Advertisement

By Min Ye Kyaw

စမ်းချောင်းဆိုတာ ရန်ကုန်မြို့ရဲ့ တီထွင်ဆန်းသစ်မှု တက်ကြွမှုတွေနဲ့ပြည့်နှက်နေတဲ့ နေရာလေးတစ်နေရာဖြစ်ကြောင်းကို ယခုနောက်ဆုံးပေါ် Cafe ဆိုင်လေးက သက်သေပြလို့ နေပါတယ်။ “Working House Café” ဆိုတဲ့ဆိုင်နာမည်လေးနဲ့အညီ ဆိုင်မှာ မနက်စာသုံးဆောင်ပြီး ဒီဆိုင်လေးမှာပဲ တနေကုန် သက်တောင့်သက်သာ အလုပ်လုပ်လို့ရတဲ့နေရာလေး ဖြစ်ပါတယ်။

ဒီဆိုင်လေးရဲ့ တည်နေရာကတော့ ရှမ်းကုန်းလမ်း မှာဖြစ်ပြီး ပိုင်ရှင်ကတော့ တရုတ်လူမျိုးဖြစ်ပါတယ်။ နွေးထွေးပျူငှာပြီး နှစ်ထပ်ဆိုင်ဖြစ်တာကြောင့် အလင်းရောင်ကောင်းကောင်းရကာ နေရာကျယ်ဝန်း၍ သက်တောင့်သက်သာရှိလှပါတယ်။

ဆိုင်ရဲ့ Menu မှာတော့ စားချင်စဖွယ် Macau ရိုးရာ အစားအစာ ‘Gai daan jai’ လို့ခေါ်တဲ့ ကြက်ဥဝေဖာဖောင်းဖောင်းလေး ကအစ ကမ္ဘာတဝှမ်းက အစားအစားတွေ များစွာပါဝင်ပြီး လူကြိုက်များတဲ့ ကော်ဖီဖျော်ကိရိယာတွေနဲ့ ဖျော်စပ်ထားတဲ့ ကော်ဖီအမျိုးအစားများစွာလည်း ပါဝင်ပါတယ်။

ဆိုင်ရဲ့ Menu ဖွဲ့စည်းပုံ ကိုကြည့်ပြီးအစားအသောက်ရွေးချယ်ဖို့ကတော့ခက်ပါလိမ့်မယ်။ Teppanyaki နဲ့ ဂျပန်အစားအစာတွေကို  တစ်အုပ်စုထားပြီး “ကမ္ဘာတ၀ှမ်းကရသာစုံ” ဆိုတဲ့ကဏ္ဍအောက်မှာတော့အာရှအစားအစာတွေလောက်ပဲအဓိကပါဝင်နေပါတယ်။ ဒါ့ကြောင့် “အကောင်းဆုံးအာရှအစားအစာများ” ကဏ္ဍကအပိုဖြစ်နေသလိုခံစားရတယ်။

ဒါပေမယ့် Menu မှာရွေးချယ်စရာတော်တော်စုံပါတယ်။ Menu ထဲက အစားအစာအများစုကတော့ Teppanyaki လို ဂျပန် ချက်ပြုတ်နည်းအတိုင်း သံပြားကို အသုံးပြုကာချက်ပြုတ်ထားတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ Main dish ကို ၃၅၀၀ကျပ် သာရှိတဲ့ Teppanyaki ငရုတ်ကောင်းဆော့စ်ခေါက်ဆွဲကို ရွေးပါတယ်။ အဲ့ခေါက်ဆွဲမှာ မုန်လာဥနီ၊မုန်လာဥဖြူ၊ ပြောင်းဖူး၊ ပဲလုံးစေ့၊ မှို နှင့် ကြက်ဥတို့ များစွာပါဝင်ပြီး အရသာကလည်း ကောင်းမွန်လှပါတယ်။

ပြီးတော့ ကျွန်တော် ၃၄၀၀တန် Iced German sweet peach and sea salt cream ကိုလည်း မှာပါသေးတယ်။ အရသာကတော့ မက်မွန်သီးချိုချိုချဉ်ချဉ် ဆိုဒါ အရသာဖြစ်ပြီး ပင်လယ်ဆား၊ သကြားနဲ့ ထိပ်ပိုင်းမှာ Cream လေးတွေ ပါပါတယ်။ တမူထူးခြားပြီး မြင်ရုံနဲ့ပင် သောက်ချင်စဖွယ်ကောင်းလှပါတယ်။

Side dish အနေနဲ့ ကျွန်တော်ပင်လယ်စာဖက်ထုပ်ကြော်ကို စားကြည့်ခဲ့ပါတယ်။ ၄၀၀၀ကျပ်သာကျပြီး ငါး၊ ကင်းမွန်၊ ပုစွန်၊ ယောက်သွား တို့ပါဝင်ပြီး စပါးလင် ငံပြာရည်ဆော့စ်လေးနဲ့ လိုက်ဖက်လှပါတယ်။ ကြွပ်ရွပြီး အနံ့အရသာနဲ့ ပြည့်စုံကောင်းမွန်ပါတယ်။ အချိုပွဲအနေနဲ့ Macau waffles with chocolate dip စားချင်စိတ်ကို ထိန်းချုပ်လို့မရပါဘူး။ ၃၀၀၀ကျပ်သာကျပြီး  ချောကလက်အနှစ်နှင့်တွဲစားလျှင် စားပြီးရင်းစားချင်အောင်ပဲ အရသာရှိလှပါတယ်။

အခြားအစားအစာတွေကို စမ်းစားကြည့်ချင်ပေမယ့်လည်း ကျွန်တော်မစမ်းခဲ့ရပါဘူး။ ကျွန်တော် တနေ့နေ့တော့ အဲ့ဒီဆိုင်ကနေအလုပ်တွေထိုင်လုပ်ရင်း မစားဖူးတဲ့ Menu တွေကိုတနေကုန် စမ်းစားကြည့်ပါအုံးမယ်။

လိပ်စာ။          ။အမှတ် ၁၃၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်။
ဆိုင်ဖွင့်ချိန်။      ။မနက် ၁၀နာရီမှ ည ၁၀နာရီိထိ
ဖုန်းနံပါတ်။       ။၀၉ ၉၅၃ ၃၈၈၀၈၁

(ဘာသာပြန်ဆိုသူ – မြတ်နိုးဦး)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here