ဒီတစ်ပတ်ပိတ်ရက်အတွက်တော့ သတင်း၊ ဆောင်းပါးတွေနဲ့ ကွဲပြားတဲ့ရသတစ်မျိုးကို စာဖတ်သူတွေပြောင်းလဲခံစားရစေဖို့ ကမ္ဘာတစ်လွှားကထူးဆန်းထွေလာအချက်အလက်တချို့ကို ရှာဖွေစုစည်းဖော်ပြပေးလိုက်ပါတယ်။ စာဖတ်သူတွေ သိထားပြီးအချက်အလက်တချို့ပါကောင်းပါနေနိုင်ပေမဲ့ တချို့အချက်ေတွကတော့ လူသိနည်းတဲ့အကြောင်းတွေဖြစ်ေနနိုင်ေသးတာေကြာင့် ဖတ်ရှုလေ့လာကြည့်လိုက်ပါဦး။ အချက်အလက်တွေကို သက်ဆိုင်ရာပုံနဲ့ တွဲဖက်ဖော်ပြပေးထားလို့ ပုံတစ်ပုံချင်းစီမှာ လေ့လာကြည့်ရှုနိုင်ပါတယ်။

ဟန်ဂေရီဆေးသိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ Dr. Ignaz Philipp Semmelweis ဟာ လက်ဆေးခြင်းအေလ့အကျင့်က ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ကာကွယ်ေပးနိုင်ကြောင်းကို စတင်ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပါတယ်။ စစချင်းမှာ တခြားဆရာဝန်တွေက ဒီအယူအဆကို လက်မခံခဲ့ကြပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ သူရှာေဖွတွေ့ရှိတဲ့အယူအဆကိုလက်ခံလုပ်ေဆာင်လာကြတဲ့အတွက် လူ့အသက်ေပါင်းများစွာကို အဖတ်ဆယ်နိုင်ခဲ့ပါတယ်။

တချို့လူတွေမှာ သူတို့နိုးထလိုတဲ့အချိန်အတိအကျ နိုးထလာနိုင်တဲ့ ဇီဝနှိုးစက်နာရီ (Natural Alarming Clock) ရှိေနပြီး အဲဒီအခြေအနေက စိတ်ဖိစီးမှုဟော်မုန်းတစ်မျိုးကြောင့် ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။

ဆရာဝန်သုံးနားကြပ် (Stethoscope) ကိုတီထွင်ခဲ့သူက ပြင်သစ်လူမျိုး ဆေးပညာနဲ့ဂီတပညာရှင် Dr. Renè Laennec ပါ။ အမျိုးသမီးေတွရဲ့ရင်ဘတ်ပေါ်မှာနားကပ်ပြီး နှလုံးခုန်သံကိုနားထောင်ရတာက သူ့ကိုစိတ်မသက်မသာဖြစ်ေစတာေကြာင့် Stethoscope ကို သူက တီထွင်ခဲ့တာဖြစ်ပါတယ်။

သင်္ချာပါရဂူဘွဲ့ရအမျိုးသမီးတစ်ဦးဟာ ခဲခြစ်ထီလက်မှတ်ေတွထုတ်လုပ်ရာမှာသုံးတဲ့ Algorithm ကိုတွက်ချက်ခန့်မှန်းကာ ထီ ၄ ကြိမ်ထိုးခဲ့ပြီး ၄ ကြိမ်လုံး ထီပေါက်ခဲ့ပါတယ်။

နာမည်ကျော်ဟောလိဝုဒ်သရုပ်ေဆာင် Natalie Portman ကို ထူးချွန်တဲ့ရုပ်ရှင်ကြယ်ပွင့်တစ်ဦးလို့ပဲ သင်ကမြင်နေရင်တော့ သင်မှားသွားပါလိမ့်မယ်။ သူက ၂၀၀၃ ခုနှစ်မှာ ဟားဗဒ်တက္ကသိုလ်ကနေ စိတ်ပညာနဲ့ဘွဲ့ရခဲ့ပြီး ဟီဘရူးဘာသာစကားကိုအထူးကျွမ်းကျင်တဲ့အပြင် ပြင်သစ်၊ ဂျပန်၊ ဂျာမန်နဲ့ အာရပ်ဘာသာစကားတွေကိုပါ သင်ယူတတ်မြောက်ထားတဲ့ ဉာဏ်ကြီးရှသ်တစ်ယောက်ပါ။ သူေရးတဲ့စာတမ်းတချို့ကလည်း Scientific Journal မှာ နှစ်ကြိမ်တိတိ ပုံနှိပ်ဖော်ပြခံရဖူးပြီး၂၀၀၆ ခုနှစ်တုန်းကလည်း သူက ကိုလံဘီယာနိုင်ငံမှာအကြမ်းဖက်မှုဝါဒနဲ့ အကြမ်းဖက်မှုတန်ပြန်ရေးဝါဒတွေအကြောင်းကို ဧည့်-ပို့ချသူအနေနဲ့ ပို့ချေပးခဲ့ဖူးပါတယ်။

NBA သမိုင်းတစ်လျှောက်မှာ အရပ်အမြင့်ဆုံးကစားသမားက အရပ်အမြင့် ၇ ပေ ၇ လက်မရှိ ဆူဒန်နိုင်ငံဖွားကစားသမား Manute Bol ပါ။ သူဟာ သူ့ဇနီးသည်နဲ့ လက်ဆက်ရဖို့အတွက် နွားအကောင် ၈၀ မင်္ဂလာကြေးပေးခဲ့ရတဲ့၊ ခြင်္သေ့တစ်ကောင်ကို လှံတစ်လက်တည်းနဲ့သတ်ပြခဲ့ဖူးတဲ့ တစ်ဦးတည်းသော NBA ကစားသမားလည်းဖြစ်ပါတယ်။

Stephen Wiltshire ဆိုတဲ့ Autism ရောဂါသည်ပန်းချီဆရာဟာ New York မြို့ကို ရဟတ်ယာဉ်ပေါ်ကနေ မိနစ်၂၀ လောက် ကြည့်ရှုပြီးတာနဲ့ သူမြင်ခဲ့တဲ့မြင်ကွင်းကို လုံးဝအတိအကျပန်းချီဆွဲပြနိုင်စွမ်းရှိပါတယ်။

အခုပုံပါအမျိုးသမီးကြီးဟာ ကလေးဘဝမှာ Spanish Flu ကပ်ရောဂါေဘးကိုကြုံေတွ့သိမီခဲ့ဖူးသူဖြစ်ပြီး အခုအချိန်မှာ သူက အသက် ၁၁၃ နှစ်ရှိေနပါပြီ။ လက်ရှိ COVID-19 ကပ်ရောဂါေဘးမှာလည်း သူက Coronavirus ကူးစက်ခံရပြီးပြန်နာလန်ထလာနိုင်တဲ့ ကမ္ဘာ့အသက်အကြီးဆုံးလူသားဖြစ်လာခဲ့ပါတယ်။

Dave MacPherson ဟာ Disneyland ရဲ့ ပထမဆုံးဦးဆုံးလာရောက်လည်ပတ်သူပါ။ ဒါ့ကြောင့် Disneyland တာဝန်ရှိသူတွေက သူ့ကို Lifetime Tiket တစ်စောင်ပေးအပ်ခဲ့ကြပြီး ၁၉၅၅ ခုနှစ်ကစလို့ နှစ်စဉ်နှစ်တိုင်းပဲ Dave က အဲဒီလက်မှတ်နဲ့ ပုံမှန်လာေရာက်လည်ပတ်ေလ့ရှိပါတယ်။

အသက် ၁၇ အရွယ်သာရှိသေးတဲ့ Avi Schiffmann ဟာ အခု COVID-19 Pandemic ကာလအတွင်းမှာ ကမ္ဘာ့အကြီးဆုံးသော COVID-19Tracking Website ကိုဖန်တီးခဲ့သူပါ။ သူ့ Website ကို လူသိများလာပြီးတဲ့နောက်ပိုင်း ကြော်ငြာထည့်သွင်းလိုသူေတွက $ ၈ သန်းနဲ့ ကမ်းလှမ်းလာခဲ့ကြေပမဲ့ သူကတော့ လုံးဝ လက်မခံခဲ့ပါဘူး။
Ref: DidYouKnow
Thiha