အရင်က Group Video Call သုံးကြပေမယ့် စီးပွားရေးကဏ္ဍလောက်ပဲ သုံးကြတာများပါတယ်။ ခုချိန်ခါမှာတော့ ကိုရိုနာရောဂါ ကူးစက်ချိန် ဖြစ်နေတာကြောင့် အသုံးများလာပါပြီ။ Lockdown လုပ်တဲ့အချိန်မှာ Group Video Call က မရှိမဖြစ်သုံးရမယ့်ဟာပါ။
Group Video Call ပြောတဲ့အခါ နာမည်ကြီးဆော့ဝဲလ်အများစုက Download လုပ်ရတာတွေ၊ Register လုပ်ရတဲ့ အဆင့်တွေရှိပါတယ်။ ဒါတွေကို စိတ်ရှုပ်တယ်ဆိုရင်တော့ အင်တာနက် Browser ကတစ်ဆင့် အခမဲ့သုံးလို့ရတဲ့ Group video chatroom ရရှိပါတယ်။ အခုဖော်ပြပေးမယ့် ဆိုက်ဒ်တွေက လွယ်ကူရိုးရှင်းပြီး သုံးရလွယ်ပါတယ်။
Skype
Skype နဲ့ပတ်သက်ပြီး ထွေထွေထူးထူးပြောဖို့ မလိုပါဘူး။ မိုက်ခရိုဆော့က ပိုင်ဆိုင်ထားတဲ့ skype ဟာ Video Group Chat မှာ နာမည်ကြီးပါတယ်။ ကိုရိုနာရောဂါဖြစ်ပွားနေချိန်မှာ မိုက်ခရို ဆော့က skype မှာ Meet Now ဆိုတဲ့ ကဏ္ဍအသစ်ကို ထည့်သွင်းပေးထားပါတယ်။ Meet Now ကတစ်ဆင့် skype နဲ့ Group Video Free ပြောလို့ရပါတယ်။ skype Link ထဲကို Guest အနေနဲ့ဝင်ပြီး Link တစ်ခုလုပ်လို့ရပါတယ်။ ရလာတဲ့ Link ကို ပြောလိုတဲ့သူတွေဆီမျှဝေတာနဲ့ Group Chat ပြောလို့ရပါပြီ။ မိမိနာမည်ကလွဲပြီး Skpye acc (သို့) Skype app သွင်းဖို့ မလိုအပ်ပါဘူး။ Guest acc က ၂၄နာရီ ကောင်းကောင်းသုံးလို့ရပါတယ်။ ပျမ်းမျှ လူ ၅၀ ထိသုံးလို့ရပါတယ်။
Link
https://www.skype.com/en/free-conference-call/
Jitsi Meet
Skype မသုံးချင်ဘူးဆိုရင် Open Soure Platform ဖြစ်တဲ့ jitsi meet သုံးလို့ရပါတယ်။ acc အဖွင့်ဖို့လည်း မလိုအပ်ပါဘူး။ နာမည်ကြီး software မဟုတ်ပေမယ့် Group Video Chat ကောင်းကောင်းလုပ်လို့ရပါတယ်။ သူက Slack, Google Calender, Office 365 တို့နဲ့ချိတ်ထားလို့စီးပွားရေးသမားတွေ အတွက်လည်း အဆင်ပြေပါတယ်။ jitsi meet သုံးဖို့အတွက် သူတို့ Link ထဲကိုဝင်၊ Group Name တပ် ပြောချင်တဲ့သူတွေကို Invite လုပ်ပြီး ပြောလို့ရပါတယ်။ လူ ၇၅ ယောက် ထိ Group Video Call လုပ်လို့ရပါတယ်။
Link
https://meet.jit.si/
Talky
ပေါ့ပေါ့ပါးပါးလေးနဲ့ Group Video Call သုံးချင်ရင် Talky ရှိပါတယ်။ Talky မှာ Group Call လုပ်ချင်ရင် Link ထဲဝင် Group နာမည်တပ်ပြီး လုပ်လို့ရပါတယ်။ ကြော်ငြာတွေလည်း မရှိပါဘူး။ စီးပွားရေးလုပ်ငန်းတွေအတွက် အဆင်မပြေပေမယ့် မိသားစုနဲ့ မိတ်ဆွေအချို့အတွက် အဆင်ပြေပါတယ်။
Link
https://about.talky.io/
8×8
နောက်ဆုံးအနေနဲ့ မိတ်ဆက်ပေးချင်တာက 8×8 Group Video Call ဖြစ်ပါတယ်။ HD Video Call
ရပါတယ်။ အသုံးပြုပုံက Link ထဲဝင် free group call ကိုနှိပ် nickname ပေးပြီး သုံးလို့ရပါပြီ။ register လုပ်ပြီးသုံးရင် feature အသစ်တွေ
အများကြီး သုံးလို့ရပါတယ်။ စီးပွားရေးလုပ်ငန်းတွေလည်း သုံးလို့ရပါတယ်။ Microsoft 365 နဲ့ပုံစံတူပါတယ်။
Link
https://www.8×8.com/products/video-conferencing