Advertisement

ကိုရီးယားဇာတ်လမ်းတွဲတွေအနောက်တိုင်းပရိသတ်တွေကြားမှာရေပန်းစားလာပြီးနောက်ပိုင်း Netflix ကလည်းခပ်စိတ်စိတ်ထုတ်လာပါတယ်။ All of Us are Dead ကလည်းမထွက်ခင်ကတည်းကနာမည်ကြောင့် လူစိတ်ဝင်စားမှုရနေတဲ့ဇာတ်လမ်းတွဲတခုပါ။

ကိုရီးယား webtoon တခုကိုအခြေခံထားတဲ့ဒီဇာတ်လမ်းတွဲဟာ မနေ့ကမှ Netflix မှာတက်လာတာပါ။ ဖုတ်ကောင်တွေကိုအခြေခံထားတဲ့ဇာတ်လမ်းပဲဖြစ်ပေမယ့် အထက်တန်းကျောင်းတခုမှာဇာတ်အိမ်တည်ထားတာကတော့ထူးခြားပါတယ်။

ဇာတ်ကောင်တွေကဆယ်ကျော်သက်တွေပီပီကလေးစိတ်နဲ့စဉ်းစားပြုမူကြတာ၊ တယောက်နဲ့တယောက် မကျေနပ်ချက်လေးတွေက အရေးအကြောင်းကျမှပေါ်လာတာ စသဖြင့်မရင့်ကျက်တဲ့ဆုံးဖြတ်မှုတွေကြောင့် ဇာတ်လမ်းအပေါ်မှာရိုက်ခတ်မှုဖြစ်တာတွေတွေ့ရမယ်။ ကိုရီးယားဇာတ်လမ်းတွဲပီပီ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေ၊ ကျောင်းသားအချင်းချင်းအနိုင်ကျင့်ကြတာတွေလည်းပါပါသေးတယ်။

ကြည့်လို့အကောင်းဆုံးကတော့ကျောင်းစာသင်ခန်းနဲ့ ကော်ရစ်ဒါကျဉ်းကျဉ်းလေးတွေမှာ ဖုတ်ကောင်တွေလိုက်လို့ပြေးကြလွှားကြတာတွေပဲ။ Train to Busan မှာရထားကျဉ်းကျဉ်းလေးထဲပြေးကြရင်း အနောက်ကဖုတ်ကောင်တွေများမိသွားမလားဆိုပြီး အသဲတအေးအေးနဲ့ကြည့်ခဲ့ရတာတွေကိုအမှတ်ရစေတယ်။

ဇာတ်လမ်းကသွက်ပေမယ့်သိပ်အထူးအးဆန်းတော့မဟုတ်ဘူး။ Zombie survival တွေမှာတွေ့ရလေ့ရှိတဲ့ trope တွေလည်းပါတယ်။ ဆိုပါတော့တနေရာမှာလုံလုံခြုံခြုံပုန်းနေခွင့်ရပေမယ့် တယောက်ယောက်ကဗွေဖောက်လို့ထွက်ပြေးရတဲ့ပြကွက်မျိုး။

Zombie virus စတင်လာပုံနဲ့ဇာတ်ကောင်တွေအကြောင်းကိုတော့ spoil ဖြစ်သွားမှာစိုးလို့မပြောတော့ဘူးနော်။ Kingdom လောက်မှတ်မှတ်ရရမဖြစ်ပေမယ့် အားလပ်ရက်မှာအပျင်းပြေကြည့်လို့ကောင်းတဲ့ သဲထိတ်ရင်ဖိုဇာတ်လမ်းအဖြစ်ညွှန်းပါတယ်။

MM+ Rating: 6/10

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here