Advertisement

ဒီတစ်ပတ်အတွက်တော့ ထူးဆန်းထွေလာအချက်အလက် ၁၂ ခုကို ရှာဖွေစုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။ စာဖတ်သူတွေ သိထားပြီးအချက်အလက်တချို့တော့ ပါကောင်းပါနေနိုင်ပေမဲ့ တချို့ကတော့ လူသိနည်းသေးတဲ့အကြောင်းတွေဖြစ်နေနိုင်လို့ ဖတ်ရှုလေ့လာကြည့်စေချင်ပါတယ်။

ရေကူးကန်ထဲမှာရေကူးပြီးရင် မျက်စိတွေနီလာတာဟာ ကလိုရင်းကြောင့်မဟုတ်ဘဲ မသိမသာပေါက်ထည့်သွားဦကတဲ့ရှုရှုးကြောင့်သာဖြစ်ပါသတဲ့။

မော်စီတုန်းရဲ့ပယောဂကြောင့်သေဆုံးခဲ့ရသူဦးရေဟာ ဟစ်တလာသုတ်သင်မှုကြောင့်သေဆုံးရသူဦးရေထက် ၄ ဆခွဲလောက် ပိုများပါတယ်။

အမျိုးသမီးတွေဟာ သူတို့ရဲ့သက်တမ်းတစ်လျှောက်မှာ မှန်ကြည့်ဖို့အတွက်ချည်း အချိန် (၂) နှစ်လောက် အသုံးပြုတတ်ကြပါတယ်။

အမေရိကန်သမ္မတဟောင်း သောမတ်စ်ဂျက်ဖာဆင်ဟာ ကိန်းကြီးခန်းကြီးလုပ်တာကိုသဘောမတွေ့ မနှစ်သက်သူဖြစ်ပြီး နိုင်ငံရပ်ခြားကဧည့်သည်တော်တွေကိုတောင် ညအိပ်ဝတ်စုံနဲ့ပဲ တွေ့ဆုံတတ်ပါတယ်။

ကိုယ်တကယ်ချစ်ခင်မြတ်နိုးတဲ့သူနဲ့အတူ အိပ်စက်ရရင် စိတ်ဖိစီးမှုတွေလျော့ကျပြီး မြန်မြန်အိပ်မောကျနိုင်တဲ့အပြင် အသက်ကိုလည်းပိုရှည်စေပါတယ်။

ကမ္ဘာ့လူဦးရေရဲ့သုံးပုံ ပုံ နှစ်ပုံလောက်ဟာ နှင်း ကို အမှန်တကယ်မမြင်ဖူးကြပါဘူး။

အမျိုးသမီးအချို့မှာ သန်းနဲ့ချီတဲ့အရောင်ကွဲတွေကိုမြင်နိုင်စွမ်းတဲ့ မျိုးရိုးဗီဇပြောင်းလဲမှုရှိနေပါတယ်။

နယူတန်ဟာ အသက် (၂၃) နှစ်အရွယ်မှာပဲ မြေဆွဲအားဆိုင်ရာနိယာမကိုဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

လူသားရဲ့ဦးနှောက်က လုံးဝသတိမပြုဘဲမနေနိုင်တဲ့အရာ (၃) မျိုးရှိပါတယ်။ အဲဒါတွေကတော့ အစားအစာ၊ ဆွဲဆောင်မှုတစ်စုံတရာရှိ‌နေတဲ့သူနဲ့ ဘေးအန္တရာယ် တို့ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ အစာလုံးဝမစားဘဲနေရင်တောင် ရက်သတ္တပတ်နဲ့ချီအသက်ရှင်နေနိုင်ပေမဲ့ မအိပ်ဘဲနေမယ်ဆိုရင်တော့ (၁၁) ရက်လောက်ပဲ အသက်ရှင်နိုင်မှာဖြစ်ပါတယ်။

အားပါးတရရယ်တတ်သူတွေဟာ အရယ်အပြုံးနည်းပါးသူတွေထက် ကျန်းမာရေးပိုကောင်းကြပါတယ်။

လူသားဦးနှောက်ရဲ့ သိုမှီးနိုင်မှုပမာဏက Wikipedia ထဲကအချက်အလက်ပမာဏထက် (၅) ဆလောက်ပိုများပါတယ်။

Ref: NeverStopLearning
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here