Advertisement

စာဖတ်သူရဲ့IQ ရမှတ်က ဘယ်လောက်ရှိနေလဲဆိုတာ စစ်ကြည့်ဖူးလား? များသောအားဖြင့် လူများစုရဲ့ IQ ရမှတ်က ၁၀၀ ဝန်းကျင်ရှိတတ်ပြီး ၁၄၀ နဲ့အထက်ရှိတဲ့သူကို Genius လို့သတ်မှတ်ကြပါတယ်။ George Washington (IQ 140), Mozart (IQ 153) Charles Darwin (IQ 153), Benjamin Franklin (IQ 160) Albert Einstein (IQ 160), Leonardo da Vinci (IQ 180) နဲ့ Sir Isaac Newton (IQ 190 ဟုယူဆရ) တို့ကတော့ သမိုင်းတစ်လျှောက်မှာ IQ အကောင်းဆုံးလူသားတွေပါ။ ဒါပေမဲ့ သူတို့ထက် ပိုကောင်းတယ်လို့ သတ်မှတ်ခံထားရသူတစ်ယောက်ရှိနေပါတယ်။ သူကတော့ သင်္ချာနဲ့ ဘာသာဗေဒမှာ ထူးခြားတဲ့ ပါရမီနဲ့ စွမ်းရည်တွေရှိသူပါ။

အရွယ်နဲ့မလိုက်တဲ့စွမ်းရည်ပိုင်ရှင် က အသက် ၈ လမှတင်ာ အစားအစာတွေကို ကိုယ်တိုင် ဇွန်းနဲ့ခပ်စားတတ်ပြီး ပုခက်မှာဆွဲထားတဲ့ သစ်သားတုံးလေးတွေပေါ်က အက္ခရာတွေကိုလည်း စဖတ်တတ်ခဲ့ပါတယ်။ အသက် ၁ နှစ်အရွယ်ရောက်ချိန်မှာတော့ စာလုံးတွေကို စပြီးပေါင်းဖတ်တတ်လာခဲ့ပါတယ်။

အသက် ၆ နှစ်မှာ Russian, French, German, Hebrew, Turkish နဲ့ Armenian ဘာသာစကားတွေကို လေ့လာသင်ယူတတ်မြောက်ခဲ့တဲ့အပြင် တစ်ရက်အတွင်းအလုံးစုံနားလည်တတ်မြောက်အောင်သင်ယူနိုင်တဲ့ Vendergood ဆိုတဲ့ ဘာသာစကားတစ်မျိုးကိုပါ သူကတီထွင်ခဲ့ပါသေးတယ်။ သူတတ်မြောက်ထားတဲ့ ဘာသာစကားတစ်မျိုးကနေတစ်မျိုးကိုလည်း ချက်ချင်းဘာသာပြန်နိုင်စွမ်းရှိတယ်လို့ဆိုကြပါတယ်။ Harvard Medical School Anatomy Exam ကို အသက် ၇ နှစ်မှာဖြေဆိုအောင်မြင်ပြီး အသက် ၈ နှစ်ပြည့်ပြီးချိန်မှာ MIT Entrance Exam ကို ဖြေဆိုအောင်မြင်ခဲ့သူပါ။

ကိုးကွယ်ရာဘာသာတရားအားလုံးကိုလေ့လာပြီးတဲ့နောက်မှာတော့ Sidis က ဘာသာမဲ့တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Sidis ရဲ့အံ့ချီးလောက်တဲ့စွမ်းရည်တစ်မျိုးက သူဖတ်မှတ်ခဲ့သမျှအကြောင်းအရာတိုင်းကို အတိအကျမတ်မိနေနိုင်တဲ့စွမ်းရည် (photographic memory) ရှိတာပါ။

Harvard Mathematical Club မှာ Four-Dimensional Bodies အကြောင်းပို့ချချိန်မှာဆိုရင် Sidis ရဲ့အသက်က ၁၁ နှစ်သာသာပဲရှိပါသေးတယ်။ ဒါကို MITက Professor Daniel Comstock တွေ့ပြီးတဲ့အခါ Sidis ဟာ ရာစုနှစ်ရဲ့ အကြီးကျယ်ဆုံးသင်္ချာပညာရှင်ဖြစ်လာလိမ့်မယ် လို့တောင်ခန့်မှန်းပြောဆိုခဲ့ဖူးပါတယ်။ Sidis အသက် ၄ နှစ်ကနေ ၈ နှစ်ကြားအရွယ်မှာ Anatomy ဆိုင်ရာစာအုပ် ၂ အုပ်နဲ့ Astronomy ဆိုင်ရာစာအုပ် ၂ အုပ်ရေးသားခဲ့ပြီး နောက်ပိုင်းမှာလည်း စာအုပ်အမြောက်အမြားကို ကလောင်ခွဲများစွာနဲ့ရေးသားထုတ်ဝေခဲ့ပါတယ်။

၁၉၂၁ ခုနှစ်၊ အရှေ့ကမ်းရိုးတန်းဒေသကိုပြန်ပြောင်းရွှေ့လာပြီးနောက်ကာလတွေမှာတော့ Sidis က မထင်မရှားဘဝနဲ့ပဲနေထိုင်ခဲ့ပြီး July 17, 1944 မှာ ဦးနှောက်သွေးကြောပေါက်ဝေဒနာနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ရဲ့ IQ Test Result နဲ့ပတ်သက်လို့ မှတ်တမ်းမှတ်ရာအထင်အရှားမရှိခဲ့ပေမဲ့လည်း MIT Physics professor Daniel Frost Comstock နဲ့ American mathematician Norbert Wiener တို့လိုပုဂိုလ်တွေရဲ့ ပြောဆိုရေးသားမှုတွေအရ Sidis ကို လူသားသမိုင်းတစ်လျှောက် IQ အမြင့်ဆုံးလူသားအဖြစ် သိရှိသတ်မှတ်ထားကြဆဲပါ။

(ကိုယ့်ရဲ့ IQ,ရမှတ်ကိုသိလိုရင်တော့ https://iq-test.net/free-iq-test.html ကို သွားရောက်စစ်ကြည့်နိုင်ပါတယ်)

(Zawgyi)

စာဖတ္သူရဲ႕IQ ရမွတ္က ဘယ္ေလာက္ရွိေနလဲဆိုတာ စစ္ၾကည့္ဖူးလား? မ်ားေသာအားျဖင့္ လူမ်ားစုရဲ႕ IQ ရမွတ္က ၁၀၀ ဝန္းက်င္ရွိတတ္ၿပီး ၁၄၀ နဲ႔အထက္ရွိတဲ့သူကို Genius လို႔သတ္မွတ္ၾကပါတယ္။ George Washington (IQ 140), Mozart (IQ 153) Charles Darwin (IQ 153), Benjamin Franklin (IQ 160) Albert Einstein (IQ 160), Leonardo da Vinci (IQ 180) နဲ႔ Sir Isaac Newton (IQ 190 ဟုယူဆရ) တို႔ကေတာ့ သမိုင္းတစ္ေလွ်ာက္မွာ IQ အေကာင္းဆုံးလူသားေတြပါ။ ဒါေပမဲ့ သူတို႔ထက္ ပိုေကာင္းတယ္လို႔ သတ္မွတ္ခံထားရသူတစ္ေယာက္ရွိေနပါတယ္။ သူကေတာ့ သခ်ၤာနဲ႔ ဘာသာေဗဒမွာ ထူးျခားတဲ့ ပါရမီနဲ႔ စြမ္းရည္ေတြရွိသူ ပါ။

အ႐ြယ္နဲ႔မလိုက္တဲ့စြမ္းရည္ပိုင္ရွင္ က အသက္ ၈ လမွာတင္ အစားအစာေတြကို ကိုယ္တိုင္ ဇြန္းနဲ႔ခပ္စားတတ္ၿပီး ပုခက္မွာဆြဲထားတဲ့ သစ္သားတုံးေလးေတြေပၚက အကၡရာေတြကိုလည္း စဖတ္တတ္ခဲ့ပါတယ္။ အသက္ ၁ ႏွစ္အ႐ြယ္ေရာက္ခ်ိန္မွာေတာ့ စာလုံးေတြကို စၿပီးေပါင္းဖတ္တတ္လာခဲ့ပါတယ္။

အသက္ ၆ ႏွစ္မွာ Russian, French, German, Hebrew, Turkish နဲ႔ Armenian ဘာသာစကားေတြကို ေလ့လာသင္ယူတတ္ေျမာက္ခဲ့တဲ့အျပင္ တစ္ရက္အတြင္းအလုံးစုံနားလည္တတ္ေျမာက္ေအာင္သင္ယူႏိုင္တဲ့ Vendergood ဆိုတဲ့ ဘာသာစကားတစ္မ်ိဳးကိုပါ သူကတီထြင္ခဲ့ပါေသးတယ္။ သူတတ္ေျမာက္ထားတဲ့ ဘာသာစကားတစ္မ်ိဳးကေနတစ္မ်ိဳးကိုလည္း ခ်က္ခ်င္းဘာသာျပန္ႏိုင္စြမ္းရွိတယ္လို႔ဆိုၾကပါတယ္။ Harvard Medical School Anatomy Exam ကို အသက္ ၇ ႏွစ္မွာေျဖဆိုေအာင္ျမင္ၿပီး အသက္ ၈ ႏွစ္ျပည့္ၿပီးခ်ိန္မွာ MIT Entrance Exam ကို ေျဖဆိုေအာင္ျမင္ခဲ့သူပါ။

ကိုးကြယ္ရာဘာသာတရားအားလုံးကိုေလ့လာၿပီးတဲ့ေနာက္မွာေတာ့ Sidis က ဘာသာမဲ့တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ Sidis ရဲ႕အံ့ခ်ီးေလာက္တဲ့စြမ္းရည္တစ္မ်ိဳးက သူဖတ္မွတ္ခဲ့သမွ်အေၾကာင္းအရာတိုင္းကို အတိအက်မတ္မိေနႏိုင္တဲ့စြမ္းရည္ (photographic memory) ရွိတာပါ။

Harvard Mathematical Club မွာ Four-Dimensional Bodies အေၾကာင္းပို႔ခ်ခ်ိန္မွာဆိုရင္ Sidis ရဲ႕အသက္က ၁၁ ႏွစ္သာသာပဲရွိပါေသးတယ္။ ဒါကို MITက Professor Daniel Comstock ေတြ႕ၿပီးတဲ့အခါ Sidis ဟာ ရာစုႏွစ္ရဲ႕ အႀကီးက်ယ္ဆုံးသခ်ၤာပညာရွင္ျဖစ္လာလိမ့္မယ္ လို႔ေတာင္ခန႔္မွန္းေျပာဆိုခဲ့ဖူးပါတယ္။ Sidis အသက္ ၄ ႏွစ္ကေန ၈ ႏွစ္ၾကားအ႐ြယ္မွာ Anatomy ဆိုင္ရာစာအုပ္ ၂ အုပ္နဲ႔ Astronomy ဆိုင္ရာစာအုပ္ ၂ အုပ္ေရးသားခဲ့ၿပီး ေနာက္ပိုင္းမွာလည္း စာအုပ္အေျမာက္အျမားကို ကေလာင္ခြဲမ်ားစြာနဲ႔ေရးသားထုတ္ေဝခဲ့ပါတယ္။

၁၉၂၁ ခုႏွစ္၊ အေရွ႕ကမ္း႐ိုးတန္းေဒသကိုျပန္ေျပာင္းေ႐ႊ႕လာၿပီးေနာက္ကာလေတြမွာေတာ့ Sidis က မထင္မရွားဘဝနဲ႔ပဲေနထိုင္ခဲ့ၿပီး July 17, 1944 မွာ ဦးေႏွာက္ေသြးေၾကာေပါက္ေဝဒနာနဲ႔ကြယ္လြန္သြားခဲ့ပါတယ္။ သူ႔ရဲ႕ IQ Test Result နဲ႔ပတ္သက္လို႔ မွတ္တမ္းမွတ္ရာအထင္အရွားမရွိခဲ့ေပမဲ့လည္း MIT Physics professor Daniel Frost Comstock နဲ႔ American mathematician Norbert Wiener တို႔လိုပုဂိုလ္ေတြရဲ႕ ေျပာဆိုေရးသားမႈေတြအရ Sidis ကို လူသားသမိုင္းတစ္ေလွ်ာက္ IQ အျမင့္ဆုံးလူသားအျဖစ္ သိရွိသတ္မွတ္ထားၾကဆဲပါ။

(ကိုယ့္ရဲ႕ IQ,ရမွတ္ကိုသိလိုရင္ေတာ့ https://iq-test.net/free-iq-test.html ကို သြားေရာက္စစ္ၾကည့္ႏိုင္ပါတယ္)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here