Advertisement

By Sithu Han

ဧပြီလ(၆)ရက်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် ကျင်းပမည့် အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနေရာ၊  ဒုဥက္ကဋ္ဌ နေရာများ ရွေးကောက်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်သည် အာရှဘောလုံးအဖွဲ့ချုပ်(AFC)၏ ဒုတိယဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခံခဲ့ရပါတယ်။

(၂၉)ကြိမ်မြောက် အာရှဘောလုံး အဖွဲ့ချုပ် ကွန်ဂရက်စ်နှင့် ရွေးကောက်ပွဲအဖြစ် ကျင်းပတဲ့ အဆိုပါအခမ်းအနား တွင် အာရှဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင်နိုင်ငံများမှ မြန်မာဘောလုံးအဖွဲ့ချုပ် (MFF)ဥက္ကဌဦးဇော်ဇော်ကို ထောက်ခံအားပေးခဲ့တာကြောင့် AFC ဒုတိယ ဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ကနဦးတွင် AFC ဒုတိယ ဥက္ကဋ္ဌနေရာ အတွက် အာဆီယံ ဘောလုံး အဖွဲ့ချုပ်မှ အဆိုပြုထားသူ (၃)ဦးရှိခဲ့ပြီး မလေးရှားဘောလုံးအဖွဲ့ချုပ်မှာ  နှုတ်ထွက်သွားခဲ့တာကြောင့် မြန်မာမှ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဗီယက်နမ်မှ Dr Tran Quoc Tuan တို့ နှစ်ဦးအနက် တစ်ဦးကို မဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါရာထူးကို ရွေးချယ်တင်မြှောက်ခံရပြီးနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်ဟာ မြန်မာ့ဘောလုံး သမိုင်းတလျောက် ပထမဦးဆုံး အာရှအဆင့်မြင့် ရာထူးတစ်ခုကို မြန်မာနိုင်ငံမှ ရယူနိုင်ခဲ့သူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ်(AFC) ဒုတိယဥက္ကဌဖြစ်လာတဲ့ ဦးဇော်ဇော်ဟာ လက်ရှိတာဝန်ယူထားတဲ့ အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) ဒုတိယဥက္ကဌရာထူးကို အခြားအာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်တစ်ဦးကို လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။

Photos: MFF

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here