Advertisement

Plastic Free July campaign တွေနဲ့ ဒီအပတ်အတွက် Yangon’s Latest

Melia Yangon ရဲ့ Tokyo High Tea

Rooftop မှာအင်းလျားကန်နဲ့ရန်ကုန်မြို့ကြီးရဲ့ရှုခင်းကိုရှုစားရင်း မုန့်စားမယ်။ ဂျပန်ရိုးရာမုန့်တွေနဲ့ Tokyo High Tea ကိုသြဂုတ်လ ၁ရက်နေ့ကစပြီး Melia Yangon မှာသုံးဆောင်နိုင်ပါပြီ။ ဈေးနှုန်းကတော့ set တခုကို ၂၄ ဒေါ်လာပါ။

No 192, Kaba Aye Pagoda Road, Bahan Township, Yangon
09 940 407 700, 01 934 5000
2 pm – 5 pm (daily)

Kokkoya ရဲ့ Social Sunday

မြို့ပြစိုက်ခင်းလေးထဲမှာမုန့်စားရင်း drinks တွေသောက်ရင်း မိတ်ဆွေသစ်ရှာမယ်။ အင်္ကျီဟောင်းတွေလဲလို့ရတဲ့အစီအစဉ်နဲ့ ကလေးတွေအတွက်ပျော်စရာအစီအစဉ်တွေလည်းပါသလို ပလတ်စတစ်မသုံးဘဲလုပ်ထားတဲ့ကုန်ပစ္စည်းတွေကိုလည်းဝယ်ယူနိုင်ပါတယ်။

Kokkoya Organics, Bawga (2) Lane, Thingangyun, Yangon
10 am – 5 pm | 30 July

Decora ရဲ့ပန်းချီပြပွဲ

Decora Art Gallery မှာကျင်းပမယ့်ပန်းချီပြပွဲမှာ ပန်းချီကားတွေနဲ့ installation ပြကွက်တွေကြည့်ရှုနိုင်မယ့်အပြင် doodle workshop, live drawing session နဲ့ hand painting လို interactive ဖြစ်တဲ့ workshop တွေလည်းပါဝင်ပါတယ်။ ဒါကြောင့်ပန်းချီဆရာတွေနဲ့မိတ်ဖွဲ့စကားပြောနိုင်သလို ပန်းချီပညာကိုလည်းလေ့လာခွင့်ရဦးမှာပါ။
ဒီ link ကနေ register လုပ်ပါ – https://forms.gle/SCR5yhqrTJzBhofTA

UAB Tower, Times City, Kyun Taw Road, Kamayut Township, Yangon
10 am – 6 pm | 30 July

Prevent Plastics Myanmar ရဲ့ဈေးပွဲတော်

မနက်ဖြန်ကျရင် Plastic Free July အထိမ်းအမှတ်အနေနဲ့ Prevent Plastics Myanmar ကနေ Responsible Market ဆိုတဲ့ဈေးပွဲတော်ကို City Mall St John မှာတနေကုန်ကျင်းပသွားမယ်လို့သိရပါတယ်။ ဈေးဝယ်ရင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြပွဲတွေကိုပါကြည့်ရှုနိုင်သလို ကလေးတွေအတွက်ပျော်စရာ activity တွေပါပါမှာပါ။

Corner of Pyay Rd & Min Ye Kyaw Zwa Rd, Yangon
9 am onwards | 28 July

Deja Brew ရဲ့ဆိုင်သစ်လေး

Doh Eain၊ Prevent Plastics Myanmar နဲ့ Café Deja Brew တို့ရဲ့ Low-Plastic Express Café လေးဘိုကလေးဈေးလမ်းထဲမှာဖွင့်နေပါပြီ။ ဘိုကလေးဈေးဘက်ရောက်ဖြစ်ရင်းအပင်စိမ်းစိမ်းလေးတွေကြားမှာဖွင့်ထားတဲ့ကော်ဖီဆိုင်လေးမှာ ကော်ဖီဝင်သောက်ခဲ့နော်။ Take away only ဖြစ်ပြီး ပလတ်စတစ်ပိုက်မပေးပါဘူး။ ကိုယ်ပိုင်ကော်ဖီခွက်နဲ့လာဝယ်ရင် Bring your own cup reward အဖြစ် ၃၀၀ကျပ်လျှော့ပေးမယ်လို့သိရပါတယ်။ အဂါၤနေ့တိုင်းဆိုင်ပိတ်ပါတယ်။

No 102, Bogalayzay Street, Botahtaung Township, Yangon
8:30 am – 6:00 pm

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here