ပထမဆုံးအကြိမ်အီတလီအစားအစာပွဲတော်

0
Advertisement

By Nay Thiha

မြန်မာလူမျိုးတွေကြားမှာ အီတလီအစားအစာဆိုရင် ပီဇာ၊ ပါစတာနဲ့ စပါဂတီတို့လောက်သာလူသိများပါတယ်။ ဒါပေမယ့်အီတလီအစားအစာတွေဟာ အမျိုးအမည်စုံလင်လှပြီး အီတလီဝိုင်တွေကလည်း ကမ္ဘာပေါ်မှာအလွန်လူသိများတယ်။

ရိုးရာအစားအစာတွေနဲ့ပတ်သက်ရင် တချို့ကမူရင်းလက်ရာအတိုင်းချက်ပြုတ်ပေမယ့် တချို့ကတော့မြန်မာလူမျိုးတွေအကြိုက်နဲ့ညီအောင်မူလဟင်းချက်နည်းကိုပြင်ဆင်ကြတယ်။

အခုတော့မြန်မာလူမျိုးတွေအနေနဲ့ အရောင်အသွေးအမျိုးအမည်စုံလင်လှတဲ့ အီတလီအစားအသောက်တွေကို ၀ါရင့်အီတလီလူမျိုးစားဖိုမှူးတွေကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပေးတာကိုမြည်းစမ်းခွင့်ရတော့မှာပါ။ ဖေဖော်ဝါရီလ ၁၀ရက်နေ့ကျရင် အီတလီသံရုံးမှာ ညနေ ၄နာရီကနေ ၉နာရီအထိကျင်းပမယ့် ပထမဆုံးအကြိမ် Italian Food Festival မှာအီတလီအစားအစာတွေကိုခင်းကျင်းရောင်းချသွားမှာဖြစ်သလို wine masterclass နဲ့ mozzarella cheese လုပ်နည်းတွေကိုလည်းဝါရင့်အီတလီလူမျိုးစားဖိုမှူးကိုယ်တိုင်ကပရိသတ်တွေအရှေ့မှာပြသပေးတဲ့ အစီအစဉ်တွေလည်းပါဝင်ပါတယ်။

ဖေဖော်ဝါရီလ ၄ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာအီတလီသံအမတ်ကြီးရဲ့နေအိမ်မှာကျင်းပခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ သံအမတ်ကြီး Alessandra Schiavo ကအစားအသောက်ဟာ လူမျိုးတမျိုးရဲ့ယဉ်ကျေးမှုကိုအများကြီးပြောပြနိုင်ကြောင်း၊ အီတလီအစားအသောက်များကို မြည်းစမ်းစားသောက်ကြည့်ခြင်းဖြင့် မြန်မာလူမျိုးများအနေနဲ့အီတလီလူမျိုးများရဲ့ယဉ်ကျေးမှုထုံးတမ်းများကို သိရှိပြီးပိုမိုရင်းနှီးမှုရရန်မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။

သံအမတ်ကြီး Alessandra Schiavo

အီတလီအစားအသောက်များဟာရိုးရာကိုအခြေခံပြီးတီထွင်ဆန်းသစ်မှုများပြုလုပ်ဖန်တီးရပြီး ပြုလုပ်ပုံအနည်းငယ်ကွဲပြားရုံနဲ့အနံ့အရသာအသစ်တမျိုးထွက်လာပါတယ်။ ဥပမာ – ချိစ်အမျိုးအစားပေါင်း ၄၀၀ရှိပြီး မျိုးကွဲတွေကိုထည့်ပေါင်းပါက ၆၀၀၀န်းကျင်အထိရှိကြောင်း သံအမတ်ကြီးကပြောပြပါတယ်။

ဒီအစားအသောက်ပွဲတော်မှာ L’Opera, E’ Cucina, Cellar Door, Ciao တို့အပါအ၀င် နာမည်ကြီးအီတလီအစားအသောက်အမှတ်တံဆိပ်တွေနဲ့စားသောက်ဆိုင်တွေအများအပြားပါဝင်သွားမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာပြုလုပ်မယ့် Italian Food Festival 2019 ကိုတက်ရောက်မယ်ဆိုရင်တော့ ဖေဖော်ဝါရီလ ၈ရက်နေ့ နေ့လယ် (၁၂နာရီ) ထက်နောက်မကျစေဘဲ [email protected] သို့ email ပေးပို့အကြောင်းကြားရမှာပါ။ ၃၀၀၀ကျပ်၊ ၅၀၀၀ကျပ်၊ ၇၀၀၀ကျပ် တန်ဖိုးအသီးသီးရှိတဲ့ လက်မှတ်များကို ပွဲမှာဝယ်ယူနိုင်ပါတယ်။

လိပ်စာ – အီတလီသံရုံး
အမှတ် ၃၃၊ အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here