By Michal Matlon on Unsplash
Advertisement

တပတ်အတွင်းရန်ကုန်မြို့ရဲ့ စိတ်ဝင်စားစရာ event တွေအကြောင်းသိနိုင်မယ့် Yangon’s Latest

အီတလီဗိသုကာဓာတ်ပုံပြပွဲ

Doh Eain နဲ့အီတလီသံရုံးတို့ပူးပေါင်းပြီး ကိုဗစ်ကာလအတွင်းအီတလီနိုင်ငံရဲ့ နာမည်ကျော်ရင်ပြင်တွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ဓာတ်ပုံပြပွဲကို ဗိုလ်ကလေးဈေးလမ်းက YWCA မှာ မေလ ၂၀ မှ ၂၈ ရက်နေ့အထိပြသထားမယ်လို့သိရပါတယ်။ ဒီပြပွဲကဓာတ်ပုံတွေကို အီတလီဓာတ်ပုံဆရာ ၂၁ ဦးက ၂၀၂၀ ပြည့်နှစ် နွေဦးကာလ အီတလီနိုင်ငံရဲ့ ပထမဆုံးလော့ဒေါင်းကာလအတွင်းမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး လူသူခြောက်ကပ်သွားတဲ့ရင်ပြင်တွေမှာ ယခင်ကလူအများသတိမထားမိခဲ့တဲ့ဗိသုကာလက်ရာတွေပြန်လည်ထင်ရှားစွာပေါ်လာတာကိုကြည့်ရှုခံစားရမှာပါ။ ထိုကာလအတွင်းမှာပဲ မြန်မာဓာတ်ပုံဆရာ ၂ ဦးက ရန်ကုန်မြို့မှာ မှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံအချို့ကိုလည်း ပြပွဲမှာ ကြည့်ရှုနိုင်ဖို့ပြသထားတယ်လို့သိရပါတယ်။

YWCA Building, Bogalay Zay Street, Yangon
01 256 990
10 am – 5 pm | 20 – 28 May

Melia ရဲ့ high tea အသစ်

High tea နဲ့ပတ်သက်လာရင်အမြဲဆန်းသစ်နေတဲ့ Melia Yangon ဟာအီတလီရိုးရာအငွေ့အသက်တွေလွှမ်းခြုံထားတဲ့ high tea set ကိုမိတ်ဆက်လာခဲ့ပါပြီ။ လူတဦးကို ၁၂ဒေါ်လာ++ ကျသင့်မှာဖြစ်ပြီး အနည်းဆုံးလူ ၂ဦးစာ booking တင်ပေးရမှာပါ။

No 192, Kaba Aye Pagoda Road, Bahan Township, Yangon
09 940 407 700, 01 934 5000
2:30 pm – 4:30 pm (Daily)

Junction Square ကလူငယ်ဈေးကွက်

အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းအရောင်းဆိုင် ၂၀ကျော်ပါဝင်မယ့်လူငယ်ဈေးကွက်ကို မေလ ၂၂ ရက်နေ့ကနေ ၂၆ရက်နေ့အထိ Junction Square မှာကျင်းပသွားမှာပါ။ ဆိုင်အသေးစိတ်ကိုသူ့ page မှာကြည့်နိုင်ပါတယ်။

Ward 7, Between Pyay Road and Kyun Taw Road, Kamaryut Township, Yangon
9 am – 9 pm

Artsy1820 ရဲ့နွေရာသီဈေးပွဲတော်

Artsy1820 ရဲ့ Summer Launch လို့အမည်ပေးထားတဲ့အရောင်းပွဲတော်မှာ branded အမျိုးသမီးအဝတ်အထည်နဲ့ accesory၊ လက်ဝတ်ရတနာနဲ့ အလှဆင်ပစ္စည်းတွေကို စုံစုံလင်လင်ဝယ်ယူနိုင်မှာပါ။ အသေးစိတ်ကို Artsy1820 page မှာကြည့်ပါ။

Indian Tadka, 2nd floor, Kantharyar Plaza, Wyndham Grand Hotel, Yangon
11 am – 7 pm | 20 May

နေဝင်ချိန်ကိုကြည့်ရင်းသင်္ဘောစီးမယ်

Anawrahta Cruise က Sunday Sunset Cruise ကို package ၂မျိုးနဲ့ဝန်ဆောင်မှုပေးနေပါပြီ။ Cocktail pack မှာဆိုရင် ကော့တေး ၂ခွက်ပါဝင်မှာဖြစ်ပြီး ၁၉၀၀၀ ကျပ်ကျသင့်ပါတယ်။ Dinner pack မှာတော့ ဟင်းပွဲ ၃ပွဲပါတဲ့ညစာစားပွဲနဲ့ ကော့တေး ၁ခွက်ပါဝင်ပြီး ၄၅၀၀၀ ကျပ်ကျသင့်မှာပါ။ Package ၂ခုလုံးမှာ ညနေ ၅ခွဲကနေ ၆ခွဲအထိ သင်္ဘောစီးခွင့်ပါဝင်ပါတယ်။ စားသောက်ဆိုင်လည်းရှိတာမို့ကော့တေးနဲ့လိုက်ဖက်မယ့်အစားအစာတွေကိုလည်းသီးသန့်ဝယ်စားခွင့်ရမှာပါ။

Yangon Innovation Centre Jetty, Pansodan Street, Yangon
09 983 115 711
5 pm – 9 pm | 21 May

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here