Photo credit: Le Planteur
Advertisement

Delivery နဲ့မှာစားလို့ရတာပဲဘာလို့ဆိုင်မှာထိုင်စားနေမှာလဲလို့ပြောတဲ့သူတွေ့ရင်ဒီဆိုင်လေးတွေကိုလက်ညှိုးထိုးပြလိုက်ပါ။ ဒီဆိုင်လေးတွေမှာစားသုံးခြင်းဟာဗိုက်ပြည့်ဖို့တင်မဟုတ်ဘဲမမေ့နိုင်စရာအမှတ်တရလေးတွေဖန်တီးဖို့လည်းပါပါတယ်။ Fine dining တွေလည်းပါသလို ဈေးသက်သက်သာသာနဲ့စားသုံးနိုင်မယ့်ဆိုင်လေးတွေလည်းထည့်ပေးထားပါတယ်။

SEEDS

၂၀၁၇မှာစဖွင့်တဲ့ SEEDS ဟာရန်ကုန်ရဲ့အလှဆုံးစားသောက်ဆိုင်တွေထဲကတခုပါ။ ကြာတွေအပြည့်နဲ့ရေကန်လေးရယ်၊ စိမ်းစိုနေတဲ့ခြံဝင်းလေးရယ်၊ အရသာကအစအပြင်အဆင်အဆုံးအနုစိတ်လှပနေတဲ့ fine dining ဟင်းလျာတွေရယ်ပေါင်းလိုက်တော့ အမှတ်တရလေးတခုဖြစ်သွားတာပေါ့။ ဈေးကြီးတယ်လို့ထင်ရပေမယ့် ပြန်ရလိုက်တဲ့တန်ဖိုးကတော့မမေ့နိုင်စရာပါပဲ။

အမှတ် ၆၃(က)၊ ဦးထွန်းငြိမ်းလမ်း၊ ၁၀ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
09 972 784 841
11am – 11pm

L’Opera

အင်းယားကန်ကြီးဘေးကခြံဝင်းလေးထဲမှာဖွင့်ထားတဲ့ဒီဆိုင်လေးကတော့အီတလီအစားအသောက်တွေနဲ့နာမည်ကြီးပါတယ်။ Indoor မှာပဲစားမယ်ဆိုရင်လည်းခမ်းနားတဲ့အိမ်ကြီးရဲ့အပြင်အဆင်ကသင့်ကိုဆွဲဆောင်နိုင်မှာပါ။ ထင်းမီးနဲ့ဖုတ်တဲ့ပီဇာစစ်စစ်အပြင် အီတလီ fine dining ဟင်းလျာတွေကိုလည်းရရှိနိုင်ပါတယ်။

အမှတ် ၆၂(ဃ)၊ ဦးထွန်းငြိမ်းလမ်း၊ မရန်းကုန်း၊ ရန်ကုန်။
09 42103 4875
11am – 10pm

Le Planteur

ကိုလိုနီခေတ်အဆောက်အအုံကြီးရယ်၊ အင်းယားကန်ကြီးရယ်၊ ပြင်သစ်အစားအသောက်တွေရယ်။ ၁၉၉၈ခုနှစ်ကတည်းကဖွင့်လှစ်ခဲ့တဲ့ Le Planteur ဟာမြန်မာနိုင်ငံရဲ့အစောဆုံး fine dining စားသောက်ဆိုင်တွေထဲကတခုပါ။ Gourmet, Bistro နဲ့ High tea ဆိုပြီးနှစ်သက်ရာပုံစံနဲ့သုံးဆောင်နိုင်ပါတယ်။

အမှတ် ၈၀၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်း၊ ရန်ကုန်။
09 791 845 419
11:30am – 11:30pm

Sanctuary Ananda

သင်္ဘောကြီးပေါ်မှာ fine dining သုံးဆောင်ရတဲ့အတွေ့အကြုံကိုလိုချင်ရင်တော့ Sanctuary Ananda မှာရနိုင်ပါတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ menu အသစ်ပြောင်းတဲ့အတွက် အရသာအသစ်အသစ်တွေကိုအပတ်တိုင်းခံစားနိုင်မှာပါ။

တံတားအမှတ် ၁၊ ဗိုလ်တထောင်ဆိပ်ကမ်း၊ ရန်ကုန်။
09 254 999 126

White Swan

White Swan ဆိုတဲ့နာမည်အတိုင်းပဲဖြူဖွေးရှင်းသန့်နေတဲ့ရှေးအဆောက်အအုံကြီးဟာအင်းယားကန်နံဘေးမှာခန့်ငြားစွာတည်ရှိနေပါတယ်။ ဝရံတာမှာအင်းယားကန်ကြီးကိုငေးရင်းမနက်စာစားမလား၊ ခြံဝင်းထဲကပေါင်းမိုးအိမ်လေးတွေထဲမှာပဲညနေစာစားမလား။ မြန်မာအစားအစာအပြင် ဥရောပ fine dining နဲ့ hiigh tea set တွေရပါတယ်။

အမှတ် ၅၊ ဦးထွန်းငြိမ်းလမ်း၊ ၁၀ရပ်ကွက်၊ မရမ်းကုန်း၊ ရန်ကုန်။
09 799 368488
7am – 9pm

Atlas 

Atlas rooftop bar ကတော့ Yangon nightlife scene တွေထဲမိတ်ဆက်စရာမလိုအောင် လူကြိုက်များတဲ့Barပါ။ Atlasမှာဆိုရင်တော့ ရွှေတိဂုံဘုရားနဲ့ နေဝင်ချိန်ရှုခင်းတွေက တခြား Bar တွေရဲ့ ရှုခင်းတွေနဲ့ မတူဘဲပိုပြီးလှပနေပြီးတော့ ဆိုင်တွင်းတီးဝိုင်းလေးလည်းရှိပါသေးတယ်။

အမှတ် ၈၄၊ ပန်းလှိုင်လမ်း၊ စမ်းချောင်း၊ ရန်ကုန်။
09 767 419413
5am – 11pm

Tom Yam Koong

ဒီထိုင်းစားသောက်ဆိုင်လေးကကန်တော်ကြီးပတ်လမ်းအနားမှာရှိတော့ terrace ကနေလှမ်းကြည့်ရင်ကန်တော်ကြီးရဲ့အလှအပတွေကိုမြင်ရမယ်။ မနက်စောစောနဲ့ညနေခင်းတွေကတော့ထိုင်လို့အကောင်းဆုံးပါပဲ။ ထိုင်းစာတွေအပြင်မနက်ဘက်ဆိုမုန့်ဟင်းခါးလိုမနက်စာတွေရပါတယ်။

အမှတ် ၄၄(ခ)၊ နတ်မောက်လမ်း၊ ဗဟန်း၊ ရန်ကုန်။
09 977 222 049
6am – 10pm

The Round House Royal Kandawgyi

The Round House Royal Kandawgyi မှာ breakfast menu တော်တော်စုံပြီးလက်ဘက်ရည်ဆိုင်တွေမှာရတတ်တဲ့ရှမ်းခေါက်ဆွဲတို့ ပလာတာတို့လည်းရပါတယ်။ နေ့လယ်စာနဲ့ညစာအတွက် menu သက်သက်ရှိတယ်။ နေရာလေးကတော်တော်လှပြီး ဆိုင်အတွင်းဘက်မှာပြင်ဆင်ထားတာတွေကလည်းမြန်မာဆန်ဆန်နဲ့ကျက်သရေရှိပါတယ်။

ကန်တော်ကြီး၊ မျက်စိအထူးကုဆေးရုံမျက်နှာချင်းဆိုင်၊ နတ်မောက်လမ်း၊ ရန်ကုန်။
09 45311 7746
7am – 11pm (breakfast menu ကနေ့လယ် ၂နာရီအထိရပါတယ်)

Violet Garden

ခြံဝန်းလေးထဲမှာဖွင့်ထားတဲ့စားသောက်ဆိုင်လေးပါ။ အာရှနဲ့တရုတ်စာတွေအဓိကရတယ်။ နေရာလေးလှသလောက်အစားအသောက်တွေကလည်းဈေးတော်တော်တန်ပါတယ်။ ဆိုင်ထဲမှာလည်းထိုင်လို့ရပေမယ့် နေအေးတဲ့အချိန်လေးသွားပြီးခြံထဲမှာထိုင်တာပိုကောင်းမယ်လို့ထင်ပါတယ်။

အမှတ် ၂၇၆(ခ)၊ ဝေဇယန္တာလမ်း၊ ၆-ရပ်ကွက်၊ တောင်ဥက္ကလာ၊ ရန်ကုန်။
09 443 124 560
7:30am – 7pm

Zwe Htar Ni

ဒီဆိုင်လေးကတော့ကျေးလတ်အရသာအပြည့်အဝပေးနိုင်တဲ့ဆိုင်လေးပါ။ ကြာကန်လေးလည်းရှိတယ်။ ရှမ်းစာနဲ့ကျေးလတ်အစားအသောက်တွေအပြင် ထန်းရည်လည်းရတယ်။ ခုံနဲ့ထိုင်လို့ရသလိုသစ်ပင်အောက်မှာခင်းထားတဲ့ကွပ်ပျစ်နဲ့ဖျာပေါ်မှာထိုင်လို့လည်းရပါတယ်။

အမှတ် ၃၅၊ ဝိဇ္ဇာလမ်း၊ ၉မိုင်၊ မရမ်းကုန်း၊ ရန်ကုန်။
09 4260 444 22
7am – 5pm

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here