Advertisement

လူတိုင်းမှာ ကိုယ်သဘောကျနှစ်သက်ရတဲ့ သမိုင်းထဲကနာမည်ကျော်ပုဂ္ဂိုလ်တစ်ယောက်ယောက်တော့ ရှိနေကြမှာပါ။ ပြီးတော့ ပန်းပုရုပ်နဲ့ ပန်းချီကားတွေထဲမှာပဲမြင်ဖူးတဲ့ အဲဒီလူတွေရဲ့ ပကတိရုပ်ရည်က ဘယ်လိုများရှိခဲ့မလဲဆိုတာကိုလည်း တစ်ခါတလေ တွေးတောပုံဖော်ကြည့်ဖူးကြမှာပါပဲ။ အခုအချိန်မှာတော့ အရင်က ခဲခဲယဉ်းယဉ်းပုံဖော်ကြည့်ခဲ့ရတဲ့ရုပ်သွင်ပြင်တွေကို Digital Face Reconstruction Technology ရဲ့အကူအညီကြောင့် ပီပီပြင်ပြင် မြင်တွေ့နိုင်လာပါပြီ။ ဒါပေမဲ့ DFR Technology နဲ့ဖန်တီးထားတဲ့ပုံတွေက ကိုယ့်ဘာသာစိတ်ကူးထဲမှာပုံဖော်ကြည့်ဖူးတာနဲ့ နည်းနည်းတော့ကွဲလွဲနေနိုင်ပါတယ်။

Jesus Christ

ခရစ်ယာန်ဘာသာအယူအရ ဘုရားသခင်ရဲ့ တမန်တော်ဖြစ်တဲ့ Jesus Christ ကို ရှည်လျားတဲ့အညိုရောင်ဆံပင်တွေနဲ့ အသားဖြူဖြူ အိန္ဒိယ-ဥရောပအနွယ်ဝင်အမျိုးသားတစ်ယောက်လို့ ယူဆထားကြပေမဲ့ CGI နည်းပညာနဲ့ ပုံဖော်ကြည့်မှုမှာတော့ အဲဒီလိုပုံပန်းသဏ္ဍာန်ပေါ်မလာခဲ့ပါဘူး။

CGI နည်းပညာနဲ့ ဖန်တီးတဲ့ပုံထဲမှာ Jesus ရဲ့မုတ်ဆိတ်ကျင်စွယ်တွေက ပုံမှန်အနေအထားထက်တိုနေပြီး AD 400 နောက်ပိုင်းမှရေးဆွဲတာဖြစ်တဲ့ ပန်းချီလက်ရာတွေမှာတော့ ပိုကြည့်ကောင်းအောင် မုတ်ဆိတ်ကျင်စွယ်တွေကို ခပ်ရှည်ရှည်ဆွဲခဲ့ဲကြပုံရပါတယ်။ Jesus ကို အရပ်အမြင့်က ၅ ပေနဲ့ ကိုယ်အလေးချိန် ပေါင် ၁၁၀ ရှိတဲ့လူတစ်ယောက်လို့လည်း ခန့်မှန်းထားကြပါတယ်။

King Tutankhamun

အီဂျစ်ဖာရိုဘုရင်တွေထဲမှာ လူသိအများဆုံးဖာရိုဘုရင်က Tutankhamun ဘုရင်လေးပါ။ 1334 B.C လောက်မှာ မွေးဖွားခဲ့တယ်လို့ ယူဆရတဲ့ အဲဒီဘုရင်လေးဟာ အသက် ၁၈ နှစ်အရွယ်မှာပဲကံကုန်ခဲ့တယ်လို့ သူ့မံမီရုပ်အလောင်းကိုလေ့လာသူတွေက ဆိုကြပါတယ်။ ကံမကုန်ခင်မှာ အီဂျစ်ပြည်ကို ၁၀ နှစ်လောက် အုပ်စိုးခဲ့ပြီး သမိုင်းတစ်လျှောက်အငယ်ရွယ်ဆုံးဘုရင်ဖြစ်ခဲ့သူပါ။

Tutankhamun ဘုရင်လေးရဲ့အကြောင်းကို မသိသူတွေကတော့ သူဟာ ချောမောခန့်ညားတဲ့လူငယ်တစ်ယောက်လို့ထင်မှတ်နေလောက်မှာပါ။ ဒါပေမဲ့ CGI နည်းပညာနဲ့ ပြန်ဖန်တီးတဲ့ပုံထဲမှာတော့ Tutankhamun ဟာ ရုပ်ရည်ချောမောသူမဟုတ်တဲ့အပြင် အမျိုးသမီးတစ်ယောက်လိုတင်ပါးဆုံမျိူးရှိတဲ့ ခြေတစ်ဘက်မသန်သူတစ်ယောက်သာဖြစ်နေပါတယ်။

Nefertiti

အီဂျစ်လူမျိုုးတွေဟာ အီဂျစ်ဖာရိုဘုရင် Akhenaten ရဲ့ကြင်ယာတော် Nefertiti ကို အလွန်အမင်းချစ်မြတ်နိုးကြပါတယ်။ ခင်ပွန်းသည်ကံကုန်ပြီးတဲ့နောက် King Tut မတိုင်ခင်ထိအီဂျစ်ကိုအုပ်စိုးခဲ့တဲ့ ဒီဘုရင်မကို သမိုင်းမှာအလှဆုံးဘုရင်မ လို့လည်း အီဂျစ်တွေကသတ်မှတ်ထားကြတာပါ။ Nefertiti ရဲ့ပန်းပုရုပ်နဲ့ ပန်းချီကားတွေက ဒီသတ်မှတ်မှု မလွန်ကြောင်းပြသနေသလို Nfertiti ရဲ့3D ပုံရိပ်မျက်နှာကလည်း သူဟာ ပြောစမှတ်တွင်တာထက် ပိုလှပနေတာကို ဖော်ပြနေခဲ့ပါတယ်။

Mary Queen of Scots

CGI Image

1542 မှာမွေးဖွားတဲ့ Mary Queen of Scots ကို Queen Mary I လို့လည်းသိကြပါတယ်။ သူ့ကိုမွေးဖွားပြီး ရက်အနည်းငယ်မှာပဲ သူ့ခမည်းတော်ကံကုန်သွားတာကြောင့် Scotland ထီးနန်းကို 1542 ကစပြီး အုပ်စိုးခဲ့ရသူပါ။ University of Dundee က သုတေသီတွေက ဦးခေါင်းခွံပုံကြမ်းနဲ့ ပန်းချီကားတွေကအချက်အလက်တွေသုံးပြီး Mary Queen of Scots ရဲ့အရွယ်ရောက်ပြီးရုပ်သွင်ကို 3D imaging နည်းပညာနဲ့ ပုံဖော်ကြည့်ခဲ့ကြပါတယ်။ ရရှိလာတဲ့ပုံမှာတော့ Scotland ဘုရင်မရဲ့မျက်နှာဟာ လမ်းသွားရင်းတွေ့ရတတ်တဲ့ သူလိုကိုယ်လိုရုပ်ရည်မျိုးသာရှိပြီး မှတ်မှတ်သားသားဖြစ်စရာ ထူးခြားမှုမရှိနေကြာင်းတွေ့ရပါတယ်။

Cleopatra

တကယ့် Cleopatra ရဲ့သွင်ပြင်ကိုတော့ Cleopatra ရုပ်ရှင်ထဲက Elizabeth Taylor ရဲ့ရုပ်သွင်ပြင်လိုပဲလို့ ထင်နေသူတွေများလောက်ပါတယ်။ ဒါပေမဲ့ အဲဒါက Hollywood ရုပ်ရှင်တစ်ကားမျှသာဖြစ်ပြီး အမှန်တရားတော့မဟုတ်နေပါဘူး။

သူ့ကိုယ်သူ သာမန်ထက်ထူးကဲလှပတယ်လို့ခံယူထားတဲ့ Cleopatra က သူဟာ အီဂျစ်နတ်ဘုရားမ Isis ဝင်စားသူလို့တောင် ထင်မှတ်ထားတာဖြစ်ပါတယ်။ ပြီးခဲတဲ့ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ pop culture icon တစ်ခုတောင်ဖြစ်ခဲ့ဖူးတဲ့ Cleopatra ရဲ့ ပကတိရုပ်အဆင်းက CGI ပုံထဲမှာတွေ့ရတဲ့အတိုင်း ဘာမှတော့ ထူးထူးခြားခြားမရှိနေပါဘူး။ ပုံတူပန်းချီ၊ ပန်းပုလက်ရာတွေထဲကရုပ်ရည်နဲ့ CGI ပုံရိပ်ကရုပ်ရည်ကြားမှာ သိသိသာသာကွဲပြားနေတာက Cleopatra ရဲ့ ပုံမှန်ထက်ပိုကြီးနေတဲ့ နှာခေါင်း ပါ။ နုှတ်ခမ်းနဲ့ တခြားသွင်ပြင်တွေမှာတော့ ကွာခြားမှုတစ်ခုတတလေရှိမနေပါဘူး။

William Shakespeare

စကားလုံးအသစ်ပေါင်း 1,700 ကျော်ကို တီထွင်ဖန်တီးခဲ့ပြီး လင်္ကာရှည်ပုဒ်ရေ 150 ကျော်နဲ့ Hamlet, Macbeth, Julius Caesar, န Romeo and Juliet စတဲ့နာမည်ကျော်ပြဇာတ်တွေအပါအဝင် ပြဇာတ် ၃၇ ပုဒ်ထိ ရေးသားဖွဲ့ဆိုခဲ့သူ ဟာ 1616 (သူ့ဇနီး Anne Hathaway နဲ့ တစ်နှစ်တည်း) မှာ ကွယ်လွန်ခဲ့ပါတယ်။

အခါခါမြင်ဖူးနေခဲ့ပြီးပန်းချီကားတွေထဲကသွင်ပြင်နဲ့ယှဉ်ရင် အတော်လေးကွာခြားနေတဲ့ ကမ္ဘာကျော်စာဆိုကြီး William Shakespeare ရဲ့ CGI ပုံကတော့ မြင်သူတိုင်းကိုအံ့သြမိသွားစေမှာပါ။ Shakespeare ဆိုရင်ပုခုံးထိရှည်လျားတဲ့အညိုရောင်ဆံခွေတွေကို နောက်လှန်တင်ထားတဲ့အမျိုးသားတစ်ယောက်ကိုပဲ လူအများစုက မျက်စိထဲမြင်မိတတ်ကြပါတယ်။ တချို့ပုံတူပန်းချီတွေထဲမှာ မုတ်ဆိတ်နဲ့ဖြစ်ပေမဲ့ တချို့မှာတော့ Shakespeare နုှတ်ခမ်းမွေးနဲ့မြင်ရတတ်ပါတယ်။ သူ့ပုံတူပန်းချီတွေထဲမှာ ဆံပင်မပါတဲ့ပုံ (သို့) ငွေရောင်ဆံပင်နဲ့ပုံမျိုးတွေ မတွေ့ရသလို သူ့ရဲ့ ပကတိဆံပင်အရောင်ကိုလည်း ဘယ်သူမှ အသေအချာမသိပါဘူး။

Ref: sciencesensei
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here