Advertisement

MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။

Netflix မှာဟော့နေတဲ့ဇာတ်လမ်းတွဲသစ်

Dark ရဲ့ creator တွေကပဲရိုက်ကူးထုတ်လုပ်လိုက်တဲ့ 1899 ကတော့ အခုရက်ပိုင်း Netflix မှာလူပြောအများဆုံးဖြစ်နေပါတယ်။ ၁၈၉၉ ခုနှစ်မှာဇာတ်အိမ်တည်ထားတဲ့ဒီဇာတ်လမ်းတွဲမှာ ဥရောပကနေအမေရိကကိုသွားတဲ့မီးသင်္ဘောကြီးပေါ်မှာကြုံတွေ့ရတဲ့ဖြစ်ရပ်တွေကိုရိုက်ပြထားတယ်။ MYANMORE+ ပရိသတ်တွေကောကြည့်ပြီးပြီလား။ ဘယ်လိုထင်လဲ comment ပေးသွားပါဦး။

လက်လွတ်မခံသင့်တဲ့ပရိုမိုးရှင်း

Black Friday ဈေးရောင်းပွဲတွေအမီ Melia နဲ့ Chatrium တို့လို ကြယ် ၅ပွင့်ဟိုတယ်ကြီးတွေကလည်း အခန်းငှားခတွေကို ၅၀ရာခိုင်နှုန်းအထိလျှော့ချပေးနေတယ်နော့်။ သတ်မှတ်ရက်အမီ booking တင်ဖို့တော့လိုပါလိမ့်မယ်။ အသေးစိတ်ကိုသူတို့ Facebook page တွေမှာကြည့်ပါ။

မရောက်တာကြာလို့ခြေဦးလှည့်မယ့်ဆိုင်

အကင်နဲ့ဘီယာလေးစားရင်းကမ္ဘာ့ဖလားပွဲကြည့်မယ်။ Steak on the Street က ၃သောင်းဖိုးနဲ့အထက်ဝယ်ယူသူတိုင်းအတွက် ၁၀ရာခိုင်နှုန်းလျှော့ပေးနေပါပြီ။

သွားကြည့်သင့်တဲ့ပွဲ

L’Opera အီတလီစားသောက်ဆိုင်ရဲ့ Drink & Draw ပြန်လာပါပြီ။ ဒီအကြိမ်မှာတော့ တိရစ္ဆာန်ပုံစံ papier mache စက္ကူရုပ်လေးတွေကိုကိုယ့်စိတ်ကြိုက်ဆေးရောင်ခြယ်နိုင်မှာပါ။ အိမ်မှာအလှထားလို့လည်းရသလို လက်ဆောင်ပေးလို့လည်းကောင်းပါတယ်။ တဦးကိုကျပ် ၄၀၀၀၀ ကျသင့်ပြီး ဒီ link မှာအသေးစိတ်ကိုဖတ်ပြီးဘွတ်ကင်တင်လို့ရပါတယ်။

27 Nov | L’OPERA Italian Restaurant

ဒစ်ဂျစ်တယ်အနုပညာအတွေ့အကြုံ

DJ နဲ့ digital art ကိုပေါင်းစည်းထားတဲ့ဒီပွဲမှာသံစဉ်တွေနားထောင်ရင်းဖုန်းထဲမှာပုံဆွဲလို့ရတယ်။ ပြီးရင်ကိုယ်ဆွဲထားတဲ့ပုံလေးတွေကို French Institute ခြံထဲက screen မှာကြည့်နိုင်မယ်။ အနုပညာဝါသနာရှင်တွေလက်မလွှတ်သင့်တဲ့ပွဲလေးပါ။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။

26 Nov | French Institute 

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here