Advertisement

စင်ကာပူစတိုင် high tea၊ ဈေးရောင်းပွဲတော်တွေနဲ့စိတ်ဝင်စားစရာ event တွေပါဝင်ပါတယ်။

Goethe Institute ရဲ့ “Photo Therapy” Workshop

Goethe Institute ရဲ့ “Photo Therapy” Workshop ဆိုတာဓာတ်ပုံအနုပညာနဲ့ချိတ်ဆက်ထားတဲ့စိတ်ခံစားချက်တွေကိုဖော်ပြဖို့၊ ကုစားဖို့ရည်ရွယ်ထားတဲ့ အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါတယ်။ (၁၀) ရက်ကြာပြုလုပ်မယ့် ဒီအလုပ်ရုံဆွေးနွေးပွဲမှာတော့ အမြင်ဆိုင်ရာဇာတ်ကြောင်းပြောခြင်းနှင့် အနုပညာဓာတ်ပုံဆိုင်ရာနည်းပညာများကိုလေ့လာရမှာဖြစ်ပြီး၊ ကျွမ်းကျင်တဲ့ဓာတ်ပုံပညာနယ်ပယ်က ပညာရှင်တွေက အလုပ်ရုံဆွေးနွေးပွဲတစ်လျှောက်မှာ တဦးချင်းလမ်းညွှန်မှုတွေနဲ့အတူ အကြံပြုချက်တွေကို ပေးသွားမယ်လို့သိရပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ အသက် (၁၈) နှစ်မှ (၆၀) ကြား မည်သူမဆို ဝင်ကြေးအခမဲ့ပါဝင်နိုင်ပါတယ်။ လူဦးရေကန့်သတ်ထားတာကြောင့် မြန်မြန်လေးစာရင်းသွင်းဖို့တော့လိုမယ်နော်။
စာရင်းပေးသွင်းရန် – https://forms.gle/tQG69s1JhXKTRLG36

Corner of Kabar Aye Pagoada Road and Nat Mauk Street, Bahan Township, Yangon
4-14 October

Pan Pacific က Singaporean High Tea

မုန့်အသစ်အဆန်းလေးတွေနဲ့စင်ကာပူစတိုင်လ် High Tea Set ကို ၂၇ ဒေါ်လာနဲ့ Pan Pacific မှာသုံးဆောင်နိုင်ပါပြီ။ ကော်ဖီ (သို့) လက်ဖက်ရည်ကြိုက်တာတမျိုးရွေးနိုင်ပါတယ်။

Corner of Bogyoke Aung San Road and Shwedagon Pagoda Road, Yangon
2 pm – 5 pm
01 9253810

Havana Social Club ရဲ့ Hip Hop & RnB Night

တပတ်လုံးပင်ပန်းထားသမျှတွေကို Havana Social Club မှာ DJ Globe ရဲ့ hip hop နဲ့ RnB တေးသွားတွေကြားကခုန်ရင်းဖြေဖျောက်လိုက်ပါ။ ဝင်ကြေးကတော့တယောက် ကျပ် ၁၀၀၀၀ ပါ။ အသေးစိတ် package တွေကိုဒီလင့်မှာကြည့်နိုင်ပါတယ်။
https://www.facebook.com/events/953735262364958/954224595649358/?event_time_id=954224595649358&ref=newsfeed

No 44A, Sayarsan Road, Bahan Township, Yangon
7 pm onwards | 16 September

Junction Square က Mom & Kids Expo

Mom & Kids Expo ဟာဆိုင်ခန်းပေါင်း ၂၀ကျော်ပါဝင်ပြီး မိခင်နှင့်ကလေးများအတွက်လိုအပ်သောအသုံးအဆောင်ပစ္စည်းများကိုတစ်နေရာတည်းမှာစုံစုံလင်လင်ဝယ်ယူရရှိနိုင်မယ့် ဈေးပွဲတော်ဖြစ်ပါတယ်။

Junction Square Promotion Area (Aqua Hall)
9 am – 6 pm | 15-17 September

House of Booboo ရဲ့ Booboo Bazaar

House of Booboo ရဲ့ပထမအကြိမ်ဈေးပွဲတော် The Booboo Bazaar Chapter 1 မှာ လက်မှုပစ္စည်းလေးတွေအပြင် အိမ်မွေးတိရစ္ဆာန်လေးတွေအတွက်လိုအပ်တဲ့ treat နဲ့ accessory တွေကိုပါဝယ်ယူနိုင်မှာဖြစ်ပါတယ်။

No 118, Insein Main Road, Near Thukha Gate, Hlaing Township, Yangon
10 am – 6 pm | 16 September

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here