Advertisement

ရာသီဥတုမကောင်းလို့ပိတ်ရက်မှာအပြင်မထွက်ဘဲကလေးတွေကိုပဲအချိန်ပေးမယ့်မိဘတွေအတွက် အင်္ဂလိပ်စာကိုအခြေခံကစလို့သင်ပေးနိုင်မယ့်စာအုပ်တွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အထူးသဖြင့် လာမယ့်နှစ်မှာ မူကြို (သို့) သူငယ်တန်းတက်မယ့်ကလေးတွေအတွက်ပိုအဆင်ပြေပါတယ်။

ဒီစာအုပ်လေးတွေကရောင်စုံပုံလေးတွေနဲ့ရိုက်နှိပ်ထားတာဖြစ်ပြီး အင်္ဂလိပ်စာကိုနားလည်ရလွယ်တဲ့ကဗျာတိုလေးတွေနဲ့သင်သွားတာပါ။ ဒါကြောင့်မိဘတွေအနေနဲ့အင်္ဂလိပ်စာအခြေခံမရှိလည်း dictionary ဖတ်ပြီးသင်ကြားပေးလို့ရတဲ့အထိရိုးရှင်းပါတယ်။

ဥပမာတချို့ပြောရရင် Short Vowel A ဆိုရင် A ကိုစာကြောင်းတကြောင်းမှာ vowel အနေနဲ့ဘယ်လိုသုံးရတယ်၊ ဘယ်လိုအသံထွက်ရတယ်ဆိုတာသင်ပေးပါတယ်။ What We Smell နဲ့ What We Eat ဆိုရင်ကျနော်တို့စားတဲ့အစားအသောက်၊ ရှူရှိုက်လိုက်တဲ့အနံ့တွေကိုခွဲခြားရှင်းလင်းပေးတယ်။ ပညာပေးသီးသန့်မဟုတ်ဘဲ ပုံပြင်စာအုပ်လေးတွေလည်းရှိပါတယ်။

စုစုပေါင်း ၁၅အုပ်ရှိပြီး အကုန်လုံးကို ebook ပုံစံနဲ့အခမဲ့ဒေါင်းလုပ်ဒ်ယူနိုင်ပါတယ်။ ဒီ link ကနေသွားပါ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here