန်းနိုင်ရင် တော်တော်အကုန်အကျများနိုင်တယ်ဆိုတာကိုတော့သတိပေးပါရစေ။
Story
ဂိမ်းစစချင်းမှာ ကမ္ဘာတွေကိုဖြတ်သန်းခရီးသွားနေတဲ့အမွှာမောင်နှမ ၂ယောက်ဟာ အမည်မသိနတ်ဘုရားမတပါးနဲ့ရင်ဆိုင်တိုက်ခိုက်ရတယ်။ သင့်အနေနဲ့ အဲ့ဒီ ၂ယောက်ထဲကတယောက်ကိုရွေးရမှာပါ။ ၂ယောက်လုံးမှာ ability တွေအတူတူရှိတာမို့ ကြိုက်တဲ့သူသာရွေးပါ။ သင်မရွေးလိုက်တဲ့တယောက်ကိုတော့ နတ်ဘုရားမကဖမ်းသွားပါလိမ့်မယ်။
အချိန်တခုကြာတဲ့အခါမှာသင်ရွေးချယ်ထားတဲ့ character နဲ့အတူ adventure စတင်ပါပြီ။ သင့်ကိုလမ်းပြပေးဖို့ Paimon လို့ခေါ်တဲ့နတ်သမီးလိုလိုချစ်စရာသတ္တဝါလေးတကောင်ရှိပါတယ်။ (Fun fact: Paimon ဆိုတာ The Lesser Key of Solomon ထဲကနတ်ဆိုးနာမည်ပါ။)

Characters
Main character အပါအဝင် Character စုစုပေါင်း ၂၃ကောင်ပါပါတယ်။ ကိုယ့် team မှာအဖွဲ့ဝင် ၄ဦးအထိထည့်ထားလို့ရပြီး character တွေရဲ့အခြေခံစွမ်းရည်အပေါ်မူတည်ပြီး buff တွေ၊ combo attack တွေကွဲပြားသွားမှာပါ။ ဒါကြောင့် team composition ကအရေးကြီးတဲ့အခန်းကဏ္ဍဖြစ်လာပြီး composition ကောင်းဖို့ကလည်း character ကောင်းကောင်းရဖို့လိုတဲ့အတွက် gacha game တွေရဲ့ထုံးစံအတိုင်း ကံကောင်းဖို့နဲ့ငွေသုံးနိုင်ဖို့လိုလာမှာပါ။ ဒါပေမယ့် ကျနော်ကတော့ကစားတာမကြာသေးလို့လားမသိ၊ ပိုက်ဆံသုံးကိုသုံးရမယ့်အနေအထားမျိုးတော့အခုထိမကြုံရသေးပါဘူး။
ကိုယ်ရွေးထားတဲ့ main character က 5 Star အဆင့်ဖြစ်ပြီး 5 Star ကအဆင့်အမြင့်ဆုံးပါ။ ဂိမ်းစပြီးမကြာခင်မှာပဲ Amber လို 4 Star character တချို့ကိုဆော့ရင်းနဲ့ရနိုင်ပေမယ့် 5 Star character တွေကိုတော့ မဲနှိုက်မှရမှာပါ။ ဒီဖြစ်စဉ်ကို gacha တော်တော်များများမှာ Summon လို့ခေါ်ပေမယ့် GI မှာတော့ Wish လို့ခေါ်ပါတယ်။ ဒါကြောင့် Character ကောင်းကောင်းလိုချင်ရင်တော့ ဆုတောင်းပေါ့နော်။
Antiquated Fates နဲ့ Intertwined Fates တွေကနေ Wish လုပ်လို့ရပါတယ်။ Fate တွေကိုတော့ Primogen လို့ခေါ်တဲ့ currency နဲ့ဖန်တီးရမှာပါ။

EXP and Leveling
EXP စုပြီး level တင်တဲ့နေရာမှာ Character Level နဲ့ Adventurer Rank ဆိုပြီးကွဲပြားသွားတာတွေ့ရမယ်။
Character Level ဆိုတာကတော့ကိုယ့် hero တွေကိုပိုသန်မာလာအောင်တင်ပေးရတာပါ။ RPG ဆော့တဲ့လူတော်တော်များများသိပြီးဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် GI မှာရန်သူတွေသတ်ရင်ရတဲ့ EXP ကတော်တော်နည်းတဲ့အတွက် EXP Material နဲ့ Mora (Gold) တွေသုံးပြီး Character တွေကို level တင်ပေးဖို့လိုပါတယ်။ ဒါကြောင့် EXP Material တွေရပြီဆိုတာနဲ့ ရသလောက် level တင်ထားပါ။ Material တွေကိုတော့ကစားရင်းလမ်းမှာတွေ့တဲ့ chest တွေ၊ reward တွေကတဆင့်ရနိုင်ပါတယ်။
Adventurer Rank ကျတော့ ဂိမ်းထဲမှာကိုယ်သုံးလို့ရ၊ ကစားလို့ရတဲ့ feature တွေနဲ့ဆိုင်ပါတယ်။ Explore လုပ်တာများလာရင် quest တွေကစားတာများလာရင် Adventurer Rank တက်မှာဖြစ်ပြီး Rank ပေါ်မူတည်လို့ feature အသစ်တွေပွင့်လာမယ်။ ဥပမာ Rank 5 ရောက်ရင် Wish လုပ်လို့ရမယ်၊ 8 ရောက်ရင် Ley Line ပွင့်ပြီး EXP စုလို့ရမယ်။
Level ကော Rank ကော ၂၀ မှာရပ်သွားမှာဖြစ်ပြီး အဲ့ဒီ limit ရောက်သွားရင် Ascension လုပ်ဖို့လိုပါတယ်။ တနည်းအားဖြင့် Tier upgrade လုပ်တယ်ပေါ့ဗျာ။ Ascension လုပ်ရင် talent အသစ်တွေရမယ်၊ ပိုပြီးစွမ်းလာမယ်။ တချိန်တည်းမှာပဲ ရန်သူတွေလည်းပိုစွမ်းလာမှာဖြစ်ပြီး reward တွေလည်းပိုအဆင့်မြင့်လာပါလိမ့်မယ်။
Artifact နဲ့ Weapon ဆိုတာလည်းရှိပြီး character stat နဲ့ damage တွေမြှင့်ပေးပြီးပါတယ်။ Artifact က ကစားရင်းရမှာဖြစ်ပြီး Wish လုပ်လို့မရပါဘူး။ Level မြင့်တဲ့ weapon တွေကိုတော့ Wish လုပ်နိုင်ပါတယ်။

Elements
ဒီဂိမ်းရဲ့အဓိက feature က elemental combo ပါပဲ။ Pyro (Fire), Hydro (Water), Electro (Lightning), Geo (Earth), Anemo (Wind), Cryo (Ice) နဲ့ Dendro (Nature) ဆိုပြီးအခြေခံ element ၇မျိုးရှိပါတယ်။
Main character ဟာ အခြေခံအားဖြင့် Wind elemental ဖြစ်ပြီး melee hero ပါ။ ဒါပေမယ့် သူ့ကို Statue of the Seven ကနေ teleport လုပ်ပြီးတခြား element ပြောင်းလို့ရတယ်။ နတ်ဘုရား ၇ပါးကိုကိုယ်စားပြုတဲ့ Statue ၇ခုရှိပြီး တခုစီမှာ element စွမ်းရည်တခုရှိပါတယ်။ လတ်တလောမှာတော့ လေနတ်ဘုရားစောင့်ရှောက်တဲ့ Mondstadt နဲ့ မြေနတ်ဘုရားရဲ့ Liyue မြို့ ၂ခုရှိတာမို့ လေနဲ့မြေစွမ်းရည် ၂မျိုးတည်းပြောင်းသုံးလို့ရပါသေးတယ်။ တခြား character တွေရဲ့ element စွမ်းရည်ကတော့ fixed ဖြစ်ပါတယ်။
ကိုယ့် team က character တွေရဲ့ elemental type ကိုမူတည်လို့ team တခုလုံး passive buff ရပါတယ်။ ဥပမာ မတူညီတဲ့ element ၄မျိုးထားရင် Elemental Resistance 12% တက်မယ်။ Pyro ၂ယောက်ပါရင် Base Damage မှာ 10% ပေါင်းပြီး Frozen status duration 40% လျော့ကျသွားမှာပါ။
Character တိုင်းမှာ normal attack နဲ့ elemental attack ရှိပြီး မတူညီတဲ့ elemental attack တွေဆက်တိုက်ပြောင်းသုံးခြင်းအားဖြင့် elemental combo နဲ့ effect တွေထွက်ပါတယ်။ ဥပမာ Hydro attack သုံးပြီး Cryo attack သုံးလိုက်ရင် enemy မှာ frozen effect ဝင်ပြီးလှုပ်ရှားလို့မရတော့ပါဘူး။ ဒါကို Elemental Reaction လို့ခေါ်ပါတယ်။
Element တွေအချင်းချင်းတန်ပြန်တဲ့ Elemental Counter လည်းရှိပါသေးတယ်။ Electro နဲ့ Pyro attack တွေသုံးလိုက်ရင် Overload ဖြစ်ပြီး Pyro AoE damage ထိပြီး enemy တွေရဲ့ Geo shield ကိုလည်းဖောက်လို့ရပါတယ်။
Elemental reaction နဲ့ counter တွေသုံးရင်သုံးတတ်သလို battle အပေါ်သက်ရောက်မှုရှိတာမို့ အလွတ်မှတ်ထားတာအကောင်းဆုံးပါ။
Beginner’s guide ကတော့ဒီလောက်ပါပဲ။ အသုံးဝင်လိမ့်မယ်ထင်ပါတယ်။ Admin လည်းကစားတာမကြာသေးတော့ ကိုယ်တွေ့သလောက်နဲ့ online က guide တချို့ကိုစုပေါင်းပြီး အကျဉ်းချုံးရေးထားတာပါ။ နောက်ပိုင်း level မြင့်လာတော့မှ follow up guide တွေဖော်ပြသွားပါဦးမယ်။
