Advertisement

By Sithu Han

မန်ယူအသင်းရဲ့နည်းပြ ဆိုးလ်ရှားဟာ ၂၀၁၈-၁၉ ရာသီကုန်မှာ အသင်းရဲ့အဓိက ကစားသမားတွေ(၆)ဦးထိ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ စီစဉ်နေပါတယ်။

မန်ယူအသင်းဟာ ဒီရာသီမှာ အသင်းကို ခြေစွမ်းထက်မြတ်လာအောင် ကိုင်တွယ်ထားနိုင်တဲ့ နည်းပြဆိုးလ်ရှား ကို အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ပြီးနောက် အဓိက ကစားသမားတွေကို ရောင်းချဖို့ စီစဉ်လာခဲ့တာဖြစ် ပါတယ်။

နည်းပြအိုလ်ရှေးလ်ဟာ လာမယ့်ရာသီမှာ အသင်းကို အောင်မြင်မှုရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ပြီး ရာသီကုန်မှာ ရောင်းချမယ့် ကစားသမားစာရင်းတွင် ဆန်းချက်ဇ်၊ ဗလင်စီယာ၊ ဒါမီယန်၊ ရိုဂျို၊ ဘိုင်လီ၊ ဟာရဲရားတို့ ပါဝင်နေပါတယ်။

မန်ယူအသင်းခေါင်းဆောင် ဗလင်စီယာဟာ ဇန်နဝါရီလထဲက ပွဲထွက်ခွင့် မရခဲ့တာကြောင့် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ရှိနေသလို ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ နောက်ခံလူ ဒါမီယန်ကလည်း  အီတလီအသင်းတွေဆီ ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။ အီတလီ ခံစစ်မှူးဒါမီယန်ဟာ ဒီရာသီမှာ (၆)ပွဲသာ ပွဲထွက်ခွင့်ရထားပြီး ဆိုးလ်ရှားလက်ထက်မှာ (၂)ပွဲသာ ပွဲထွက်ခွင့် ရရှိထားသူပါ။

မန်ယူအသင်းရဲ့ အဓိက ကွင်းလယ်လူတွေဖြစ်တဲ့ မာတာနဲ့ ဟာရဲရားတို့ဟာ စာချုပ်သက်တမ်းတိုးရန်  ညှိနှိုင်းမှု တွေ ပြုလုပ်နေမပေယ့် သဘောတူညီမှု မရရှိထားဘဲ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် ကစားစာရင်းမှာ ပါဝင်နေပါတယ်။

ဟာရဲရားကို ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်နဲ့ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မာတာကိုတော့ ဘာစီလိုနာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

မန်ယူအသင်းဟာ ခြေစွမ်းပြနိုင်ခြင်းမရှိတဲ့ အသင်းရဲ့ လစာအများဆုံး ကစားသမား ဆန်းချက်ဇ်ကိုလည်း ရာသီကုန်မှာ ထွက်ခွာခွင့်ပြုဖို့ ရှိနေပြီး ကစားသမားအသစ်တချို့ကို ပြန်လည်ခေါ်ယူ အားဖြည့်ဖို့ ရှိနေပါတယ်။

မန်ယူအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၆)နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စပါး၊ အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတို့နဲ့ အပြိုင်လုရမှာ ဖြစ်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here