Advertisement

မြန်မာနိုင်ငံရဲ့နေရာဒေသအနှံ့အပြားမှာကျင်းပလေ့ရှိတဲ့ရိုးရာပွဲတော်တွေဟာ တခါတလေထင်မှတ်မထားရလောက်အောင် ခမ်းနားနေတတ်ပါတယ်။

နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကရိုးရာပွဲတော်တွေနဲ့ပတ်သက်ရင် အင်းလေးဖော်တော်ဦးဘုရားပွဲတို့ ရွှေတိဂုံဘုရားကသီတင်းကျွတ်ဆီမီးထွန်းပွဲတော်တို့နဲ့ ရင်းနှီးပြီးဖြစ်ပါတယ်။ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကိုလည်းအနည်းဆုံးတခေါက်လောက်တော့ သွားရောက်ကြည့်ရှုလေ့ရှိကြတယ်။ အင်းလေးကန်ထဲမှာ လူအယောက် ၁၀၀ လောက်လှေကိုခြေနဲ့လှော်တာ၊ ရွှေတိဂုံဘုရားကိုဆီမီးတထောင်နဲ့ပူဇော်တာ၊ မီးပုံးပျံနဲ့မီးရှူးမီးပန်းတွေပေါက်ကွဲတာတွေကို ရင်သပ်ရှုမောခံစားလေ့ရှိကြပါတယ်။

ဒီအထဲမှာလူတော်တော်များများမျက်စိသျှမ်းလေ့ရှိတဲ့ပွဲတော်ကတော့ သဲပုံစေတီပွဲတော်ပါ။ တပေါင်းလ (မတ်လ) မှာစတင်ကျင်းပလေ့ရှိတဲ့ဒီပွဲတော်ဟာ ကဆုန်လ (မေလ) မှာနောက်တကြိမ်ကျင်းပလေ့ရှိပါတယ်။ အနောက်နိုင်ငံတွေမှာပျော်ပွဲရွှင်ပွဲတွေပြုလုပ်တဲ့အခါ အဆိုအကတွေပါသလိုပဲ သဲပုံစေတီပွဲတော်မှာလည်း စင်တင်ဖျော်ဖြေပွဲ၊ ရုပ်သေး၊ မျက်လှည့်နဲ့ ကြည့်ချင်ပွဲတွေပါလေ့ရှိစမြဲပါ။

မန္တလေးကသဲစေတီ

Inwa – Kyaw Zaw Lay

သဲပုံစေတီပွဲတော်ကိုနောက်ကြောင်းပြန်ကြည့်မယ်ဆိုရင် အင်းဝဘုရင်ဆင်ဖြူရှင်လက်ထက်ကမြစ်ဖျားခံခဲ့တာ တွေ့ရပါလိမ့်မယ်။ ဆင်ဖြူရှင်မင်းဟာ ဆိုင်ယမ် (အခု ထိုင်းနိုင်ငံ) ကို ၁၇၆၀ ဝန်းကျင်မှာစစ်တိုက်အောင်မြင်ခဲ့ပြီး ထိုင်းတော်ဝင်မိသားစုကိုအင်းဝသို့ခေါ်ဆောင်လာခဲ့တယ်။
ထိုင်းဘုရင်ရဲ့အမျိုးအနွယ်တွေဟာသူတို့ရဲ့ဓလေ့ထုံးစံတွေကို အင်းဝမှာဆက်လက်ကျင့်သုံးကြတာမို့ ယဉ်ကျေးမှု ၂ခုကြားကူးလူးဆက်နွယ်မှုတွေရှိခဲ့ပါတယ်။ အဲ့ဒီထဲသဲပုံစေတီပွဲတော်ကလည်းတခုအပါအဝင်ပါပဲ။ ဆိုင်ယမ်မှာ နွေဦးကာလရောက်ရင်မြစ်ချောင်းအင်းအိုင်တွေမှာရေတွေလျော့နည်းသွားပြီး သောင်ထွန်းလေ့ရှိပါတယ်။ ဆိုင်ယမ်ကပြည်သူတွေဟာမြစ်ကမ်းလေးမှာသဲတွေနဲ့စေတီဆောက်ပြီး ဗုဒ္ဓမြတ်စွာကိုရည်မှန်းပူဇော်ကြပါတယ်။

တပေါင်းလပြည့်နေ့ကျော်တဲ့အခါ သဲပုံစေတီမှာစိုက်ထားတဲ့ထီးတော်ကိုဖြုတ်လိုက်ပါတယ်။ ကဆုန်လဆန်း ၈ရက်ဆို သဲပုံပေါ်ရေဖြန်းပြီးဖြိုလိုက်ပါတယ်။ ၁၃ရက်နေ့ကျရင်တရက်အတွင်း သဲပုံစေတီတွေပြန်ဆောက်ပြီးပူဇော်ကြတယ်။

တရက်အတွင်းပုလဲငွေရောင်၊ ရဟတ်၊ မင်းသားစုရပ်ကွက်တွေကသဲပုံစေတီအားလုံးကိုတရက်အတွင်း ပြန်တည်ဆောက်ရတယ်ဆိုတာ ပြောသလောက်မလွယ်ပါဘူး။ စေတီရဲ့အောက်ခြေကို ဝါးလုံးတွေနဲ့ထောက်ကန်ထားပြီး အပေါ်ကနေသဲနဲ့တည်ဆောက်ကြပါတယ်။ ဧည့်သည်တွေကတော့ သဲပုံစေတီပြီးတဲ့နေ့ကျမှလာရောက်ဖူးမျှော်ရင်းလှူဖွယ်ပစ္စည်းတွေကပ်လှူလေ့ရှိတယ်။ မုန့်တီသုပ်ကနေ သဲပုံစေတီပွဲတော်အထိ မန္တလေးမှာထိုင်းရိုးရာဓလေ့တွေကိုမြင်နေရဆဲပါ။

ရခိုင်နဲ့ပုဂံမှာ…

Bagan- Zaw Zaw Wai Sinphyukyun

ကုလားတန်မြစ်နဲ့ဧရာဝတီမြစ်ကြောင်းတလျှောက်မှာလည်း နွေရာသီဆိုရင် သဲပုံစေတီတွေကို ဖူးတွေ့နိုင်ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ သျှစ်သောင်းမြောက်ပွဲတော်လို့ခေါ်ကြပြီး လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းက ရခိုင်ဘုရင်တွေကျင်းပခဲ့တာပါ။ နှစ်စဉ်တပေါင်းလပြည့်နေ့မှာကျင်းပကြပြီး မင်္ဂလာနှစ်သစ်ဖြစ်ဖို့အတွက် ဆုတောင်းကြတယ်။
သဲပုံစေတီတွေကိုမြစ်ကမ်းဘေးမှာထားထားလေ့ရှိကြပြီး မိုးရာသီရောက်တော့မှဒီရေနဲ့အတူ မြစ်ထဲပါသွားလေ့ရှိပါတယ်။

ယနေ့ခေတ်ရေစီး

Ayeyarwaddy River – Sampan Travel

သဲပုံစေတီတွေကိုတည်ဆောက်ရတာအင်မတန်လက်ဝင်တဲ့အလုပ်ဖြစ်ပြီး တခါတလေအဆင့် ၅ဆင့်မြင့်တဲ့အထိ ဆောက်ကြပါတယ်။ မန္တလေးမှာတော့ဒီယဉ်ကျေးမှုစတင်ထွန်းကားတဲ့အချိန်မှာ ထိုင်းတော်ဝင်မိသားစုတွေယူလာတဲ့ဆိုင်ယမ်ကသဲနဲ့ မြန်မာ့သဲကိုစုပေါင်းတည်ဆောက်ကြပါတယ်။ အခုခေတ်မှာစေတီတွေတာရှည်ခံစေဖို့ သဲတွေကိုစေးသွားအောင်ဆီနဲ့နယ်ပြီးဆောက်ကြတယ်။

ဒါပေမယ့်လည်းသဲပုံစေတီတည်ဆောက်တဲ့အနုပညာဟာတဖြည်းဖြည်းတိမ်ကောလာပါပြီ။ အခုလက်ရှိပညာရှင်တွေဟာရှေးကဆရာကြီးတွေလောက်လက်ရာမမြောက်ကြဘူးလို့တချို့ကဆိုတယ်။ နိုင်ငံတကာကယဉ်ကျေးမှုတွေအဆက်မပြတ်စိမ့်ဝင်လာတဲ့အတွက် မြန်မာ့ယဉ်ကျေးမှုတွေကိုလူစိတ်ဝင်စားမှုလျော့ကျလာတယ်။

သင်ကောသဲပုံစေတီပွဲတော်ကိုကြုံဖူးပြီးပြီလား။ မကြုံဖူးသေးဘူးဆိုရင်ဗုဒ္ဓဘာသာဝင်တို့အလေးအမြတ်ထားရာ ဒီပွဲတော်ကိုတခါတခေါက်တော့သွားရောက်လည်ပတ်ကြည့်ရှုစေလိုပါတယ်။

Sampan Travel ခရီးသွားကုမ္ပဏီ၏မန်နေးဂျင်းဒါရိုက်တာ Bertie Alexander Lawson ရေးသားသော Pagodas of Sand ဆောင်းပါးအားမြန်မာဘာသာဖြင့်ပြန်ဆိုဖော်ခြင်းဖြစ်ပါသည်။ Sampan Travel ဟာမြန်မာနိုင်ငံအနှံ့အပြားမှာ customer တွေစိတ်တိုင်းကျခရီးစဉ်တွေကိုစီစဉ်ပေးနေတဲ့ကုမ္ပဏီပါ။ Cover photo ကိုတော့ ဇော်ဇော်ေ၀ (ဆင်ဖြူကျွန်း) ကရိုက်ကူးထားတာပါ။

ZAWGYI

ျမန္မာႏိုင္ငံရဲ႕ေနရာေဒသအႏွံ႔အျပားမွာက်င္းပေလ့ရွိတဲ့ရိုးရာပြဲေတာ္ေတြဟာ တခါတေလထင္မွတ္မထားရေလာက္ေအာင္ ခမ္းနားေနတတ္ပါတယ္။

ႏိုင္ငံျခားသားခရီးသြားေတြအေနနဲ႔ ျမန္မာႏိုင္ငံကရိုးရာပြဲေတာ္ေတြနဲဲ႔ပတ္သက္ရင္ အင္းေလးေဖာ္ေတာ္ဦးဘုရားပြဲတုိ႔ ေရႊတိဂံုဘုရားကသီတင္းကၽြတ္ဆီမီးထြန္းပြဲေတာ္တုိ႔နဲ႔ ရင္းႏွီးျပီးျဖစ္ပါတယ္။ ေတာင္ၾကီးတန္ေဆာင္တုိင္မီးပံုးပ်ံပြဲေတာ္ကိုလည္းအနည္းဆံုးတေခါက္ေလာက္ေတာ့ သြားေရာက္ၾကည့္ရႈေလ့ရွိၾကတယ္။ အင္းေလးကန္ထဲမွာ လူအေယာက္ ၁၀၀ ေလာက္ေလွကိုေျခနဲ႔ေလွာ္တာ၊ ေရႊတိဂံုဘုရားကိုဆီမီးတေထာင္နဲ႔ပူေဇာ္တာ၊ မီးပံုးပ်ံနဲ႔မီးရွဴးမီးပန္းေတြေပါက္ကြဲတာေတြကို ရင္သပ္ရႈေမာခံစားေလ့ရွိၾကပါတယ္။

ဒီအထဲမွာလူေတာ္ေတာ္မ်ားမ်ားမ်က္စိသွ်မ္းေလ့ရွိတဲ့ပြဲေတာ္ကေတာ့ သဲပံုေစတီပြဲေတာ္ပါ။ တေပါင္းလ (မတ္လ) မွာစတင္က်င္းပေလ့ရွိတဲ့ဒီပြဲေတာ္ဟာ ကဆုန္လ (ေမလ) မွာေနာက္တၾကိမ္က်င္းပေလ့ရွိပါတယ္။ အေနာက္ႏုိင္ငံေတြမွာေပ်ာ္ပြဲရႊင္ပြဲေတြျပဳလုပ္တဲ့အခါ အဆိုအကေတြပါသလိုပဲ သဲပံုေစတီပြဲေတာ္မွာလည္း စင္တင္ေဖ်ာ္ေျဖပြဲ၊ ရုပ္ေသး၊ မ်က္လွည့္နဲ႔ ၾကည့္ခ်င္ပြဲေတြပါေလ့ရွိစျမဲပါ။

မႏၱေလးကသဲေစတီ

Inwa – Kyaw Zaw Lay

သဲပံုေစတီပြဲေတာ္ကိုေနာက္ေၾကာင္းျပန္ၾကည့္မယ္ဆိုရင္ အင္း၀ဘုရင္ဆင္ျဖဴရွင္လက္ထက္ကျမစ္ဖ်ားခံခဲ့တာ ေတြ႔ရပါလိမ့္မယ္။ ဆင္ျဖဴရွင္မင္းဟာ ဆိုင္ယမ္ (အခု ထိုင္းႏိုင္ငံ) ကို ၁၇၆၀ ၀န္းက်င္မွာစစ္တိုက္ေအာင္ျမင္ခဲ့ျပီး ထိုင္းေတာ္၀င္မိသားစုကိုအင္း၀သို႔ေခၚေဆာင္လာခဲ့တယ္။
ထိုင္းဘုရင္ရဲ႕အမ်ိဳးအႏြယ္ေတြဟာသူတို႔ရဲ႕ဓေလ့ထံုးစံေတြကို အင္း၀မွာဆက္လက္က်င့္သံုးၾကတာမို႔ ယဥ္ေက်းမႈ ၂ခုၾကားကူးလူးဆက္ႏြယ္မႈေတြရွိခဲ့ပါတယ္။ အဲ့ဒီထဲသဲပံုေစတီပြဲေတာ္ကလည္းတခုအပါအ၀င္ပါပဲ။ ဆိုင္ယမ္မွာ ေႏြဦးကာလေရာက္ရင္ျမစ္ေခ်ာင္းအင္းအိုင္ေတြမွာေရေတြေလ်ာ့နည္းသြားျပီး ေသာင္ထြန္းေလ့ရွိပါတယ္။ ဆိုင္ယမ္ကျပည္သူေတြဟာျမစ္ကမ္းေလးမွာသဲေတြနဲ႔ေစတီေဆာက္ျပီး ဗုဒၶျမတ္စြာကိုရည္မွန္းပူေဇာ္ၾကပါတယ္။

တေပါင္းလျပည့္ေန႔ေက်ာ္တဲ့အခါ သဲပံုေစတီမွာစိုက္ထားတဲ့ထီးေတာ္ကိုျဖဳတ္လိုက္ပါတယ္။ ကဆုန္လဆန္း ၈ရက္ဆို သဲပံုေပၚေရျဖန္းျပီးျဖိဳလိုက္ပါတယ္။ ၁၃ရက္ေန႔က်ရင္တရက္အတြင္း သဲပံုေစတီေတြျပန္ေဆာက္ျပီးပူေဇာ္ၾကတယ္။

တရက္အတြင္းပုလဲေငြေရာင္၊ ရဟတ္၊ မင္းသားစုရပ္ကြက္ေတြကသဲပံုေစတီအားလံုးကိုတရက္အတြင္း ျပန္တည္ေဆာက္ရတယ္ဆိုတာ ေျပာသေလာက္မလြယ္ပါဘူး။ ေစတီရဲ႕ေအာက္ေျခကို ၀ါးလံုးေတြနဲ႔ေထာက္ကန္ထားျပီး အေပၚကေနသဲနဲ႔တည္ေဆာက္ၾကပါတယ္။ ဧည့္သည္ေတြကေတာ့ သဲပံုေစတီျပီးတဲ့ေန႔က်မွလာေရာက္ဖူးေမွ်ာ္ရင္းလွဴဖြယ္ပစၥည္းေတြကပ္လွဴေလ့ရွိတယ္။
မုန္႔တီသုပ္ကေန သဲပံုေစတီပြဲေတာ္အထိ မႏၱေလးမွာထိုင္းရိုးရာဓေလ့ေတြကိုျမင္ေနရဆဲပါ။

ရခုိင္နဲ႔ပုဂံမွာ…

Bagan- Zaw Zaw Wai Sinphyukyun

ကုလားတန္ျမစ္နဲ႔ဧရာ၀တီျမစ္ေၾကာင္းတေလွ်ာက္မွာလည္း ေႏြရာသီဆိုရင္ သဲပံုေစတီေတြကို ဖူးေတြ႔ႏုိင္ပါတယ္။

ရခိုင္ျပည္နယ္မွာေတာ့ သွ်စ္ေသာင္းေျမာက္ပြဲေတာ္လို႔ေခၚၾကျပီး လြန္ခဲ့တဲ့ရာစုႏွစ္ေပါင္းမ်ားစြာကတည္းက ရခိုင္ဘုရင္ေတြက်င္းပခဲ့တာပါ။ ႏွစ္စဥ္တေပါင္းလျပည့္ေန႔မွာက်င္းပၾကျပီး မဂၤလာႏွစ္သစ္ျဖစ္ဖို႔အတြက္ ဆုေတာင္းၾကတယ္။
သဲပံုေစတီေတြကိုျမစ္ကမ္းေဘးမွာထားထားေလ့ရွိၾကျပီး မိုးရာသီေရာက္ေတာ့မွဒီေရနဲ႔အတူ ျမစ္ထဲပါသြားေလ့ရွိပါတယ္။

ယေန႔ေခတ္ေရစီး

Ayeyarwaddy River – Sampan Travel

သဲပံုေစတီေတြကိုတည္ေဆာက္ရတာအင္မတန္လက္၀င္တဲ့အလုပ္ျဖစ္ျပီး တခါတေလအဆင့္ ၅ဆင့္ျမင့္တဲ့အထိ ေဆာက္ၾကပါတယ္။ မႏၱေလးမွာေတာ့ဒီယဥ္ေက်းမႈစတင္ထြန္းကားတဲ့အခ်ိန္မွာ ထိုင္းေတာ္၀င္မိသားစုေတြယူလာတဲ့ဆိုင္ယမ္ကသဲနဲ႔ ျမန္မာ့သဲကိုစုေပါင္းတည္ေဆာက္ၾကပါတယ္။ အခုေခတ္မွာေစတီေတြတာရွည္ခံေစဖို႔ သဲေတြကိုေစးသြားေအာင္ဆီနဲ႔နယ္ျပီးေဆာက္ၾကတယ္။

ဒါေပမယ့္လည္းသဲပံုေစတီတည္ေဆာက္တဲ့အႏုပညာဟာတျဖည္းျဖည္းတိမ္ေကာလာပါျပီ။ အခုလက္ရွိပညာရွင္ေတြဟာေရွးကဆရာၾကီးေတြေလာက္လက္ရာမေျမာက္ၾကဘူးလို႔တခ်ိဳ႕ကဆိုတယ္။ ႏိုင္ငံတကာကယဥ္ေက်းမႈေတြအဆက္မျပတ္စိမ့္၀င္လာတဲ့အတြက္ ျမန္မာ့ယဥ္ေက်းမႈေတြကိုလူစိတ္၀င္စားမႈေလ်ာ့က်လာတယ္။

သင္ေကာသဲပံုေစတီပြဲေတာ္ကိုၾကံဳဖူးျပီးျပီလား။ မၾကံဳဖူးေသးဘူးဆိုရင္ဗုဒၶဘာသာ၀င္တို႔အေလးအျမတ္ထားရာ ဒီပြဲေတာ္ကိုတခါတေခါက္ေတာ့သြားေရာက္လည္ပတ္ၾကည့္ရႈေစလိုပါတယ္။

Sampan Travel ခရီးသြားကုမၸဏီ၏မန္ေနးဂ်င္းဒါရိုက္တာ Bertie Alexander Lawson ေရးသားေသာ Pagodas of Sand ေဆာင္းပါးအားျမန္မာဘာသာျဖင့္ျပန္ဆိုေဖာ္ျခင္းျဖစ္ပါသည္။ Sampan Travel ဟာျမန္မာႏိုင္ငံအႏွံ႔အျပားမွာ customer ေတြစိတ္တိုင္းက်ခရီးစဥ္ေတြကိုစီစဥ္ေပးေနတဲ့ကုမၸဏီပါ။ Cover photo ကိုေတာ့ ေဇာ္ေဇာ္ေ၀ (ဆင္ျဖဴကၽြန္း) ကရိုက္ကူးထားတာပါ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here