ရာသီဥတုသာယာနေပြီဆိုတော့ဒီအချိန်က camping ထွက်လို့အကောင်းဆုံးပါပဲ။ ရန်ကုန်နဲ့အနီးအနားက camping site ၅ခုအကြောင်းပြောပြပေးချင်ပါတယ်။ Day trip သီးသန့်ထွက်မယ်ဆိုရင်လည်းရတယ်နော်။
1. Hmawbi Camping
Hmawbi camping ကစမ်းချောင်းလေးအနားမှာရှိလို့ အပျင်းပြေငါးမျှားလှေစီးလို့ကောင်းပါတယ်။ Day trip အတွက် ၂ယောက်စာဘန်ဂလိုတလုံး ကျပ် ၄၀၀၀၀ ကျသင့်ပြီး ညအိပ်နေရင်တော့ ကျပ် ၇၀၀၀၀ ပါ။ Package ၂ခုလုံးအစားအသောက်ပါဝင်ပြီးဖြစ်ပါတယ်။
ပန်းတပွင့်တောင်အနီး၊ မှော်ဘီ၊ ရန်ကုန်။
09 777 00 6848~50



