Advertisement

ဒစ်ဂျစ်တယ်အနုပညာပြပွဲ၊ Zumba ကပွဲစတဲ့စိတ်ဝင်စားစရာ event တွေနဲ့ပြည့်နေတဲ့ weekend ပါ။

Novotel ရဲ့ချိုချဉ်မွှေးနာနတ်သီးပွဲတော်

Novotel Yangon Max ရဲ့ Gourmet Bar မှာနာနတ်သီးကိုအခြေခံပြီးပြုလုပ်ထားတဲ့အချိုပွဲနဲ့ဖျော်ရည်တွေကိုသုံးဆောင်နိုင်ပါပြီ။ နာနတ်သီးဖျော်ရည်ကနေ နာနတ်သီးရေခဲမုန့်နဲ့ ကိတ်မုန့်တွေကို ၄ ဒေါ်လာကနေစတင်ပြီးဝယ်ယူနိုင်ပါတယ်။

No 459, Pyay Road, Kamayut Township, Yangon
09 4440 8888 4

Zumba ကမယ်

Carolina Arias ဟာ Zumba အကကို မြန်မာနိုင်ငံမှာ ၂၀၁၇ခုနှစ်ကတည်းကသင်ကြားပေးခဲ့သူဖြစ်ပြီး လက်ရှိအောင်မြင်နေတဲ့ Zumba နည်းပြဆရာအများစုရဲ့ဆရာမလည်းဖြစ်ပါတယ်။ တပည့်တွေက “မာမား” လို့ချစ်စနိုးခေါ်ကြတဲ့ Arias ဟာအခုရန်ကုန်ကိုပြန်ရောက်နေပြီး Sky Star Hotel ရဲ့ Zumba Party မှာဦးဆောင်ကပြသွားမှာပါ။ ဝင်ကြေးကတဦးလျှင် ၂၂၀၀၀ ကျပ်ဖြစ်ပြီး ဆရာမရဲ့တပည့်ဟောင်းတွေနဲ့ Zumba ဝါသနာရှင်တွေအတွက်တော့လက်လွတ်မခံသင့်တဲ့ပွဲလေးပါ။

No 51/B-1, East Horse Race Course Road, Tamwe Township, Yangon
6 pm – 8 pm | 9 September
095033606, 09795532564

ဒစ်ဂျစ်တယ်အနုပညာပွဲတော်

Myanmar Creative Technology College ရဲ့ဒစ်ဂျစ်တယ်အနုပညာပွဲတော်ကို Junction City မှာ ၃ရက်တိုင်တိုင်ကျင်းပသွားမှာပါ။ ဒီပွဲမှာဒစ်ဂျစ်တယ်အနုပညာနဲ့အသက်မွေးချင်သူတွေအတွက်အခွင့်အလမ်းတွေကိုပြောပြသွားမှာဖြစ်ပြီး ပညာရှင်တွေရဲ့လက်ရာတွေကိုလည်းပြသသွားမယ်လို့သိရပါတယ်။ ပွဲလာတဲ့ဧည့်သည်တွေပါဝင်လက်စွမ်းပြနိုင်တဲ့ drawing session တွေအပြင် game activity တွေပါပါတယ်။

Junction City (Promotion Area), opposite Bogyoke Market, Yangon
8:30 am – 2:30 pm | 8-10 September

Bean Here က pop-up market

Clearance Sale တွေ၊ Exclusive Sale တွေပါမယ့် LLTT ရဲ့ Pop Up Weekend – ကော်ဖီနဲ့ ရှော့ပင် Chapter I ပါ။ ကော်ဖီဆိုင်အသစ်လေးမှာမုန့်စားကော်ဖီသောက်ရင်းဈေးဝယ်မယ်။ အသေးစိတ်အချက်အလက်တွေဖတ်ဖို့နဲ့ Discount coupon ယူဖို့အောက်ပါ link မှာ register လုပ်နိုင်ပါတယ်။ https://www.facebook.com/events/663478075716121/?ref=newsfeed

No 214, Min Ye Kyaw Swar Road, Lanmadaw Township, Yangon
1 pm – 6 pm | 9 September

Monochrome Chapter II EDM ပွဲတော်

Monochrome Chapter II ဟာ partygoer တွေအတွက်တော့ လက်မလွှတ်ချင်စရာပါပဲ။ Headliner တွေထဲမှာ Terror Bass ပါမယ်ဆိုကတည်းကအတော်စိတ်လှုပ်ရှားဖို့ကောင်းနေပါပြီ။ ဒီ link ကနေတဆင့်လက်မှတ်ဝယ်နိုင်ပါတယ်။
https://www.facebook.com/events/724630909471169/?ref=newsfeed

Hexagon Complex (Shwe Htut Tin), East Horse Race Course Road, Tamwe, Yangon
3 pm onwards | 9 September

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here