ကြက်တောင်ရိုက်မယ်

0
ရန်ကုန်ကကြက်တောင်ကွင်းနဲ့သင်တန်း ၁၁ခုအကြောင်းဖော်ပြလိုက်ပါတယ်။ ပရိသတ်တွေသွားလေ့ရှိတဲ့ကြက်တောင်ကွင်းတွေရှိရင်လည်း comment ပေးခဲ့ပါဦးနော်။ Legacy Sports Arena တနာရီစာငှားရမ်းခကျပ် ၁သောင်းကျသင့်ပြီး ကြိုတင်ဘွတ်ကင်တင်ဖို့လိုပါတယ်။ ကြက်တောင်ကစားနည်းကိုအခြေခံကစပြီးသင်ယူချင်တယ်ဆိုရင် ပြည်တွင်းဆရာနဲ့သင်ရင် တလ ကျပ် ၁သိန်း ကျသင့်ပြီး သင်တန်းချိန် ၈ချိန်ပါပါတယ်။ နိုင်ငံခြားသားဆရာနဲ့ဆိုရင်တော့ ကြားရက်တွေမှာသင်ရင် ကျပ် ၃သိန်းခွဲ၊ ပိတ်ရက်တွေမှာသင်ရင် ၄သိန်းပါ။ ဘုရင့်နောင်လမ်း၊ မြောက်ဒဂုံ၊ ရန်ကုန်။09 881 555...

First MMA Tournament in Myanmar

0
Yangon Fight Club ကကြီးမှူးတဲ့ မြန်မာ့ပထမဆုံး Amateur Mixed Martial Arts ပြိုင်ပွဲကို မနေ့က Yangon United Sports Complex မှာကျင်းပခဲ့ပါတယ်။ ပြည်တွင်းပြည်ပအားကစားသမား ၃၆ယောက်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နေ့လယ် ၁၂နာရီကနေ ၆နာရီအထိကြာမြင့်ခဲ့တယ်။ Main event ၉၁ကီလိုအထက်က ဇော်ဆမ်းနော်အနိုင်ရခဲ့ပြီး အမျိုးသမီး co-main...

ငွေရောင်လှိုင်းများပေါ်ကဆီးဂိမ်းအိပ်မက်

0
၂၀၁၅ခုနှစ် Ngwe Saung Yacht Club & Resort မှာ Myanmar Wave Rider Cup ပြိုင်ပွဲကိုကျင်းပခဲ့စဉ်ကစပြီး မြန်မာနိုင်ငံဟာရေလွှာလှိုင်းစီးအားကစားနဲ့ရင်းနှီးလာပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ နိုင်ငံ ၁၀နိုင်ငံက အားကစားသမား ၃၀ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းဘူဂွဲကျွန်းကအားကစားသမား တော်တော်များများထွက်ပေါ်လာပြီးရေလွှာလှိုင်းစီးခြင်းလည်းရေပန်းစားလာခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာပဲ မြန်မာ့ရေလွှာလှိုင်းစီးအသင်း (Surf Association of Myanmar-SAM) တည်ထောင်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ နိုင်ငံတကာရေလွှာလှိုင်းစီးအသင်းရဲ့အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။ ဒါဟာရေလွှာလှိုင်းစီးအားကစားနဲ့ပတ်သက်ပြီးမိုင်တိုင်တခုစိုက်ထူနိုင်ခဲ့ခြင်းလို့လည်းပြောနိုင်ပါတယ်။ SAM ကနေပြီးတော့ Surf...

အလေးမခြင်းက ကြွက်သားသန်မာရုံသာမက စိတ်ကျဝေဒနာကိုပါ ကုသပေးနိုင်

0
Gam Seng Maw မကြာသေးမီက ဆေးပညာတွေ့ရှိချက်တွင် အလေးမ လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်းသည် စိတ်ကျဝေဒနာကို သက်သာစေနိုင်စွမ်းရှိသည်ဟု ဆိုသည်။ ထိုသို့ အင်တိုက်အားတိုက် ခွန်အားသုံးရသော လေ့ကျင့်ခန်းများသည် ပေါ့ပေါ့ပါးပါး ကစားရသော အေရိုးဗစ်လေ့ကျင့်ခန်းများကဲ့သို့ပင် စိတ်ကျဝေဒနာကို ကုစားရာတွင် ထိရောက်သော နည်းလမ်းဖြစ်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိရသည်။ ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် လူ သန်းပေါင်း၃၀၀ကျော်ခန့်က စိတ်ကျရောဂါခံစားနေရသည်။ တွေ့ရှိချက်များအရ...

AFCဒုတိယဥက္ကဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော် ရွေးချယ်ခံရ

0
By Sithu Han ဧပြီလ(၆)ရက်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် ကျင်းပမည့် အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနေရာ၊  ဒုဥက္ကဋ္ဌ နေရာများ ရွေးကောက်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်သည် အာရှဘောလုံးအဖွဲ့ချုပ်(AFC)၏ ဒုတိယဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခံခဲ့ရပါတယ်။ (၂၉)ကြိမ်မြောက် အာရှဘောလုံး အဖွဲ့ချုပ် ကွန်ဂရက်စ်နှင့် ရွေးကောက်ပွဲအဖြစ် ကျင်းပတဲ့ အဆိုပါအခမ်းအနား တွင် အာရှဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင်နိုင်ငံများမှ မြန်မာဘောလုံးအဖွဲ့ချုပ် (MFF)ဥက္ကဌဦးဇော်ဇော်ကို ထောက်ခံအားပေးခဲ့တာကြောင့်...

ရာသီကုန်တွင် အဓိက ကစားသမား ၆ ဦးထိ ရောင်းချရန် မန်ယူနည်းပြ ဆိုးလ်ရှား စီစဉ်နေ

0
By Sithu Han မန်ယူအသင်းရဲ့နည်းပြ ဆိုးလ်ရှားဟာ ၂၀၁၈-၁၉ ရာသီကုန်မှာ အသင်းရဲ့အဓိက ကစားသမားတွေ(၆)ဦးထိ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ စီစဉ်နေပါတယ်။ မန်ယူအသင်းဟာ ဒီရာသီမှာ အသင်းကို ခြေစွမ်းထက်မြတ်လာအောင် ကိုင်တွယ်ထားနိုင်တဲ့ နည်းပြဆိုးလ်ရှား ကို အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ပြီးနောက် အဓိက ကစားသမားတွေကို ရောင်းချဖို့ စီစဉ်လာခဲ့တာဖြစ် ပါတယ်။ နည်းပြအိုလ်ရှေးလ်ဟာ လာမယ့်ရာသီမှာ အသင်းကို အောင်မြင်မှုရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ပြီး ရာသီကုန်မှာ ရောင်းချမယ့် ကစားသမားစာရင်းတွင် ဆန်းချက်ဇ်၊ ဗလင်စီယာ၊...

ဗြိတိန်ဖွား မြန်မာ့စပါးအုံး နီကိုလာဘာ့ခ်ကို WLC တရားဝင် စာချုပ်ချုပ်ဆို

0
By Sithu Han ကမ္ဘာ့ရိုးရာလက်ဝှေ့ချန်ပီယံရှစ်(WLC)ဟာ မြန်မာပရိတ်သတ်များကြား ဗြိတိန်နွယ်ဖွား မြန်မာစပါးအုံး လက်ဝှေ့မယ်အဖြစ် လူသိများနေတဲ့ နီကိုလာဘာ့ခ်ကို တရားဝင် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။ လက်ဝှေ့မယ် နီကိုလာဘာ့ခ်ဟာ နိုင်ငံတကာလက်ဝှေ့ပြိုင်ပွဲတွေမှာ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံအလံကို လွမ်းခြုံကာ အောင်ပွဲခံတက်တာကြောင့် မြန်မာပရိတ်သတ် တွေကြား လူသိများလာခဲ့သူပါ။ ကမ္ဘာ့ရိုးရာလက်ဝှေ့ချန်ပီယံရှစ်(WLC)ဟာ သူမကို စာချုပ်ချုပ်ဆိုခဲ့တာကြောင့် လာမယ့်ပြိုင်ပွဲတွေမှာ မြန်မာပရိတ်သတ်တွေအနေနဲ့ နီကိုလာဘာ့ဂ်ရဲ့ လက်ဝှေ့စွမ်းရည်ကို အားပေးခွင့်ရတော့မှာဖြစ်ပါတယ်။ နီကိုလာဘာ့ဂ်ကို ဗြိတိန်နိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပေမယ့် သူမရဲ့မိခင်ကတော့ မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့တာကြောင့် သူမ ထိုးသတ်တဲ့ပွဲစဉ်တွေမှာ မိခင်နိုင်ငံကို...

တိုင်ပေနှင့်ပွဲတွင် မြန်မာအသင်းအဆင့်တစ်ခုပြနိုင်မည်ဟု ယာယီနည်းပြ ဦးမျိုးမင်းထွန်းပြောကြား

0
By Sithu Han ဒီနေ့ညနေ(၆) နာရီ၊ နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် မန္တလေးမြို့၊ မန္တလာသီရိဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်းနဲ့ တိုင်ပေအသင်းတို့ပွဲစဉ်တွင် မြန်မာအသင်းအနေနဲ့ အဆင့်တစ်ခုပြနိုင်မည်ဟု ယာယီနည်းပြချုပ်ဦးမျိုးမင်းထွန်းက မတ်လ (၁၈)ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။ မြန်မာအသင်းရဲ့ ယာယီနည်းပြချုပ်အဖြစ် ခန့်အပ်ခံထားရတဲ့ ဦးမျိုးမင်းထွန်းဟာ မတ်လအတွင်း  ကစားရမယ့် နိုင်ငံတကာပွဲစဉ်နှစ်ပွဲဖြစ်တဲ့ တိုင်ပေနှင့် အင်ဒိုနီးရှားတို့ပွဲစဉ်ကို ကိုင်တွယ်သွားမှာဖြစ်ပြီး နိုင်ငံအသင်းရဲ့ပွဲဦးထွက် ကိုင်တွယ်ခွင့်ရတဲ့ပွဲစဉ်အပေါ် အခုလိုသုံးသပ်ပြောဆိုခဲ့တာပါ။ မြန်မာအသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက “ ကျွန်တော်တို့ မနက်ဖြန်ပွဲအတွက် သေချာပြင်ဆင်ထားပါတယ်။...

ကြက်တောင်ရိုက်အားကစားဖြင့်နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သူ

0
By Nay Thiha ကြက်တောင်ရိုက်အားကစားမှာထွန်းသစ်စကြယ်ပွင့်တခုဖြစ်တဲ့ သက်ထားသူဇာကတော့ ပရိသတ်နဲ့အထူးမိတ်ဆက်ပေးစရာမလိုတဲ့သူတဦးဖြစ်ပါတယ်။ အသက် ၂၀အရွယ်သာရှိသေးတဲ့သူမဟာ အသက် ၇နှစ်အရွယ်ကတည်းကကြက်တောင်ရိုက်လေ့ကျင့်ခဲ့သူဖြစ်ပြီး Uganda နဲ့ Kenya International Series 2019 တွေမှာချန်ပီယံဆုတွေကိုပူပူနွေးနွေးဆွတ်ခူးထားသူပါ။ မတ်လ ၁၅ရက်နေ့မှာသူမရဲ့အသက် ၂၀ပြည့်မွေးနေ့ပွဲကို Get Company ရဲ့အစီအစဉ်ဖြင့် ၀ါးတန်းလမ်းကရှမ်းရိုးရာစားသောက်ဆိုင်မှာပြုလုပ်ခဲ့ပြီး သူမရဲ့မိဘ၊ မိတ်ဆွေသူငယ်ချင်းတွေအပါအ၀င် Get ကတာဝန်ရှိသူများနဲ့အတူတူဖြတ်သန်းခဲ့ပါတယ်။ သူမဟာ...

ရိုးရာလက်ဝှေ့ကို နိုင်ငံတကာထိမြင့်တင်ရန် ဒေဝ (Dave) ကို WLC ဒုတိယဥက္ကဌအဖြစ် ခန့်အပ်

0
By Sithu Han ဝိတ်တန်းအလိုက် ကမ္ဘာ့ရိုးရာလက်ဝှေ့ချန်ပီယံရှစ် (WLC) ပြိုင်ပွဲတွေ ကျင်းပနေတဲ့ မြန်မာလက်ခမောင်းကုမ္ပဏီဟာ ရိုးရာလက်ဝှေ့ အလွတ်တန်း ချန်ပီယံ ဒေဝ (Dave) ကို ဒုတိယဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ WLC ပြိုင်ပွဲတွေမှာ ဒေဝဟာ ယှဉ်ပြိုင်ခဲ့ဖူးခြင်းမရှိသလို မြန်မာလက်ခမောင်းကုမ္ပဏီနဲ့ အဆင်မပြေမှုတွေ ရှိခဲ့ဖူး တာကြောင့် လက်ရှိခန့်အပ်မှုဟာ ရိုးရာလက်ဝှေ့ပရိတ်သတ်တွေအတွက် အံ့သြသင့်စေခဲ့ပါတယ်။ မြန်မာလက်ခမောင်းကုမ္ပဏီကဥက္ကဌ ဦးဇေသီဟက ဒေဝဟာ နိုင်ငံတကာမှာ...