By Alec Wilmot
ဘယ်အချိန်မှာပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေ နဲ့ မိသားစု တွေကို ပေးနိုင်တဲ့ အကောင်းဆုံးသော လက်ဆောင်တစ်ခုကတော့ လက်ပတ်နာရီပဲဖြစ်ပါတယ်။ လက်ကောက်ဝတ်ပေါ်မှာ နာရီလေးပတ်ထားတာဆိုရင်ဖြင့် အမြင်တင့်တယ်စေပါတယ်။ ရန်ကုန်မြို့မှာ ရှိတဲ့ နာရီအရောင်းဆိုင်တွေမှာ အချိန်တိကျတဲ့ နာရီတစ်လုံး ရဖို့အတွက် အချိန်ပေါင်းများစွာပေးပြီး ရှာဖွေနေရသော်လည်း သင့်အကြိုက်နဲ့ထပ်တူမညီသေးဘူးလား။ ဒါဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက သင့်စိတ်တိုင်းကျဒီဇိုင်းအတိုင်းသီးသန့်မှာယူ၍၀ယ်ယူခြင်းပါပဲ။ သင်လိုချင်တဲ့အရာတွေကို ရဖိုအတွက် အခုဆို Burma Watches နဲ့ Mandalay Watch တို့က ဈေးကွက်ထဲ ရောက်ရှိလာပြီဖြစ်ပါတယ်။
ကျွန်တော် နာရီဒိုင်ခွက်ပေါ်မှာ ဗမာဂဏန်းနဲ့ရေးထားတဲ့လက်ပတ်နာရီ တစ်လုံးလောက် လိုချင်မိခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်တော် ၀ယ်ယူသူစိတ်တိုင်းကျ ထုတ်လုပ်ပေးမဲ့ နာရီ ရောင်းချမယ့် idea လေး တစ်ခုရခဲ့ပါတယ်လို့ Burma Watches ကိုတည်ထောင်သူဖြစ်တဲ့ Mr. Charlie Artingstoll ကပြောကြားခဲ့ပါတယ်။

ဒီလိုနဲ့ပဲ Charlie က ဆူးလေ မှာ ရှိတဲ့ နာရီ ပြင်ဆိုင် ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဆိုင်ပိုင်ရှင်က ဗမာဂဏန်း ဒိုင်ခွက် ပါတဲ့ နာရီ တစ်လုံး ထုတ်လုပ်နိုင်တယ်လို့ ပြောခဲ့တယ်။ Charlie က ဒီနာရီ စတင်ထုတ်လုပ်ချင်းမှာပဲ သူ့ရဲ့ local နဲ့ foreign သူငယ်ချင်းတွေရဲ့ အားပေးမှုကိုရရှိခဲ့တဲ့အတွက် ကျေနပ်အားရမှုရှိခဲ့တယ်။ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Charlie က ဒီအခွင့်အရေးကို လက်တွေ့ အသုံးချပြီး မကြာခင်မှာပဲ Burma Watches ဆိုင်ကြီးကို ဖွင့်လှစ်နိုင်ခဲ့တယ်။ နာမည်ပေးဖြစ်ပုံကတော့ နာရီဒိုင်ခွက်ပေါ်မှာ ဗမာ ဂဏန်းနဲ့ ဖော်ပြထား လို့ Burma Watches ဆိုပြီး ခေါ်ဖြစ်သွားတာပါ။
နာရီတွေစုဆောင်းရတာ ၀ါသနာပါသူဖြစ်တဲ့ ကိုကျော်သူရနောင်ဟာ ၂၀၁၄ မှာ မန်ချက်စတာ တက္ကသိုလ်ရဲ့ ပထမနှစ်ကျောင်းသားတစ်ဦးအရွယ်ပဲရှိပါသေးတယ်။ သူဟာ နာရီတွေပြင်ရတာကို အလွန်အမင်းနှစ်သက်ပြီး တစ်နေ့မှာ ကိုယ်ပိုင်နာရီ လုပ်ငန်တစ်ခု ပိုင်ဆိုင်ရန် အိပ်မက် ရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ 3D design နဲ့ဖန်တီးပြု လုပ်ထားတဲ့နာရီအလုံးပေါင်း ၄၀ ကျော် ထုတ်လုပ်ခြင်းက နေစတင်ခဲ့ပါတယ်။ သူ့ဒီဇိုင်းဟာ လျင်မြန်စွာနဲ့ပဲ social media ပေါ်မှာလူသိများခဲ့တယ်။ ကိုကျော်သူရနောင်မြန်မာပြည်ကိုပြန်ရောက်လာတဲ့အခါ Mandalay Watch ကိုစတင်တည်ထောင်ခဲ့ပါတယ်။

“ပထမဦးဆုံး ထုတ်လုပ်ခဲ့တဲ့ နာရီ အခုလေးဆယ် ကတော့ တော်တော်လေးကို အောင်မြင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်း ရပ်တည်ဖို့မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော် သိခဲ့တယ်။ ကျွန်တော် နိုင်ငံတကာ မှာရှိတဲ့ စက်ရုံတော်တော်များများကိုသွားကြည့်ခဲ့တယ်။ အခု Mandalay Watch ရဲ့ နာရီဒီဇိုင်းတွေအားလုံးကို ဟောင်ကောင်မှာရှိတဲ့ စက်ရုံကနေထုတ်လုပ်ပြီး ဒီကိုပြန်တင်သွင်းတာဖြစ်ပါတယ်။” လို့ ကိုကျော်သူရနောင်က ပြောခဲ့တယ်။
Mandalay Watch က advertisement video ဟာ တော်တော်လေးကို ပရိသတ်ရဲ့ အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။”အခုလို advertisement videos တွေကို အစအဆုံး တာဝန်ယူဆောင်ရွက်ပေးတဲ့ ကျွန်တော့်ရဲ့သူငယ်ချင်း Snow Miley ကို ကျေးဇူးတင်ပါတယ်။” လို့ ကိုကျော်သူရနောင်က ပြောခဲ့ပါတယ်။
Charlie နဲ့ ကိုကျော်သူရနောင် နှစ်ယောက်လုံးရဲ့ custom local watch နဲ့ပတ်သက်တဲ့ idea ဟာ အမှတ်မထင်တိုက်ဆိုင်သွားခဲ့ပါတယ်။ ဗမာ ဂဏန်းပုံစံနဲ့ နာရီဒိုင်ခွက်ပါရှိခြင်းဟာ Burma နဲ့ Mandalay နာရီတို့ရဲ့ တူညီမှုတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ထုတ်လုပ်မှုပုံစံတွေက တော့ကွဲပြားပါတယ်။

Charlie က Burma Watches ကို ဦးကျော်ဦးနဲ့ ဦး လူမော် တို့နှစ်ဦးနဲ့ မိတ်ဖွဲ့လုပ်ကိုက်လျက်ရှိပါတယ်။သူတို့နှစ်ဦး လုံးဟာ နာရီ ပြင်တဲ့အပိုင်းနဲ့ပတ်သက်ပြီး အတွေ့အကြုံများ သူများဖြစ်ပါတယ်။ Charlie က သူ့ရဲ့ Burma watches ကို informal စတိုင် ပြုလုပ်ထားပါတယ်။ Customers တွေက Facebook ကနေတစ်ဆင့် order မှာကြတယ်။ Charlie က ကြိုတင်လုပ်ပြီးသား နာရီတစ်လုံးကို ၀ယ်ယူ လိုက်တယ်။ ပြီးတော့တစ်စ စီ ဖြုတ်လိုက်တယ် အဲ့ဒီ အပိုင်းအစ ကို မြောက်ဥက္ကလာပ မှာရှိတဲ့ ဦးကျော်ဦး နဲ့ ဦးလူမော် တို့ဆီကို ပို့လိုက်တယ်။ ၀ယ်ယူထားတဲ့နာရီမှာ ပါတဲ့ stock paint ကို acid နဲ့ ဖျက်လိုက်ပြီးတော့ ရှင်းလင်းနေတဲ့ နာရီမျက်နှာပြင်ပေါ်မှာ ဗမာ ဂဏန်းလေးတွေကို လက်နဲ့ ရေးဆွဲလိုက်တယ်။ Logo နဲ့အခြားအစိတ်အပိုင်းသေးလေးတွေ အတွက်ကတော့ Linography ပုံစံနဲ့ ဖန်တီးပြုလုပ်ထားပါတယ်။ အရမ်းပူပြီး လက်ဝင်တဲ့ process တစ်ခုဖြစ်ပေမဲ့ ရလဒ်ကတော့ customer စိတ်ကြိုက်လက်လုပ်နာရီတစ်လုံးကို ဖန်တီးနိုင်စွမ်းရှိပါတယ်။
Mandalay Watch က နာရီတွေရဲ့ body နဲ့ အပြင်ဘက် ဒီဇိုင်းကတော့ ကိုကျော်သူရနောင်ရဲ့ ကိုယ်ပိုင်ဒီဇိုင်းဖြစ်တဲ့အတွက် ဒီအချက်ကတော့ Burma Watch နဲ့ မတူညီတဲ့အချက်ပဲဖြစ်ပါတယ်။ အဲ့ဒီနာရီတွေက စက်ရုံထုတ်နာရီတွေအဖြစ် ဗမာ နိုင်ငံကို ရောက်ရှိလို့ လာခဲ့ပါတယ်။ နာရီမျက်နှာပြင် ဒီဇိုင်းကလှပသေ သပ်တဲ့အပြင် Customers တွေအနေနဲ့ကိုယ်မှာယူမယ့် product ပုံစံကို စိတ်ကြိုက်မှာယူနိုင်မှာဖြစ်ပါတယ်။
Overall အရ ပြောရမယ်ဆိုရင် Mandalay Watch က ပိုပြီး smooth ဖြစ်ပြီး Burma Watch ကတော့ နည်းနည်းလေး rough ဖြစ်တဲ့ ပုံစံဖြစ်ပြီး လက်လုပ်ပုံစံဖြစ်တဲ့အတွက်တမူ ထူးခြားတဲ့အသွင်ကို ဆောင်ပြီး နိုင်ငံခြားသား တွေကြားမှာ ရေပန်းစားပါတယ်။ Burma Watch ရဲ့ ထူးခြားတဲ့ နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့နာမည်ကို နာရီပေါ်မှာရေးပေးတဲ့ service ရှိခြင်းပဲဖြစ်ပါတယ်။ အကယ်၍ သင်ဟာ သီးသန့်လက်ဆောင်ပေးချင်တယ်ဆိုရင်တော့ ဒီအချက်လေးက သင်နဲ့ ကွက်တိပါပဲ။ နောက်တစ်ချက်အနေနဲ့ သူရဲ့ နာရီ လက်ပတ်ကြိုးကို သားရေနဲ့ ပြုလုပ်ထားတယ် လို့ Charlie ကဆက်ပြောတယ်။

နာရီ ကုမ္ပဏီ နှစ်ခုရဲ့ဈေးနှုန်းတွေက သိပ်တော့မကွာလှပဘူး။ ကျပ် ၁သိန်းနှစ်သောင်းဝန်းကျင် လက်ထဲမှာ ရှိရုံလောက်နဲ့ ကိုယ့်စိတ်ကြိုက်နာရီတစ်လုံးကို ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ နှစ်ခုလုံးကတော့ နာရီပေါ်မှာ မိမိနာမည်ကိုရေးထိုးနိုင်တဲ့ service ပေးနေပါတယ်။ Mandalay Watch ကနာရီလက်ပတ်ကြိုးတွေက ချိတ်နဲ့ လုပ်ထား တဲ့အတွက် wedding တို့ conference တို့ အတွက် ပိုမို သင့်လျော်ပါတယ်။သို့ပေမယ့်လဲ Burma Watch ရဲ့ handmade နာရီတွေက ပိုမို အနုစိတ်တယ်လို့ Charlie က ဆိုပါတယ်။
“ဈေးကွက်ထဲမှာ အခု လိုယှဉ်ပြိုင်မှုတွေရှိတာကောင်းပါတယ်။ ကျွန်တို့ဟာ တူညီတဲ့ product တစ်ခုထဲကို offer လုပ်နေတာမဟုတ်ဘူးဆိုတာကို customers တွေ မြင်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ နာရီဆိုပေမယ့် product တစ်ခုနဲ့တစ်ခုက မတူညီတဲ့ ဖန်တီးမှုပုံစံမျိုးစုံနဲ့ မြင်တွေ့ရမှာပါ။” လို့ Charlie က ဆိုပါတယ်။
Burma Watches နဲ့ Mandalay Watch Company တို့ရဲ့ Facebook page တွေမှာလဲ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
Translated by Ei Kay Khaing & May Myat Noe Chit