Photo by Nathon Oski on Unsplash
Advertisement

ဆံသဆိုင်တွေနဲ့ပတ်သက်လာရင်အကောင်းဆုံးကိုရွေးရခက်ပါတယ်။ ဆိုင်တဆိုင်တည်းမှာတောင်ကိုယ်နဲ့အဆင်ပြေတဲ့ဆံသဆရာရှိသလို မပြေတဲ့သူတွေလည်းရှိတတ်လို့ပါ။ ဒါကြောင့် Google review ကရမှတ်တွေကိုကြည့်ပြီးရမှတ်နဲ့ review အများဆုံးဆံသဆိုင် ၆ဆိုင်ကိုဖော်ပြပေးလိုက်ပါတယ်။

Burman Barbershop

Review ၁၆၁ခုနဲ့ ၅မှတ်မှာ ၄ ဒသမ ၇မှတ်ရရှိထားတဲ့ Burman Barbershop ကတော့ရန်ကုန်ကအဆင့်မြင့်ဆံသဆိုင်တွေထဲနာမည်အကြီးဆုံးပါပဲ။ ဆိုင်အပြင်အဆင်ကလည်းကိုလိုနီခေတ်ကဆံသဆိုင်ယဉ်ကျေးမှုကိုအမှတ်ရစေမယ့်ပုံစံမို့ ဆံပင်ညှပ်ဖို့သက်သက်မဟုတ်ဘဲဘော်ဒါတွေနဲ့ချိန်းဖို့ စကားစမြည်ပြောဖို့ပါအဆင်ပြေပါတယ်။ ဒီ link မှာဘွတ်ကင်တင်ပါ။

အမှတ် ၉၀၊ ဘိုကလေးဈေးလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။
09 953 726200
9am – 8pm

၆မိုင်ခွဲ Marketplace၊ အမှတ် ၆၉၊ ပြည်လမ်း၊ ရန်ကုန်။
09 444 623 800
9am – 8pm

Fraser Barbershop

ခမ်းနားထည်ဝါတဲ့အတွင်းဝန်ရုံးအဆောက်အအုံရှုခင်းနဲ့ Fraser က review ၅၉ခုနဲ့ ရမှတ် ၄မှတ်ခွဲရထားပါတယ်။ Fraser ဟာနိုင်ငံတကာကဆံသပညာရှင်တွေနဲ့ seminar တွေလည်းလုပ်လေ့ရှိပြီး foreigner ကော local ပါလူကြိုက်များတဲ့ဆိုင်ပါ။

အမှတ် ၁၆၂၊ ပထမထပ်၊ အနော်ရထာလမ်းနှင့် ၄၆လမ်းထောင့်၊ ဗိုလ်တထောင်၊ ရန်ကုန်။
09 7750 40 400
9am – 7pm

Neighborhood Projects

Burman နဲ့ပိုင်ရှင်တဦးတည်းဖြစ်တဲ့ Neighborhood Projects ဟာနောင်တော် Burman ရဲ့ခြေရာကိုလိုက်နိုင်ပါတယ်။ Review ၄၈ခုနဲ့ ၄ ဒသမ ၈မှတ်ရထားတယ်။ မုတ်ဆိတ်နဲ့ဆံသဝန်ဆောင်မှုတွေအပြင် Dermalogica product တွေနဲ့မျက်နှာသန့်စင်တဲ့ဝန်ဆောင်မှုပါရနိုင်ပါတယ်။ သူ့ဆိုင်ကနေအမျိုးသားဝတ်အင်္ကျီတွေလည်းဝယ်ယူနိုင်ဦးမှာပါ။

အမှတ် ၅၂၀၊ ဥယျာဉ်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ရန်ကုန်။
09 888 471 055
10am – 6pm

Gentleman at Bagan Barbershop

နန်းဆန်ဆန်အပြင်အဆင်နဲ့ဒီဆိုင်လေးကတော့ review ၄၂ခုနဲ့ ၄ ဒသမ ၄မှတ်ရထားပါတယ်။ မြန်မာ့နန်းတွင်းသုံးတံကဲတွေ၊ ယွန်းထည်အသုံးအဆောင်တွေနဲ့တန်ဆာဆင်ထားတာမို့ မြင်ဖူးနေကျဆံသဆိုင်တွေနဲ့ကွဲထွက်နေပါတယ်။ သူ့သက်တမ်းကလည်း ၁၀နှစ်ကျော်နေပါပြီ။

အမှတ် ၁၈(ခ)၊ သုခဝတီလမ်း၊ ရန်ကင်း၊ ရန်ကုန်။
09 979 6060 40
9am – 5:30pm (တနင်္လာနေ့ပိတ်ပါတယ်)

Rangoon Barbershop

ဆိတ်ငြိမ်အေးချမ်းတဲ့ရွှေတောင်ကြားလမ်းထဲကဒီဆိုင်လေးမှာတော့ပုံမှန်ဆံပင်နဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေအပြင် မျက်နှာသန့်စင်တဲ့ဝန်ဆောင်မှုတွေပါပေးပါတယ်။ Review ၁၉ခုနဲ့ ၄ဒသမ ၈မှတ်ရထားပါတယ်။

အမှတ် ၁၀၊ ရွှေတောင်ကြားလမ်း၊ ရန်ကုန်။
09 5140 914
10am – 5pm

Mike Barbershop

မလေးရှားက Hair Zone Studio ရဲ့ဆိုင်ခွဲဖြစ်တဲ့ Mike Barbershop ကတော့ review ၁၁ခုနဲ့ ၄ဒသမ ၆မှတ်ရထားတယ်။ ပုံမှန်ဆံသတာအပြင် တက်တူးနဲ့ piercing ဝန်ဆောင်မှုတွေပါရနိုင်ပါတယ်။

အမှတ် ၈၊ မြေညီထပ်၊ မနောဟရလမ်း၊ တာမွေ၊ ရန်ကုန်။
09 253 605 614
9am – 7pm


Barberlogy Barbershop

ဒီဆိုင်လေးကတော့ အပေါ်က review တွေနဲ့မဆိုင်ပါဘူး။ ဒီလထဲမှာဖွင့်လိုက်တဲ့ဆိုင်သစ်မို့မိတ်ဆက်ပေးတဲ့အနေနဲ့ဖော်ပြထားတာပါ။ ဆံသ၊ ခေါင်းလျှော်၊ ဆံပင်ဆေးဆိုးတဲ့ဝန်ဆောင်မှုတွေရနိုင်ပါတယ်။

အမှတ် ၇၇(င)၊ ရှင်စောပုလမ်း၊ စမ်းချောင်း၊ ရန်ကုန်။
09 40 8888 787
9am – 8pm

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here