Advertisement

ပိတ်ရက်နဲ့ payday တိုက်ဆိုင်နေတော့ အေးဆေး chill လို့ရမယ့်ဆိုင်သစ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ TGIF!

Old Flame Steak House

Masterchef ပြိုင်ပွဲဝင်တယောက်ဖြစ်တဲ့ကိုနေအောင်ကစားဖိုမှူးအဖြစ်တာဝန်ယူထားတဲ့ဆိုင်ပါ။ Steak စားမယ်ဆိုရင် အမဲသား၊ ဝက်သား၊ ကြက်သား၊ ငါးဆိုပြီး ၄မျိုးရှိပါတယ်။ ပြီးရင်ကိုယ်နှစ်သက်ရာဆော့စ်နဲ့ အကျက်အနေအထားကိုလည်းရွေးချယ်နိုင်ပါတယ်။ Side dish တွေထဲမှာလည်း steak စားရင်မပါမဖြစ် အာလူးကြော်နဲ့၊ coleslaw တွေအပြင် ရွှေဘိုသင်္ဘောသီးထောင်းလို local food လေးတွေပါရပါတယ်။ Steak တွေကလည်း ကျပ် ၁၀၀၀၀ ဝန်းကျင်တွေပါပဲ။

အမှတ် ၁၂၊ မြဝတီလမ်း၊ ကျောင်းလမ်းနဲ့ ရှမ်းကုန်းလမ်းအကြား၊ Dagon Center 2 အနီး၊ မြေနီကုန်း၊ ရန်ကုန်။
09 252 229 100
10am – 10pm

Bar 86

Street food လေးတွေစားပြီး Outdoor Garden မှာလေညှင်းခံရင်းထိုင်မလား။ Indoor မှာပဲတီးဝိုင်းကသီချင်းလေးနားထောင်ပြီးဘီယာသောက်ရင်းငြိမ့်မလား။ အစားအသောက်တွေကလည်း ၈၀၀၀ – ၁၀၀၀၀ ဝန်းကျင်မို့တယောက်တည်းပဲဖြစ်ဖြစ် အပောင်းအသင်းတွေနဲ့ပဲဖြစ်ဖြစ်ထိုင်လို့ကောင်းတဲ့နှုန်းထားတွေပါ။

ခြံအမှတ် 1/5C၊ ဆရာစံလမ်း၊ သာယာဝတီလမ်းသွယ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 775 153 40
3pm – 11pm

Wiki Wiki – Bar

ဒီ view ကောင်းကောင်းနဲ့ rooftop bar လှလှလေးကလည်းဖွင့်တာတပတ်လောက်ပဲရှိပါသေးတယ်။ ဘီယာနဲ့ကော့တေးတွေအပြင် အမြည်းတွေတော်တော်စုံတယ်။ လေညှင်းခံရင်းအေးဆေး chill လို့ရသလို ပိတ်ရက်တွေဆိုရင်လည်းညနေပိုင်းမှာ DJ နဲ့ live music တွေရှိတာမို့အလှုပ်တလိုင်းတွေအတွက်လည်းအဆင်ပြေတာပေါ့။

Hotel Keio ခေါင်မိုးထပ်၊ အမှတ် ၅၇၊ ဆင်မင်းရပ်ကွက်၊ အလုံ၊ ရန်ကုန်။
09 945 945 299
3pm – 11pm

Fika’s Coffee

ကော်ဖီနဲ့ soft drink တွေကိုအဓိကရောင်းတဲ့ဒီဆိုင်လေးကလည်းဖွင့်တာတပတ် ၂ပတ်လောက်ပဲရှိပါသေးတယ်။ လတ်တလော snack တွေမရသေးပေမယ့် ကိုယ့်မုန့်ယူသွားပြီးသူ့ဆီက drink တွေနဲ့စားလို့ရပါတယ်။ လူငယ်လေးတွေဦးစီးတဲ့ဆိုင်မို့ အပြင်အဆင်ကခေတ်မီပြီးသက်တောင့်သက်သာရှိတယ်။ Drink ဈေးနှုန်းလေးတွေက ကျပ် ၂၀၀၀ – ၃၀၀၀ ဝန်းကျင်ပဲရှိပါတယ်။

အမှတ် ၃၅၊ အထက်ကြည့်မြင့်တိုင်လမ်း၊ ရန်ကုန်။
09 760 499 045
7am – 8pm

Cafe Niksen

ဒီဆိုင်လေးကို mental health awareness session တခုမှာတွေ့ပြီးသတိထားမိနေတာပါ။ မျက်နှာကျက်မြင့်မြင့်နဲ့လေဝင်လေထွက်ကောင်းတဲ့ ရှေးတိုက်ခန်းထဲမှာဖွင့်ထားတာမို့ vintage vibe ကတော့ရပြီးသား။ အစားအသောက်ကတော့လောလောဆယ်မှာကော်ဖီ၊ soft drink နဲ့ toast လေးတွေပဲရပါသေးတယ်။ ဈေးနှုန်းကတော့ ကျပ် ၃၀၀၀ – ၄၀၀၀ ဝန်းကျင်ပါ။

အမှတ် ၄၂၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တထောင်၊ ရန်ကုန်။
09 894 561155
9am – 5pm

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here