Advertisement

မြန်မာအမျိုးသမီးလုပ်ငန်းရှင်တွေရဲ့ food fair၊ Melia ရဲ့ Oktoberfest အပြင် event တွေစုံတဲ့ weekend ပါ။

MYANWEN ရဲ့ food fair

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ရဲ့ food fair ကို စက်တင်ဘာ ၁ရက်နေ့ကနေ ၃ရက်နေ့အထိ Junction City မှာကျင်းပသွားမယ်လို့သိရပါတယ်။ ဒီပွဲမှာပြည်တွင်းဖြစ်ထုတ်ကုန်တွေကိုမြည်းစမ်းကြည့်နိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေနဲ့လည်းတွေ့ဆုံစကားပြောနိုင်မှာပါ။

Promotion Area, Junction City, opposite Bogyoke Market, Yangon
9 am – 7 pm | 1-3 September

Build Your Own Brand ဖက်ရှင်လုပ်ငန်းစကားဝိုင်း

ကိုယ်ပိုင်ဖက်ရှင်အမှတ်တံဆိပ်တခုလုပ်ချင်ပေမယ့် ဘယ်ကနေစရမှန်းမသိဖြစ်နေရင်တော့ဒီပွဲလေးကိုတက်သင့်ပါတယ်။ French Institute မှာကျင်းပမယ့်ဒီ non-profit event လေးမှာ penalist ၄ယောက်နဲ့ moderator တယောက်ကဖက်ရှင်လုပ်ငန်းတခုစတင်ဖို့လိုအပ်တဲ့ဗဟုသုတတွေအကြောင်းပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

No 340, Pyay Road, Sanchaung Township, Yangon
2 pm | 3 September

Pocket MM ရဲ့ဈေးပွဲတော်

StarCity ထဲမှာကျင်းပမယ့် Pocket MM ရဲ့ market fair မှာဘာပဲဝယ်ဝယ် ဝယ်ယူမှုတိုင်းအတွက် Pocket Coins စုဆောင်းရင်း အပိုထပ်ဆောင်း Coins (၁၀) ဆ နဲ့အတူ Pocket ရဲ့ Merchandise တွေပါ ချက်ချင်းလက်ငင်း ရယူနိုင်မယ့် အထူးအစီအစဉ်တွေပါဝင်မယ်လို့သိရပါတယ်။

The Hangar Bus Terminal, StarCity, Thanlyin Township, Yangon
09 777 400 444, 09 777 440 909
3 pm – 8 pm | 2 September

Melia Yangon ရဲ့ Oktoberfest

Payday မှာဂျာမန်အစားအသောက်တွေကိုအထူးဈေးနှုန်းတွေနဲ့သုံးဆောင်ရင်း Weizen ဘီယာလေးသောက်ရအောင်။ Melia Yangon ရဲ့ Garbo Bar နဲ့ Elyxr မှာ Oktoberfest promotion တွေကို စက်တင်ဘာ ၁ရက်နေ့ကနေစတင်ခံစားနိုင်ပါပြီ။ Menu ကိုဒီ link မှာကြည့်ပါ။
https://melia.us16.list-manage.com/track/click?u=1df5093d308676afa44eb19d5&id=0d645f79e3&e=8e26641415

No 192, Kabar Aye Pagoda Road, Bahan Township, Yangon
09 940 407 700, 01 934 5000

FLOOR26 ရဲ့ EDM party

Groove Culture နဲ့ F.T.V တို့ရဲ့ပေါင်းစပ်မှုနဲ့ FLOOR26 ဟာ မြေပြင်ကနေအမြင့်ပေ ၄၀၀မှာရှိတဲ့ EDM party ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ artist ၁၂ဦးရဲ့ အလန်းစားသံစဉ်တွေနဲ့အတူကခုန်ရင်းတပတ်လုံးပင်ပန်းထားသမျှတွေကိုဖြေဖျောက်လိုက်ပါ။ Lineup နဲ့ဈေးနှုန်းတွေကိုအောက်ပါ link မှာကြည့်နိုင်ပါတယ်။
https://facebook.com/events/s/floor26/782518790280832/

26th and 27th Floors of HAGL Myanmar Centre Tower 2, Kabar Aye Pagoda Road, Yangon
3 pm onwards | 2 September

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here