အရေးပေါ်ကျန်းမာရေးအခြေအနေတခုခုဖြစ်လာတဲ့အခါသွားရောက်ပြသနိုင်ဖို့ ရန်ကုန်ကပုဂ္ဂလိကဆေးရုံဆေးခန်းတချို့ကိုဖော်ပြလိုက်ပါတယ်။ တချို့ဆေးခန်းတွေမှာဆေးဝါးတွေကိုအိမ်တိုင်ရာရောက်ဝယ်ယူနိုင်တဲ့ဝန်ဆောင်မှုလည်းရှိပါတယ်။ ဒီစာရင်းထဲမှာမပါသေးတဲ့ဆေးရုံဆေးခန်းတွေရှိရင်လည်း comment မှာပြောပြပေးပါ။

Share လည်း share ပါ။ အင်တာနက်ပြတ်တောက်သွားတဲ့အချိန် လိုင်းနှေးနေတဲ့အချိန်တွေမှာပါကြည့်လို့ရအောင် ဖုန်းထဲက notes ထဲမှာဖြစ်ဖြစ် copy လည်းယူထားပါ။

ပြည်သူများဘေးဘယဝေးကွာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျား။

1ဝိတိုရိယဆေးရုံ

ငွေကြေးချို့တဲ့သူများနှင့်အစိုးရဆေးရုံများတွင် ပြန်လည်ပြသရန် အခက်အခဲရှိသောလူနာများကို ဝိတိုရိယဆေးရုံတာဝန်ကျဆရာဝန်များက ကြည့်ရှုကုသပေးသွားမယ့်အစီအစဉ်ရှိပါတယ်။ 

ပြသနိုင်မည့်နေရက်များ – တနင်္လာနေ့ မှ သောကြာနေ့

ပြသနိုင်မည့်အချိန် – နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီအတွင်း။

ပြသလိုပါက ကြိုတင်ဆက်သွယ်စာရင်းပေးသွင်းထားရန်လိုအပ်ပါသောကြောင့် Booking Phones: 09783666141 ~144, 019666141 တို့ကို ဆက်သွယ်မေးမြန်းစာရင်းပေးသွင်းဖို့လိုအပ်ပါတယ်။

လိပ်စာ – အမှတ် – ၉၊ တော်ဝင်လမ်း၊ ၉မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

တာဝန်ကျဆရာဝန်များနဲ့ဖုန်းမှတဆင့်ဆွေးနွေးလို့ရတဲ့ဝန်ဆောင်မှု (tele-consultation) လည်းရှိပါတယ်။

ဆရာဝန်စာရင်း – https://www.facebook.com/220515301316142/posts/3277469448954030/

ဝန်ဆောင်မှုကို Zwaka app ဖြင့် booking ရယူရန် 09 750 1522 14 ကိုဆက်သွယ်ပါ။
Viber ဖြင့် booking ရယူရန် 01 9666 141, 09 783 666 141-144 ကိုဆက်သွယ်ပါ။

2ဗဟိုစည်ဆေးရုံ

ဗဟိုရ်စည်အထူးကုဆေးရုံကြီး ပြင်ပလူနာဌာနတွင် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများဟာ ပုံမှန်ကြည့်ရှုကုသပေးလျက်ရှိပါတယ်။

Doctor list: https://www.facebook.com/1831774626889045/posts/3973822709350882/

Online Booking တင်ရန်

Messenger မှတဆင့် Booking တင်ရန် – http://m.me/caremebots

Viber မှ့တဆင့် Booking တင်ရန် – https://tinyurl.com/caremeviber

ဒေါက်တာတိုးလွင်နှင့်ဆရာဝန်ကြီးများကလည်း ယခုကာလအတွင်း

ပြည်သူ့ဆေးရုံလူနာများအားကျောက်ကပ်နှင့်ဆီးလမ်းကြောင်း ဆိုင်ရာရောဂါများကို မေတ္တာဖြင့်ကြည့်ရှုစမ်းသပ်ခွဲစိတ်ကုသပေးနေပါတယ်။

ပြင်ပလူနာကြည့်ရှုခြင်း

ကန့်ကော်ဆေးခန်း ၊ဝါးတန်းလမ်းအထက်ဘလောက်

အချိန် – နေ့လည် ၁နာရီ မှ ၃ နာရီ

ခွဲစိတ်ကုသခြင်း

ခွဲစိတ်ကုသမှုပေးခြင်းကို

ဗဟိုစည်ဆေးရုံ (ဝါးတန်းလမ်းအလယ်ဘလောက်) တွင် မေတ္တာဖြင့် (FOC) ခွဲစိတ်ပေးမယ်လို့သိရပါတယ်။ (ရုံးချိန်ပြင်ပ)

မှတ်ချက် – ဆေးရုံဘက်မှလူနာခန်းဝန်ဆောင်မှု၊ ခွဲခန်းနှင့် ဆေး၊ ဆေးပစ္စည်းများနှင့်ပတ်သက်ပြီး အောက်ပါအတိုင်းကူညီမယ်လို့သိရှိရပါတယ်။

Bahosi Hospital ၏ CSR Program

လူနာများ အသက်သာဆုံး ဖြစ်စေရန် Single Room များကို အခန်းလွတ်သည့်အခါတွင် Double Room များအဖြစ် transform လုပ်ပြီး Hall bed ၏ charges အတိုင်းသာ ကောက်ခံပါမည်။ (20,000/ and 25,000/)

Consultant များ FOC ဖြင့်ကုသမှု ခွဲစိတ်မှု ပေးမည့် လူနာများကို

▪ Room Charges and Medical cover charges များကို (50%) သာ ကျသင့်စေပါမည်။

▪ ခွဲစိတ်ခန်းအတွင်း ကုန်ကျစရိတ်များကိုလည်း အတတ်နိုင်ဆုံး အနည်းဆုံးသာ ကျသင့်အောင် ကူညီ ဆောင်ရွက်ပါမည်။

ကုသပေးမည့်အဖွဲ့

Prof တိုးလွင်

Sr Consultant Dr စိုင်းလောင်ငင်း

Consultant Dr စထွဋ်ဝေဆိုင်

Specialist ASs

(မှတ်ချက် – နယ်ဆေးရုံများအပါအဝင် မည်သည့်ပြည်သူ့ဆေးရုံမှမဆို၊ လက်ခံကုသပေးပါမည်၊၊)

3ရွှေလမင်းဆေးရုံ

ရွှေလမင်းဆေးရုံများတွင် အတွင်းလူနာအဖြစ်တက်ရောက်ကုသမှုခံယူမည့်လူနာများအတွက် အထူးအစီအစဉ်အနေနှင့် ၁၂၊ ၂၊ ၂၀၂၁ မှ ၁၂၊ ၅၊ ၂၀၂၁ ရက်နေ့အထိ အခန်းခနှုန်းထားများကို 30% Discount  ပေးသွားမယ်လို့သိရပါတယ်။

ရွှေလမင်းဆေးရုံ (လမ်းမတော်) – အမှတ်(၁၅/၁၉)၊ ဇော်ဂျီလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

01-2301948, 01-2301949, 01-2301950, 01-2314825, 01-2314826, 01-2314892, 01-2314809.

ရွှေလမင်းဆေးရုံ (မြောက်ဥက္ကလာ) – အမှတ်-၁၂၅၄၊ သုဓမ္မာလမ်း၊၂-ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

01-655612, 01-655613, 01-655614, 01-656203, 01-656204, 01-656205

4ပါရမီဆေးရုံ

ပါရမီဆေးရုံရဲ့အရေးပေါ်ဌာနက ကလေးအတွက်ရော လူကြီးတွေအတွက်ပါ 24 နာရီ ပိတ်ရက်မရှိ အမြဲဖွင့်လှစ်ထားပါတယ်။ ဆေးမှာပြီး (၂၄) နာရီအတွင်း ဆေးဝါးများကို အိမ်အရောက်ပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုလည်းရှိပါတယ်။

လိပ်စာ – အမှတ် ၆၀၊ G-1၊ ပါရမီလမ်းမကြီး၊ ပါရမီဟိုတယ်အနီး၊ ရန်ကုန်။

5ပင်လုံဆေးရုံ

ရန်ကုန်မြို့ပင်လုံဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများနှင့် ပြသရန်အတွက် booking ယူလိုခြင်း၊ အထွေထွေကျန်းမာရေးဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး စုံစမ်းလိုခြင်းများပြုလုပ်လိုပါက အောက်ပါဖုန်းနံပါတ်များသို့ ယခင်အတိုင်းဆက်သွယ်နိုင်ပါတယ်။

လတ်တလော internet လိုင်း ပြတ်တောက်မှုများမကြာခဏဖြစ်ပေါ်နေသဖြင့် ပင်လုံဆေးရုံကြီး၏ caremebot မှ တစ်ဆင့် booking လက်ခံမှုစနစ်ကို ခေတ္တခဏရပ်ဆိုင်းထားမည်ဖြစ်ပြီး အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။

ဘွတ်ကင်လုပ်ရန်နှင့်သိလိုရာများမေးမြန်းရန်

01- 3581329 (Hotline)

01- 3583438

01- 3583089

01- 3510908

01- 3510909

01 – 3584553

09- 77777 9003

09- 77777 9004

09- 77777 9005 (Ambulance Hotline)

လိပ်စာ – အမှတ် ၉/၁၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

6ပန်းလှိုင်ဆေးခန်း – တော်ဝင်

မနက် ၉နာရီကနေ ည ၇နာရီအထိဖွင့်လှစ်ထားပြီး appointment လက်ခံချိန်ကတော့ ညနေ ၆နာရီအထိသာဖြစ်ပါတယ်။ ဆေးမှာပြီး (၂၄) နာရီအတွင်း ဆေးဝါးများကို အိမ်အရောက်ပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုလည်းရှိပါတယ်။

09 513 7812

09 423 445 653

လိပ်စာ – အမှတ် 14/A, တော်ဝင်လမ်းနှင့် သံတမန်လမ်းထောင့်၊ ဒဂုံမြို့နယ်၊ ရန်ကုန်။

7ဆစ်မီတဝေ့ဆေးရုံ

ဘန်ကောက် ဆစ်မီတဝေ့ဆေးရုံရှိ ဆရာဝန်များနဲ့ အွန်လိုင်းဆွေးနွေးမှုများကို သိရှိလိုပါက Chat box မှာအကြောင်းကြားထားနိုင်ပါတယ်။ အသေးစိတ်ကို အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။

https://www.samitivejhospitals.com/my/page/samitivej-virtual-hospital

LEAVE A REPLY

Please enter your comment!
Please enter your name here