Advertisement

ခရီးသွားဆောင်းပါးရှင် Barry J Atkinson ဟာ ရှမ်းပြည်နယ်မှာရှိတဲ့လူမျိုးစုနှစ်စုရဲ့အကြောင်းကိုစကားလုံးနဲ့ဓာတ်ပုံတွေကတဆင့်ပြောပြထားပါတယ်။

အမ်းလူမျိုးစု​တွေဟာ အရှက်​အ​ကြောက်​ကြီးပြီး ​တော့ ကျိုင်းတုံမြို့နားက မက်​​စောက်​တဲ့ ကမ်းပါး​တွေမှာ အုပ်​စုဖွဲ့ပြီး သီးခြား​နေ​လေ့ရှိပါတယ်​။  သမိုင်းအရ​တော့ သူတို့​တွေဟာ အုပ်​စုဖွဲ့အမဲလိုက်​ကြပြီး​တော့ ​နေ၊​ ရေ​၊​ လေ၊ သတ္တ၀ိညာဉ်၊ အပင်​ တို့ကိုကိုးကွယ်တဲ့ နတ်ကိုးကွယ်မှုဓလေ့ထွန်းကားပါတယ်။

အကြီးအကဲက ​နေ့စဉ်​​နေ့တိုင်းဆုံးဖြတ်​ချက်​ချ​ပေးတာတို့ တရားစီရင်​ပေးရတာတို့ကိုလုပ်​​ပေးရပါတယ်​။ နတ်ဆရာတွေကိုတော့လူအများကရိုသေကြပြီး ၎င်းတို့ကနေတဆင့်ဘိုးဘေးတို့ရဲ့ဝိညာဉ်နဲ့ဆက်သွယ်လို့ရတယ်လို့ ယုံကြည်ကြပါတယ်။

ဒီလူမျိုးစုက​တော့ ကွမ်းသီး​စားတဲ့ဓလေ့​ကြောင့်​ ‘Black teeth tribe’ လို့ လူသိများပါတယ်​။ သူတို့ရဲ့ကွမ်းဂျိုးတက်နေတဲ့သွားဖုံးနဲ့သွားတွေဟာ နှုတ်ခမ်းဆိုးဆေးအနက်ဆိုးတဲ့ဓလေ့ကြောင့်ပိုမိုထင်ရှားလာပါတယ်။ နှုတ်ခမ်းဆိုးဆေးအနက်ကိုမီးကျွမ်းနေတဲ့သစ်သားကနေရယူကြပါတယ်။ သူတို့ရဲ့အိမ်​​တွေကို ​တောင်​ရဲ့ကုန်း​စောင်း​တွေမှာ သစ်​သား​တွေဝါး​တွေနဲ့ ​ခြေတံရှည်​ပုံစံ​ဆောက်​ထားတာပါ။ ပန်းလဲ့ (Pen Lea) ရွာက​တော့ လူ​နေအိမ်​​ခြေ ၂၃အိမ်​​လောက်​ပဲရှိတဲ့ရွာငယ်​​လေးတစ်​ခုပါ။ ခန့်​မှန်း​ခြေ​တော့ အမ်းလူမျိုး ၃ထောင်​ကျော်​ပဲရှိပါ​တော့တယ်​။ သူတို့ရဲ့ အသက်​​မွေးဝမ်း​ကျောင်းမှုက​တော့​တောင်​​ခြေ​နဲ့​တောင်​ကြား​တွေမှာ ဆန်​စပါးစိုက်​ပျိုးတာပါ။

ပ​လောင်​လူမျိုး​တွေက ရှမ်းပြည်​နယ်​ က​လောမှာအများဆုံး​နေကြပြီး မွန်​-ခမာ ယဉ်​​ကျေးမှု​တွေထဲမှာ ပါပါတယ်​။ ပ​လောင်​​တွေရဲ့ ရိုးရာဝတ်​စုံက အ​ရောင်​​အ​သွေး​တောက်​​တောက်​နဲ့  တက်​ကြွတဲ့ပုံ​ပေါ်ပါတယ်​။ ပ​လောင်​အမျိုးသမီး​တွေက အိမ်​​ထောင်​ရှိမရှိခွဲခြားတဲ့အ​နေနဲ့ ခါးမှာကြိမ်​ကွင်း​တွေကိုဝတ်ဆင်ေ​လ့ရှိကြပါတယ်​။  ပ​လောင်​အများစုက ​ပေတစ်​ရာ​လောက်​ရှည်​တဲ့ အိမ်​ကြီးထဲမှာ အတူ​နေထိုင်​လေ့ရှိပါတယ်​။

မြန်​မာနိုင်​ငံက ပ​လောင်​လူမျိုးအများစုက​တော့ ရှမ်းပြည်​နယ်​မှာ​နေကြပါတယ်​။ တစ်​ချို့​တွေက​တော့ တောင်ပိုင်နားက ​အ​နောက်​​မြောက်​​ထောင့်​​​အရပ်​မှာ​နေထိုင်​ကြပြီး​တော့ တချို့က​တော့ ကျိုင်းတုံရဲ့ ​တောင်​ဘက်​ပိုင်းမှာ​နေကြပါတယ်​။ ပ​လောင်​လူမျိုး​တွေဟာရှမ်းလူမျိုးတွေမရောက်ခင်ကတည်းကမြန်​မာနိုင်​ငံကို ​ပြောင်း​ရွှေ့လာကြတာလို့တချို့ကိုဆိုပါတယ်။ ရှမ်းလူမျိုးတွေကတော့ ၁၂ရာစု​လောက်​မှာတရုတ်ပြည်ကနေ မြန်မာနိုင်ငံကိုရောက်ရှိလာတာပါ။ ပ​လောင်​လူမျိုး​တွေမှာ ရူမိုင်းပလောင်၊ ရိုင်းလင် (Riang-Lang), ရွှေပလောင်၊ ငွေပလောင်ဆိုပြီး​တော့ လူမျိုးစုအခွဲတွေလည်းရှိပြီး ၎င်းတို့မှာကိုယ်​ပိုင်​ဘာသာစကား​တွေလည်းရှိပါတယ်​။

ပ​လောင်​လူမျိုး​တွေက ​ဝေးလံ​ခေါင်းပါးတဲ့ရွာငယ်​​တွေမှာ တခြားလူမျိုးစု​တွေနဲ့ အတူတူ​နေထိုင်​ကြပါတယ်​။ နှစ်​​ပေါင်းများစွာကြာပြီးတဲ့​နောက်​မှာ​တော့ မျိုးနွယ်​ကွဲအချင်းချင်းလက်ထပ်ရင်းတ​ဖြည်းဖြည်းပေါင်းစည်းလာမိပါတယ်​။ ပ​လောင်​လူမျိုး​တွေမှာ မျိုးနွယ်​မတူသူချင်းလက်ထပ်တာကိုတားမြစ်မထားတဲ့အတွက် ပ​လောင်​-ရှမ်းလက်​ထပ်​မှုတွေများလာပါတယ်။

Barry J Atkinsonက the Australian Society of Travel Writers အဖွဲ့ဝင်တစ်​​ယောက်ဖြစ်ပြီးတော့ သူရဲ့အချိန်​​တော်​​တော်များများဟာ မြန်မာနိုင်ငံမှာရေကြောင်ခရီးသွားလာရင်းကုန်ဆုံးပါတယ်

(ဘာသာပြန်ဆိုသူ – ဟန်နီဦး)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here