Advertisement

Weekend မှာသွားစားကြည့်သင့်တဲ့ဆိုင်တွေအပြင် အပင်စိုက်သင်တန်းနဲ့ spa discount တွေပါဝင်ပါတယ်။

မော်လမြိုင်အစားအစာကြိုက်ရင်သွားသင့်တဲ့ဆိုင်

ဆွာဆိုတဲ့စားသောက်ဆိုင်လေးက မော်လမြိုင်အစားအသောက်တွေကိုအဓိကထားရောင်းပါတယ်။ မော်လမြိုင်မုန့်ဟင်းခါး၊ ဖက်ထမင်း၊ မော်လမြိုင်ဘိန်းမုန့်စတဲ့အစားအသောက်တွေရပါတယ်။ ဒါ့အပြင်အာရှအစားအသောက်တွေနဲ့ BBQ တွေလည်းရပါသေးတယ်။ Online ကနေလည်းမှာလို့ရသလို dine-in လည်းရှိတယ်နော်။

အမှတ် ၁၀၊ မြောင်းမြလမ်း၊ စမ်းချောင်း၊ ရန်ကုန်။
09 761 894 670
7am – 9pm

လက်လွတ်မခံသင့်တဲ့ပရိုမိုးရှင်း

Novotel ဟိုတယ်က Le Cellier စားသောက်ဆိုင်မှာ fine dining ဆန်ဆန် a la carte ဟင်းပွဲတွေကို ၂နာရီတိတိကြိုက်သလောက်စားခွင့်ရမယ်ဆိုရင်ဘယ်လိုလဲ။ ဈေးကလည်းတယောက်ကိုမှ ၄၂ဒေါ်လာပဲကျမှာနော်။ 09 4440 8888 2 ကိုဆက်သွယ်ပြီးအသေးစိတ်စုံစမ်းနိုင်ပါတယ်။

(12pm – 4pm) 14 Jan | Le Cellier @ Novotel Yangon Max

Kokkoya ရဲ့အပင်စိုက်သင်တန်း

အိမ်မှာမြေနေရာလေးရှိလို့ ကိုယ်တိုင်အပင်စိုက်ချင်တယ်။ ဒါပေမယ့်ပြုစုစောင့်ရှောက်နည်းအခြေခံတွေကိုမသိဘူးဆိုရင်တော့ Kokkoya Organics ရဲ့အခြေခံအပင်စိုက်ပျိုးနည်းသင်တန်းလေးရှိပါတယ်။ သင်တန်းချိန်က ၁၅ရက်နေ့ ညနေ ၃ နာရီကနေ ၅ နာရီအထိပါ။ ဈေးနှုန်းကတော့ ၂၅,၀၀၀ ကျပ် ဖြစ်ပြီး အအေးတစ်ခွက်နဲ့ အိမ်ပြန်လက်ဆောင်မြေဆွေး 1 kg ပါ လက်ဆောင်ပေးမယ်လို့သိရပါတယ်။

ဘောဂ ၂လမ်း၊ သင်္ကန်းကျွန်း၊ ရန်ကုန်။

Laguna Spa ရဲ့ discount

Melia Yangon ရဲ့ Laguna Spa က walk-in customer တွေအတွက် ၃၀ရာခိုင်နှုန်း discount ပေးနေပြီနော်။ အားလပ်ရက်မှာ self-care လုပ်ချင်တဲ့သူတွေအတွက်လက်တို့တာပါ။ ဖုန်း 01 934 5000 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။


Cover photo credit: Swer Facebook

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here